ရှာဖွေမယ်

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

03 September, 2012

မိတ်ဆွေတို့အတွက် ဂဏန်းဗေဒင်

ကိုယ့်ရဲ့ မွေးနေ့ကို ချရေးလိုက်ပါ။ မွေးရက်နှင့်မွေးလသာလိုပါသည်။ခုနှစ်မလိုပါ။
ဥပမာ...မွေးရက် ၂၅ ရက်
မွေးလ + ၀၉ လ
---------
ပေါင်းခြင်း ၃ ၎
(အဆိုပါပေါင်းခြင်း ဂဏန်းနှစ်လုံးကိုပြန်ပေါင်းပါ)
ဥပမာ.. ၃+၄=၇
ဒါဆို (၇) ဂဏန်းသမားပေါ့။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ပြည့်ဂဏန်း ဥပမာ ၂+၈=၁၀ ဆိုရင်(၀ ဂဏန်းသမားပေါ့)။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ကျော်ဂဏန်း ဥပမာ ၂+၉=၁၁ ဆိုရင် အဲဒီ (၁၁) ဆိုတဲ့ဂဏန်းနှစ်လုံးကိုထပ်ပေါင်းပါ။ဥပမာ ၁+၁=၂ (၂ ဂဏန်းသမားပါ)

ကဲ အဲလိုပေါင်းပြီး သင့်ရဲ့ဂဏန်းကိုမှတ်ထားပြီး သင့်ဂဏန်းရဲ့ ဂုဏ်သတ္တိကိုအောက်မှာကြည့်လိုက်ရအောင်။

(၁)ဂဏန်းသမား
သင်သည်ထူးခြားသောဖြစ်၏ ။သို့သော အင်္ဂါဂြိုလ်ထဲရောက်နေသဖြင့် သင့်တွင် အတိုက်ခံကပေါများ၏။ယုတ်စွအဆုံး လေးဘေးက ဆိုက်ကားဆရာပင် သင့်ကိုဆိုက်ကားနဲ့
တိုက်ခြင်နေပါတယ်။(ဆိုက်ကားအကြွေးစီးလို့နေမှာ။)
ထို့သို့သော အင်္ဂါဂြိုလ် ထဲကလွတ်မြောက်ဖို့အတွက် ယတြာ- ဇင်ဘာဘွေ နိုင်ငံက ဇူးလူး လူမျိုးတွေမွေးထားတဲ့ ဇီးကွက် ရဲ့ ဇက်ပိုးကို ခပ် ဇက်ဇက်လေး လက်ဝါးဇောင်းနဲ့ ခုပ်းပေးလိုက်ပါ။အတိုက်အခံတွေပျောက်သွားပါလိမ့်မယ်။

(၂) ဂဏန်းသမား
သင်သည် အစွဲလမ်းကြီးသောသူဖြစ်၏။သင်အစွဲလမ်းကြီးသောလည်း သင့်ချစ်သူက သင့်ကိုသိပ်ဂရုစိုက်လိမ့်မည်မဟုတ်။သင့်ကိုတွေ့လျှင် ချွှဲနွဲ့ပြီး မတွေ့ရတော့ရင် ဒိုတာခုတ်ရင်း(သို့)ဘောလုံးပွဲ
ကြည့်ရင်း(သို့)မုန့်တွေအသားကုန်စား၇င်း(သို့)shopping ထွက်ရင်း(သို့) အလှပြင်ဆိုင်မှာဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် နဲ့ပျော်နေပါလိမ့်မည်။သင့်ကိုသတိရမည်မဟုတ်။
ယတြာ - ဒီတစ်ခါ သူနဲ့တွေ့ရင် သင်စီးထားတဲ့ဖိနပ်ကိုတယ်လီဖန်းလိုပါးမှာကပ်ပြီး"ဟေ့ဒီမှာ နင်ဘာတွေလုပ်နေတာလဲဆိုတာငါအကုန်သိတယ်နော်။ငါ့ကိုဘာမှတ်နေလဲ။နင့်လောက်တော့သနားတယ်" လို့ ပြောပြီး ဖိနပ်ကို kiss တစ်ချက်ပေးလိုက်ပါ။ပြီးရင် သင့်ချစ်သူရင်ခွင်ထဲတိုးဝင်ပြီး "ကြားလား" လို့မေးပြီး သူ့ကို kiss တစ်ချက်ပေးလိုက်ပါ။
ဒါဆို သင်တို့ဒီထက်မကအဆင်ပြေသွားပါလိမ့်မယ်။

