ရှာဖွေမယ်

03 September, 2012

သင့်ရဲ့အရေးကြီး folder ကို software မလိုဘဲ lock ချကြ၇အောင်


မင်္ဂလာပါ မိတ်ဆွေတို့.....
သင်တို့ရဲ့ အရေးကြီးတဲ့ data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေခြင်ဘဲဝှက်ထားခြင်ပေမယ့်
software မရှိလို့အခက်တွေ့နေပါသလား? ဘာ software မှ မလိုဘဲ သင့်ရဲ့ personal data file ကို lock ချလို့ရပါပြီ။(သိပြီးသောဆရာ့ ဆရာကြီးများမပါ)။
ကျွန်တော်အတတ်နိုင်ဆုံး ရှင်းအောင်းရေးသားပေးပါ့မယ်။အဆင်မပြေပါက ပြန်လည်မေးမြန်းနိုင်ပါတယ်။
အဆင့် ၁- desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် folder အသစ်တစ်ခုဆောက်ပါ။
အဆင့် ၂-ဆောက်ထားတဲ့ floder ကိုဖွင့်ပါ။ပြီးရင် အဲ folder အထဲမှာ notepad (တနည်းအားဖြင့်)text document တစ်ခုအသစ်ဆောက်ပါ။အဲဒီ note pad ထဲကို အောက်မှာပေးထားတဲ့ code တွေကိုကူးထည့်ပါ။
lock ချခြင်းအပိုင်း
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


အဆင့် ၃- ကူးထည့်ထားတဲ့ code တွေရဲ့ ၂၃ ကြောင်းမြောက်မှာ အနီရောင်နဲ့ကျွန်တော်ပြထားတဲ့ your password ဆိုတဲ့နေရာမှာ သင့်ပေးခြင်တဲ့ password ကိုအစားထိုးပါ။
အဆင့် ၄-ပြီးရင် mystore.bat ဆိုပြီး save ပါ။(mystore ဆိုတဲ့နေရာမှာသင်ပေးခြင်တဲ့အမည်ပေးလို့ရပါတယ်။ နောက်က .bat ဖြစ်ဖို့သာအရေးကြီးပါတယ် )။
အဆင့် ၅- အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ mystore ဆိုတဲ့ file တစ်ခုကိုတွေ့ရပါမယ်။အဲဖိုင်ကို double click ခေါက်လိုက်ပါ။
အဆင့် ၆-အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ Private ဆိုတဲ့ file နောက်တစ်ခုပေါ်လာပါမယ်။ အဲဒီ Private ဆိုတဲ့ file ထဲကို သင်ဝှက်ထားခြင်တဲ့ file ကိုထည့်လိုက်ပါ။ပြီးရင် အဲဒီ Privare file ကို ပြန်ပိတ်လိုက်ပါ။
အဆင့် ၇-ပြီးရင် စောစောက mystore ဆိုတဲ့ file ကို double click ပြန်ခေါက်လိုက်ပါ။
အဆင့် ၈-အဲအချိန်မှာ cmd command box လေးနဲ့ Are You sure want To Lock Folder<Y/N> ဆိုပြီး ပေါ်လာပါမယ်။ lock ချမှာသေချာတယ်ဆိုရင် Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။မသေချာသေးဘူးဆိုရင် N ကိုရိုက်ပြီး enter ခေါက်ပေါ့။(ခုတော့ Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါပြီ)။အဲအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ်။
အဆင့် ၉-သင့်ရဲ့ folder ကိုအောင်မြင်စွာ lock ချပြီးပါပြီ။
ပြန်ဖွင့်ခြင်းအပိုင်း
အဆင့် ၁-သင်သိမ်းထားတဲ့ folder ကိုဖွင့်ပြီး အထဲမှာရှိတဲ့ mystore ဆိုတဲ့ file ကို double click ခေါက်လိုက်ပါ။
အဆင့် ၂- cmd command box လေးနဲ့ enter password to unlock folder ဆိုပြီး တက်လာပါမယ်။ သင်ပေးထားတဲ့ password ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ သင့်ရဲ့ Private ဆိုတဲ့ folder ပြန်ပေါ်လာပါမယ်။
စကားချက်။ ။ဒီနည်းက လုံခြုံမှုရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ်။သင့်အတွက်အရေးကြီးတဲ့ data တွေသိမ်းမယ်ဆိုရင်တော့ဒီထက်ပိုလုံခြုံ တဲ့software တွေသုံးတာပိုကောင်းပါတယ်။ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီးသိမ်းတာအကောင်းဆုံးနည်းလမ်းပါပဲ။ အားလုံးပဲ data ပျောက်ဆုံးခြင်းမှကင်းဝေးကြပါစေ။

