အော်.. 0000 နဲ့စပြီးနံပါတ်အပူးတွေနဲ့
ဖုန်းကိစ္စက ခုလောက် ဟိုးလေးတစ်ကျော် ကျော်ဖြစ်သွားလိမ့်မယ်လို့
ကျွန်တော်မထင်မိ..... အဲကိစ္စနဲ့ပတ်သတ်ပြီး ရုံးကလူတွေရော သူငယ်ချင်းမိတ်ဆွေ
တွေကပါ ဖုန်းဆက်ပြီး ဟုတ် မဟုတ် လှမ်းမေးကြတယ်..... ကျွန်တော်လဲ အရူးတွေပဲ ယုံတာလို့ပြန်ပြောလိုက်တယ်.....
ငါတို့နားကလူတစ်ယောက်ဆီ အဲနံပါတ်နဲ့ဝင်လာတယ် လို့
ပြောတဲ့သူငယ်ချင်းတစ်ယောက်ကိုလဲ အဲလူငါ့ဆီခေါ်ခဲ့လို့ပြောလိုက်တော့
တိတ်သွားတယ်..... တစ်စိတ်ကို တစ်အိတ်လုပ်တဲ့သူတွေနဲ့
လေသံကြားတရားဖမ်းနာတတ်တဲ့သူတွေကြောင့် ရိုးအပြီး ယုံလွယ်တဲ့
သူတွေအလိမ်ခံနေရတာပါ......
ရှင်းရှင်းပြောရရင် 00002333 ,
00004442 အစရှိတဲ့အဲလိုနံပါတ်တွေ က မြန်မာပြည်က
ဆက်သွယ်ရေးကွန်ယက်ထဲမှာမရှိပါဘူး ။ ဒါပေမယ့် ဆက်သွယ်မှုလမ်းကြောင်း (track)
တွေရှုပ်ထွေးသွားတဲ့အခါ အဲလိုနံပါတ်နဲ့ ဆင်တူတဲ့
နံပါတ်တွေဖြစ်သွားတတ်ပါတယ် ။ ဥပမာ -- ရန်ကုန်ကနေ မန္တလေးကို
ဖုန်းခေါ်တယ်ဆိုပါစို့ ။ သာမန် track အတိုင်းသာဆိုရင် ရန်ကုန် စတေရှင် ကနေ
Main စတေရှင်ကိုဝင်တယ် အဲကနေတစ်ဆင့် မန်းလေး စတေရှင် ရောက်ပြီး
လက်ခံမဲ့သူကိုရောက်ပါတယ်။ အဲလို သာမန် track အတိုင်းသာဆိုလျှင် ရန်ကုန်
code 01 ဟာပြောင်းမသွားပါဘူး။ အဲလိုမဟုတ်ဘဲ ရန်ကုန်စတေရှင် ကနေ Main
စတေရှင် ရောက်တော့ မန်းလေးကိုသွားမည့် track က Load တွေများနေခဲ့ရင်
လွတ်တဲ့ track တစ်ခုထဲဝင်ပြီး နီးစပ်ရာ စတေရှင်တစ်ခုကို
ပတ်သွားတတ်ပါတယ်။အဲကနေ မန်းလေး track ထဲပြန်ဝင်မယ်လုပ်တော့ load
ကများနေဆဲဆိုရင် နောက် track တစ်ခုအတိုင်း နောက် area
တစ်ခုထဲထပ်ပတ်သွားပါတယ်။ အဲလို track တွေအများကြီးပတ်ပြီး မှ မန္တလေး area
ထဲပြန်ဝင်သွားတဲ့အချိန်မှာ track လမ်းကြောင်းတွေ area တွေ
ရှုပ်ထွေးသွားတဲ့အတွက် ရန်ကုန် code 01 လို့မပေါ်တော့ဘဲ
ပေါ်ခြင်သလိုတွေပေါ်လာတတ်ပါတယ်။ unknown number ဆိုပြီးတော့လဲပေါ်တတ်ပါတယ်။
အဲလို ဖုန်းဝင်ခဲ့ရင်လဲ ကိုင်လိုက်ပါ ။မည်သည့်အန္တရာယ်မှမရှိပါ ။
များသောအားဖြင့် အဲလို track တွေရှုပ်သွားရင် လက်ခံမဲ့သူက
ဖုန်းကိုင်လိုက်တာနဲ့ ပြန်ကျသွားတတ်ပါတယ်........
ကျွန်တော် track လမ်းကြောင်းပုံကြမ်းလေးနဲ့ ရှင်းပြထားပါသည်
ကျွန်တော်လဲသင်ထားဖူးတာကိုပြန်ရေးခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