(၃)ဂဏန်းသမား
သင်သည်(၃)ဆိုသည့်အတိုင်းတစ်ခါတစ်လေတွင် လည်မလိုလိုနဲ့ တော်တော် တုံး တတ်ပါ၏။၊ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်ပါတယ်။(ကိုးရီးယားထဲကလိုတော့မဟုတ်ပါ)။
သင်ချေးထားတာတွေကိုပြန်မဆပ်လို့ သင်ရယ် သင်ပိုက်ဆံချေးထားတဲ့သူရယ် သင်မိဘတွေရယ် လှပတဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ - အလွန်ထက်တဲ့ဓားမ တစ်လက်ကိုလက်ကကိုင်ပြီး သုံးဘီးကား(သို့)ဆိုက်တွဲ တစ်စီးကိုတားပြီး သုံးဘီးဆ၇ာကို ဓားသွေးကျောက်တစ်တုံး လက်ဆောက်ပေးလိုက်ပါ။သင့်ရဲ့အညံ့တွေ
ပိန်းကြာရွတ်ပေါ်ရေမတင်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

(၄) ဂဏန်းသမား
သင်သည်ပေါခြာခြာကြောင်တောင်တောင်လူဖြစ်လတ္တံ။ သင့်၏ ပေါခြာခြာ ပုံစံကြောင့် သင့်ကိုမည်သူမျှလေးစားလိမ့်မည်မဟုတ်။ယုတ်စွအဆုံး ရက်ကွက်ထဲက အမှိုက်ကောက်တဲ့ ကလေးတောင်လေးစားလိမ့်မည်မဟုတ်။
ယတြာ- ထမင်းစားလျှင် ခပ်ပေါ့ပေါ့ဟင်းကိုမစားဘဲ ခပ်လေးလေးစားပါ။ဥပမာ ဆားတစ်ထုတ်ကို (၃)ရက်နှုန်းနဲ့ (၁)လလောက်ခပ်လေးလေးစားပေးပါ။လမ်းထွက်ရင်လဲ ကျောပိုးအိတ်(သို့)လက်ကိုင်အိတ် ထဲကိုခပ်လေးလေး အုတ်နီခဲ လေးလုံးထည့်ပြီးမှထွက်ပါ။လူတွေအားလုံးသင့်ကို လေးစားသွားကြပါလိမ့်မယ်။

(၅) ဂဏန်းသမား
သင်သည်အလွန်ကြိုးစားတတ်သောသူဖြစ်၏။သို့သော်သင်ကြိုးစာလိုက်တိုင်းမှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေတတ်ပါလိမ့်မယ်။သင်ဘယ်လောက်ကြိုးစား ကြိုးစား နောက်ဆုံးတော့
ငါးဆယ် ရာခိုင်နှုန်းနဲ့အမြဲကျေနပ်နေရပါလိမ့်မယ်။
ယတြာ- ငါးသလောက်ပေါင်းစားပြီးငါးထပ်တိုက်ရဲ့ ၀ါရံတာကနေ "အောင်ပြီ" လို့ ငါးကြိမ်အော်လိုက်ပါ။အရာရာမှာပိုပြီးအောင်မြင်သွားပါလိမ့်မယ်။

(၆) ဂဏန်းသမား
သင်သည်ခြောက်သွေ့စွာအထီးကျန်နေသောသူဖြစ်၏။တစ်ယောက်ထဲနေရတာများလို့ စိတ်ခြောက်ခြားပြီး ကိုယ့်အရိပ်ကိုတောင်ပြန်ကြောက်နေတတ်ပါတယ်။
ယတြာ- ခြောက်မိုင် မှာနေတဲ့အခြောက်မကို ပန်းပွင့်ခြောက် ခြောက်ပွင့် နဲ့အတူ ခြိမ်းခြောက်စာတစ်စောင်ပို့လိုက်ပါ။သင်အားအင်တွေအလိုလိုရရှိလာပါလိမ့်မယ်။