30 August, 2012

အချစ် ကွမ်းယာ


အချစ် ကွမ်းယာ
ငါမင်းကိုပေးတဲ့ အချစ်တစ်ခု
မင်းကတန်ဖိုးမထားခဲ့..
ငါပြောတဲ့ခံစားချက်ကို
korea ကားလောက်မင်းစိတ် မ၀င်စား...
ငါဆိုပြတဲ့အချစ်သီချင်းတစ်ပုဒ်က
Hip Hop တစ်ကြောင်းလောက် ရသမမြောက်ခဲ့...
ငါ့အပေါ်ထားတဲ့ မင်းသံယောဇဉ်
Tissue တစ်ရွက်လောက်မနူးညံ့ဘူး..
ဒါတွေကြောင့်လည်း ငါ့အပေါ်ထားတဲ့
မင်းရဲ့ချစ်စိတ် ကိုမုတ်ဆိတ် ရဲ့
နှပ်ဆေး တစ်ယာလောက်တောင်
ငါ့ကို မယစ်မူးစေပါဘူးကွာ...................

computer ပြူတင်းပေါက်ကိုခိုးဝင်နိုင်တဲ့ mr.kon boot ရဲ့အကြောင်း

window အမျိုးမျိုးကိုကျော်ဝင်နိုင်တဲ့နည်းအမျိုးမျိုးရှိပါတယ်။ဒါပေမယ့်သူတစ်ပါး computer ကိုကိုယ်သုံးထားတာမသိစေခြင်ရင်ဒီနည်းကအသင့်တော်ဆုံးပါလို့ပြောခြင်ပါတယ်။
Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ ကျွန်တော်ကသူများcomputerကိုခိုးဝင်နိုင်ဖို့နည်းပေးတာမဟုတ်ပါဘူးနော်။ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို မိတ်ဆွေတို့ကိုသိစေချင်တာပါ။သိပြီးသားဆိုရင်တော့မိတ်ဆွေရဲ့အချိန်ကုန်ခံပြီးဆက်မဖတ်ပါနဲ့တော့ပေါ့နော်။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။
Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password မတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။

အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7

ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်

Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97

ဘယ်လိုကာကွယ်မလဲ
သိထားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါ။
စကားချပ်
kon boot ဘယ်လိုသုံးလဲသိခြင်သလား?
ဘယ်လိုအလုပ်လုပ်လဲသိခြင်သလား?
ဘယ်မှာရနိုင်မလဲသိခြင်သလား?
လိုတိုင်းတရနိုင်တဲ့ google ကြီးထဲကို kon boot လို့ရိုက်လိုက်ရင်မိတ်ဆွေသိခြင်တဲ့ mr.kon boot အကြောင်းဖြေပေးမယ့်siteတွေ
အလုအယက်တတ်လာပါလိမ့်မယ်။
ရှာရမယ်ပျင်းတယ်ဆိုရင်တော့အောက်က link ကိုသာ click လိုက်
ငါအရမ်းပျင်းနေတယ်
ဒီနေရာကတော့kon bootကို mediafire မှာကျွန်တော်တင်ထားတဲ့နေရာပါ။အဲကနေလည်းယူနိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ။