ဝေးလံခေါင်ဖျားတဲ့ဒေသမှာနေထိုင်တဲ့ ချင်းလူမျိုးစုဝင်တစ်ချို့ဟာ နိုင်ငံကြီးဘာဖြစ်နေတယ်ဆိုတာမသိကြပါဘူး။သူတို့ရဲ့ အိမ်ခြေစုကျေးရွာလေးကသူတို့တိုင်းပြည်၊ဆယ်ဂဏန်းလောက်ရှိတဲ့အိမ်ခြေလေးနဲ့ဖွဲ့စည်းထားတဲ့သူတို့ကျေးရွာစုကိုသူတို့ကမ္ဘာဆိုပြီးမှတ်
ယူနေကြတယ်လို့ စာအုပ်တစ်အုပ်မှာဖတ်ဖူးပါတယ်။ဟုတ်ပါတယ် ရှေးယခင် ရှင်ဘုရင်တွေလက်ထက် ချင်းအမျိုးသမီးတွေဟာ ရှင်ဘုရင်တွေ တော်ကောက်မှာကြောက်လို့ အရွယ်ရောက်လာရင် ပါးမှာပါးမဲ(Tatto)ထိုးလာကြတာ ယနေ့အချိန်ထိပါပဲ။ဒါဟာ ရီုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတာ မှန်ပေမယ့် အကြီး ကြီးပြောရရင်လူ့အခွင့်ရေးတစ်ရပ် ဆုံးရှုံးနေရတာလို့ကျွန်တော်မြင်ပါတယ်။
လုံရူးပွဲတော် ဆိုတာ နွာနောက်တွေ သတ်ပြီး နတ်ကောင်းနတ်မြတ်တွေပူဇော်တဲ့ပွဲပါ။
အဲဒီပွဲတော်မှာ ကောက်ပဲသီးနှံတွေအထွက်ကောင်းအောင်ဆုတောင်းပြီး နတ်ကောင်းနတ်မြတ်တွေဆီက မျိုးစေ့တွေတောင်းခံတဲ့ပွဲပါ။
လုံရူးပွဲတော် ကိုယခင်က(၇)ရက်တိုင်တိုင် ကျင်းပခဲ့ပေမယ့်ယခုတော့(၃)ရက်သာကျင်းပနိုင်ကြပါတယ်။လုံရူး ပွဲတော်မှာ နွားနောက်တွေကို အနည်းဆုံး(၃-၄)ကောင်ကနေယခုဆို ဂုဏ်ပြိုင်ပြီး(၆-၉)အထိ သတ်ပြီးကျင်းပလာကြပါတယ်။အဲလိုအများကြီး သတ်နိုင်လေ သူတို့လူမျိုးတွေအကြား ပိုပြီးဂုဏ်ရှိလေဆိုပြီးယူဆထားကြပါတယ်။
အဲလို လုံရူးပွဲတော် ကျင်းပတဲ့သူဟာ ပွဲတော်ပြီးရင် မိမိရဲ့ အိမ်ခြံဝင်းထဲမှာ ခေါင်တိုင်(ကျွန်းတိုင်ကိုဆေးအမဲသုတ်ပြီး)ကိုစိုက်ထူခွင့်ရပါတယ်။တစ်ခါကျင်းပရင် တစ်တိုင်စိုက်ထူခွင့်ရပါတယ်။ပြီးတော့ပွဲတော် မှာသတ်ခဲ့တဲ့နွားနောက်ခေါင်းတွေကိုလည်း အိမ်ရှေ့ခန်း(ဧည့်ခန်း)ထဲမှာလဲ ကျက်သရေဆောင်ပစ္စည်းအဖြစ် ဂုဏ်ယူစွာချိတ်ဆွဲထားကြပါ။
ဧည့်ခံခြင်းကိုခံရပါတယ်။အဲလို ခေါင်ပွဲ တွေကိုကျင်းပထားတဲ့သူဟာ ဘာသာရေးပွဲ၊သာရေး၊နာရေး ပွဲတော်တွေကျင်းပတော့မယ်ဆိုရင်လည်း သူနဲ့ နီးစပ်တဲ့ဆွေမျိုးသားချင်း တွေကသူ့ကို နွားနောက်တွေ ကူပြီးပေးရပါတယ်။ချင်းလူမျိုးတွေရဲ့ပွဲတော်တွေ မှာ နွားနောက်တွေကမပါမဖြစ်ပါ။တစ်ချို့ ချင်းလူမျိုးတွေဟာ ကိုယ်တိုင်ပွဲတော် တွေမကျင်းပနိုင်တဲ့ အပြင် နီးစပ်ရာဆွေမျိုးသားချင်းတွေရဲ့ ပွဲတော်တွေမှာ အကူ(နွားနောက်)တွေပေးရင်းချာချာလည်
အောင်ဆင်းရဲလာကြပါတယ်။မရှိလဲ ဓလေ့ထုံးစံ အရ ရှာဖွေချေးငှားပြီး ပေးရပါတယ်။နောက်ပြီး သယံဇာတနည်းပါးပြီး၊စိုက်ပျိုးရေးတစ်ခုထဲကိုသာ အားထားနေရတဲ့ ချင်းလူမျိုးတွေဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ထင်သလောက် စီးပွားမဖြစ်ထွန်းကြပါဘူး။အိမ်ခြံဝင်းထဲမှာ အဖိုးလက်ထက်က(၆)တိုင် အဖေလက်ထက်(၉)တိုင် စိုက်ထူခဲ့တဲ့ခေါင်တိုင်တွေကို ကြည့်ပြီး ခေတ်ပညာတတ် ချင်းလူမျိုးကျေင်းဆရာတစ်ယောက်က "ဒီလိုတိုင်တွေအများကြီးစိုက်ထူနိုင်တဲ့
အိမ်တွေဒီဒေသမှာ အများကြီးမရှိပါဘူး။(၃)အိမ်ပဲရှိပါတယ်။
ကျွန်တော်ကတော့ ဒီတိုင်တွေကိုကြည့်ပြီးဂုဏ်မယူနိုင်တဲ့အမြင်တောင်က်သေးတယ်။အဲဒီတိုင်တွေကြောင့်ကျွန်တော်တို့စီးပွားရေးတွေကျဆင်းခဲ့ကြတယ်။
အဖိုးတို့၊အဖေတို့ ဟာ တစ်နှစ်ပတ်လုံးကုန်းရုံးလုပ်ပြီးရှာထားသမျှ အဲဒီတိုင်တွေစိုက်ဖို့ပွဲတော်ပေးတာနဲ့ ကုန်တာပဲလို့"ပြောခဲ့တာကိုကျွန်တော်သတင်းတစ်ပုဒ်မှာဖတ်ဖူးပါတယ်။ဟုတ်ပါတယ် တိုင်းရင်းသားတွေဟာ ရိုးရာပွဲတော်ကို ကျင်းပနိုင်ဖို့ တစ်နှစ်ပတ်လုံးကြိုးစားကြရပါတယ်။တစ်နှစ်နဲ့မရရင် (၂-၃)နှစ်ကြိုးစားစုကြရပါတယ်။အဲဒီလို စီးပွားရေးက အဆင်မပြေတဲ့
အကြား လူမျိုးစုတွေ အကြားဂုဏ်မငယ်အောင် ရိုးရာဓလေ့ပွဲတော် တွေကျင်းပ၇င်းနဲ့ တိုင်းရင်းသားတွေ ဟာ စီးပွားရေးကျဆင်းမှန်းမသိ
ကျဆင်းလာပြီး ဆင်းရဲမှုတွေကိုပိုမိုကြုံတွေ့လာရပါတယ်။တိုင်းရင်းသား ရိုးရာဓလေ့တွေကို ထိမ်းသိမ်းတာဟာ ကောင်းတဲ့အစဉ်အလာဖြစ် ပေမယ့် တစ်ဦးနဲ့တစ်ဦးဂုဏ်ပြိုင်ကျင်းပလာရင်တော့ မကောင်းတော့ပါဘူး။ဂုဏ်ပြိုင်မှုတွေမပါဘဲ ကိုယ့်တတ်နိုင်တဲ့ အချိန်မှာကျင်းပကြရင်တော့ အဖြေကတစ်မျိုးပြောင်းလဲသွားမယ်လို့ထင်ပါတယ်။
ကျွန်တော်ကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံတွေအဓွန့်ရှည်တည်တန့်ပြီးတိုင်းရင်းသား တို့ရဲ့ စီးပွားရေးအခြေအနေတွေလည်း ခေတ်နဲ့အညီတိုးတက်ကောင်းမွန်ပါစေလို့ ဆုတောင်းရင်.........