(၇) ဂဏန်းသမား
သင်သည် အနှစ်မရှိဘဲ အခွံသာရှိသောသူဖြစ်၏။။ အခွန်မဆောင်နိုင်ဘဲ ဖွန်လဲကြောင်တတ်ပါသည်။
အရာရာတွင်လူတွေကသင့်ကိုပြီးပြည့်သူဟုထင်ထားသော်လည်းသင့်မှာ ဘာမှမရှိ ဗလာနတ္ထိ အခွံပဲရှိတတ်ပါတယ်။
အရာရာမှာပြည့်စုံသွားအောင်...ယတြာ- (၇)ရက်နေ့မနက်စောစော(၇)နာရီမှာ မြွေ(၇)ကောင်ရဲ့ အရေခွံ ကို လည်ပင်းမှာပတ်ပြီး (၇)လမ်းထိပ်မှာ Big Bag ရဲ့ ၇နာရီထိုးပြီးပြီ ဆိုတဲ့သီချင်းကိုအစအဆုံး(၇)ခေါက်အော်ဆိုလိုက်ပါ။အားလုံးပြည့်စုံသွားပါလိမ့်မယ်။

(၈) ဂဏန်းသမား
သင်သည်အလွန်ရှက်တတ်သောသူဖြစ်၏။သင်၏ပြင်းထန်သောရှက်ရွှံတတ်မှုကြောင့်လူတွေကြားထဲမှာပွဲမတိုးဘဲဖြစ်နေတတ်ပါတယ်။အဲဒီရှက်ရွှံတတ်မှုကြောင့်လဲသင်ဟာဘာမှမလုပ်ရဲဘဲအမြဲတမ်း
အခန်းထဲမှာအောင်းနေရတတ်ပါတယ်။
ရှက်ရွှံမှုနည်းပါးစေရန် ယတြာ-(၈)ပါးသီလစောင့်ပြီးနောက်တစ်နေ့မှာ ရှဉ့်(၈)ကောင်ဖမ်းပြီး သူတို့ခေါင်းကို ဥသျှစ်သီးနဲ့ သာသာလေးထုပြီး "shut up"လို့(၈)ကြိမ်ပြောလိုက်ပါ။အရှက်တရားနည်းပါးသွားပါလိမ့်မယ်။

(၉) ဂဏန်းသမား
အကောင်းဆုံးသောဂဏန်းပိုင်ရှင်ဖြစ်၏။သင်သည် ကိုယ့်အားကိုယ် ကိုး တတသောသူဖြစ်၏။သို့သော် ဒိထက်ပိုမိုကောင်မွန်စေရန်ယတြာခြေလိုက်ပါ။
ယတြာ- ည(၉)နာရီတိတိမှာအိပ်ပြီး နံနက်(၉)နာရီတိတိမှာ ကုန်းရုန်းထပြီး "ကုန်းက ကုန်းက" ဆိုပြီးစိတ်ပါလက်ပါဟစ်ကြွေးလိုက်ပါ။

(၀)ဂဏန်း

သင်သည်အရာရာတွင်ဘူကျနေတတ်ပြီး လာဘ်လာဘဲ ကင်းဝေးနေတတ်ပါတယ်။သင်ကိုလူအများကလဲ ဘူကောင်လို့သတ်မှတ်ထားပြီး သင်နှင့်မည်သည့်လုပ်ငန်းမှတွဲမလုပ်ခြင်ကြပါ။
သင့်ရဲ့ဘူကျမှုတွေ ပျောက်ဆုံး စေပြီး လူအများသင့်ကိုလက်တွဲစေရန် ယတြာ- ဘဲဥ ဆယ်လုံးကို ဆယ်မိနစ်အတွင်းကုန်အောင်စားပြီး ဆယ်ကြီးမြောက်မြို့ပတ်ရထားတွဲ ပေါ်လိုက်စီးပြီး ရထားဥသြ ဆွဲတိုင် သင်က "ဘူ" ဆိုပြီး ခပ်ကျယ်ကျယ်လေး လေလည်ပေးလိုက်ပါ။အားလုံး ok သွားပါလိမ့်မယ်။

