ရှာဖွေမယ်

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

06 December, 2013

မြန်မာ့သမီးကောင်း

အို ...
မြန်မာ့သမီးငယ် ....
ဆံပင်ဆံသား ကေသာထက်မှာ နီကြောင်ကြားဖြူ ဆေးမကူပဲ
နဂိုမည်းနက် ပိတုန်းဆက်လေးနှင့် ပနံသင့်လိုက်ပါဘိကွယ် ..။

အို ...
မြန်မာ့သမီးငယ် ....
နဂိုနုနု ပါးပြင်ဖူးဖူးမှာ ....
ဆေးသားရောင်စုံ မိတ်ကပ်အလှ အပြုထားပဲ
မြန်မာ့ သနပ်ခါး ခပ်ပါးပါးလေးဖြင့် ကာရံသင့်လိုက်ပါဘိကွယ်။

အို ...
မြန်မာ့သမီးငယ် ...
အတို ၊အကွဲ ကူးစက်ယဉ်ကျေးမူ ၀တ်ဆင်မူကို မျက်ကွယ်ပြုလို့ 
ယဉ်ကျေးမူ ၀တ်စုံ ထဘီရင်ဖုံး အယဉ်ဆုံးလေးနှင့် အမြင်တင့်
လိုက်ပါဘိကွယ် ........................................................။

အို ...
မြန်မာ့သမီးငယ် ....
အနောက်တိုင်းယဉ်ကျေးမူ နှင့် ပေါ်လွင်မူကို လစ်လျှူရှု
မြန်မာ့ ယဉ်ကျေးမူကို အစဉ်အလာတစ်ခုဖြင့်ထိန်းခဲ့ .........။

အို ....
မြန်မာ့ သမီးငယ် ...
မြန်မာမူနှင့် အစဉ်နုနိုင်ပါစေ ........................................။
မြန်မာဓလေ့နှင့် အစဉ်မွေ့ နိုင်ပါစေ ................................။

(မြန်မာ့သမီးကောင်းတစ်ယောက်ရေးသားထားသေကဗျာအားပြန်လည်ဖော်ပြအပ်ပါသည်)

 

30 August, 2012

အချစ် ကွမ်းယာ


အချစ် ကွမ်းယာ
ငါမင်းကိုပေးတဲ့ အချစ်တစ်ခု
မင်းကတန်ဖိုးမထားခဲ့..
ငါပြောတဲ့ခံစားချက်ကို
korea ကားလောက်မင်းစိတ် မ၀င်စား...
ငါဆိုပြတဲ့အချစ်သီချင်းတစ်ပုဒ်က
Hip Hop တစ်ကြောင်းလောက် ရသမမြောက်ခဲ့...
ငါ့အပေါ်ထားတဲ့ မင်းသံယောဇဉ်
Tissue တစ်ရွက်လောက်မနူးညံ့ဘူး..
ဒါတွေကြောင့်လည်း ငါ့အပေါ်ထားတဲ့
မင်းရဲ့ချစ်စိတ် ကိုမုတ်ဆိတ် ရဲ့
နှပ်ဆေး တစ်ယာလောက်တောင်
ငါ့ကို မယစ်မူးစေပါဘူးကွာ...................

19 May, 2012

ကျောင်းသားပုံပြင်

ကျွန်တော်လွန်ခဲ့တဲ့ (၁၂-၁၃)နှစ်ခန့်လောက်တုန်းက ကဗျာတစ်ပုဒ် ဖတ်ဖူးပါတယ်။အခုကျွန်တော့်အဖြစ်နဲ့ အဲဒီကဗျာနဲ့သွားတိုက်ဆိုင်နေလို့ ကျွန်တော့်လိုမဖြစ်ရကြအောင် ဒီကဗျာလေးကို ဝေမျှလိုက်ပါတယ်။ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျောင်းသားပုံပြင် နွေ..... ရာသီကပူ လေပူကတိုက် ကိုယ်ကငိုက်ငိုက်.. မိုး... မိုးကအေးအေး လျှပ်ပြတ်ဝင်းဝင်း ကိုယ်မှေးစက်ရင်း.... ဆောင်း... တောင်လေကတိုက် ခြုံစောင်ကနွေး ကိုယ်လေကွေးကွေး... ဒီလိုနဲ့စာမေးကြီးရောက်လာတော..... ဆံပင်စုတ်ဖွား စာအုပ်ပုံကြား မျက်လုံးတွေပြူး လူလဲရူး.............။