(အားလုံးလိုအင်ဆန္ဒပြည့်ဝကြပါစေ)
စကားချပ်။ ။သင်တို့ရဲ့ ဂဏန်းတွေကိုမကောင်းတာတွေဟောမိလို့စိတ်တိုနေတယ်ဆိုရင် ဒီကောင်လေး ဆရာကြီး ဗေဒင်ကမှန်လိုက်တာလို့စိတ်ထဲတွေးပြီး ကျွန်တော့်ကို
ခွင့်လွှတ်ပေးကြပါလို့ ဆန္ဒပြုရင်း.................
နိုင်ငံကျော်ဆရာကြီးဇရက်နီရဲ့တပည့်
ဝေသာလီ ဆရာကြီး

12 August, 2012

မော်ဒန် သင်ပုန်းကြီး

ဘာရယ်တော့မဟုတ်ပါဘူး။ပျင်းလို့ငယ်ငယ်ကအကြောင်းလေးတွေပြန်သတိရမိလို့ရေးမိတာပါ။ ကျွန်တော်ရေးထားတဲ့စာတွေကိုဖတ်ပြီးမိတ်ဆွေတ တစ်ချက်လေးပြုံးရင်ပဲကျွန်တော်ကျေနပ်ပါတယ်ဗျာ။ မော်ဒန် သင်ပုန်းကြီး 
 က လုန်းအကြောက်ဆုံး (အတုဆိုဘာမှမကောင်း)
 ခ လုတ်တိုက်သတိငိုက်(အရာရာတိုင်းကိုသတိထားပါ)
 ဂ ဏန်းစွေကန်းကန်း(ဘုကလန့်လူနဲ့တူတယ်)
 င ထွေးရူးထန်းရည်မူး(ပုခံခေတ်ကသူရဲကောင်းပေါ့)
 စ ပုရိန်လိန်တိန်တိန်(ရှုံ့ချည်၊ဆန့်ချည်နဲ့အပြောင်းအလဲလွယ်တဲ့သူ)
 ဆ လံပြရပြန်(လောကကြီးရဲ့ဓမ္မတာအရ မပြုမဖြစ်အချက်)
 ဇ လုံကြီးအ၀တီး(အလွန်စားလို့ကောင်းတဲ့ထမင်းဆိုင်)
 ည ကမှောင်မှောင်ခွေးတွေဟောင်(သမီးရှင်များသတိထားရမည့်အချိန်) တ ယောအိုအသံချို(လိုခြင်တာရှိလို့ချစ်သူကောင်လေးကိုပူဆာတဲ့ကောင်မလေးအသံ)
 ထ ဘီရှားလေပြီ(ထဘီအစား စကပ်တိုများနေရာဝင်ယူလာသောအခါ) ဓ နုပြည်အလွန်စည်(သွားလည်ကြည့်ပါ) န နွင်းအရောင်ဝါကြောင်ကြောင်(သင့်မိန်းမကိုယ်ဆောင်ရင်ဆောင်ထားသင့်တဲ့အရာ)
ပ လုံ ပိုက်ဆံကုန်(၂/၃ လုံးထီသမားတွေလက်သုံးစကား)
ဖ ရိန်စောင်းကြည့်မကောင်း(အံဝင်ခွင်ကျမဟုတ်ရင်ဘယ်အရာမှမကောင်း)
ဗ လီတက်သံအလွန်ညံ(မြေနီကုန်းကသူတွေအသိဆုံးပါ)
ဘ ရာဇီယာဆိုဒ်စုံလာ(ကောင်မလေးတွေအသိဆုံးပါ)
 မ မုန်းနဲ့ဦးအချစ်ဆုံး(ရီးစားနဲ့ရန်ဖြစ်ရင်အရင်ဆုံးပြောရမယ့်စကား)
ယ မင်းလှပခြင်း(ကောင်မလေးချောချော)
ရ လေလိုလေအိုစ္ဆေ(လောဘရဲ့သဘော)
လ မင်းပုံရိပ်အေးချမ်းနိမိတ်(ငြိမ်းချမ်းခြင်းသင်္ကေတ)
 ၀ တုတ်ကြီးအဲလက်(ပ်)ညဉ်း (အဲလက်(ပ်)ရဲ့သီချင်းတစ်ပုဒ်)
 သ ဇင်ပန်းတော်ဝင်နန်း(တော်ဝင်သဇင်ပန်း)
ဟ တဲ့နေရာပြန်စေ့ပါ(တစ်လွဲမတွေးပါနှင့်)
အ မွေရပျော်သဟ(သင်ရလျှင်သိမယ်)
အားလုံးကိုကျေးဇူးတင်ပါတယ်။