ရှာဖွေမယ်

12 August, 2012

မော်ဒန် သင်ပုန်းကြီး

ဘာရယ်တော့မဟုတ်ပါဘူး။ပျင်းလို့ငယ်ငယ်ကအကြောင်းလေးတွေပြန်သတိရမိလို့ရေးမိတာပါ။ ကျွန်တော်ရေးထားတဲ့စာတွေကိုဖတ်ပြီးမိတ်ဆွေတ တစ်ချက်လေးပြုံးရင်ပဲကျွန်တော်ကျေနပ်ပါတယ်ဗျာ။ မော်ဒန် သင်ပုန်းကြီး 
 က လုန်းအကြောက်ဆုံး (အတုဆိုဘာမှမကောင်း)
 ခ လုတ်တိုက်သတိငိုက်(အရာရာတိုင်းကိုသတိထားပါ)
 ဂ ဏန်းစွေကန်းကန်း(ဘုကလန့်လူနဲ့တူတယ်)
 င ထွေးရူးထန်းရည်မူး(ပုခံခေတ်ကသူရဲကောင်းပေါ့)
 စ ပုရိန်လိန်တိန်တိန်(ရှုံ့ချည်၊ဆန့်ချည်နဲ့အပြောင်းအလဲလွယ်တဲ့သူ)
 ဆ လံပြရပြန်(လောကကြီးရဲ့ဓမ္မတာအရ မပြုမဖြစ်အချက်)
 ဇ လုံကြီးအ၀တီး(အလွန်စားလို့ကောင်းတဲ့ထမင်းဆိုင်)
 ည ကမှောင်မှောင်ခွေးတွေဟောင်(သမီးရှင်များသတိထားရမည့်အချိန်) တ ယောအိုအသံချို(လိုခြင်တာရှိလို့ချစ်သူကောင်လေးကိုပူဆာတဲ့ကောင်မလေးအသံ)
 ထ ဘီရှားလေပြီ(ထဘီအစား စကပ်တိုများနေရာဝင်ယူလာသောအခါ) ဓ နုပြည်အလွန်စည်(သွားလည်ကြည့်ပါ) န နွင်းအရောင်ဝါကြောင်ကြောင်(သင့်မိန်းမကိုယ်ဆောင်ရင်ဆောင်ထားသင့်တဲ့အရာ)
ပ လုံ ပိုက်ဆံကုန်(၂/၃ လုံးထီသမားတွေလက်သုံးစကား)
ဖ ရိန်စောင်းကြည့်မကောင်း(အံဝင်ခွင်ကျမဟုတ်ရင်ဘယ်အရာမှမကောင်း)
ဗ လီတက်သံအလွန်ညံ(မြေနီကုန်းကသူတွေအသိဆုံးပါ)
ဘ ရာဇီယာဆိုဒ်စုံလာ(ကောင်မလေးတွေအသိဆုံးပါ)
 မ မုန်းနဲ့ဦးအချစ်ဆုံး(ရီးစားနဲ့ရန်ဖြစ်ရင်အရင်ဆုံးပြောရမယ့်စကား)
ယ မင်းလှပခြင်း(ကောင်မလေးချောချော)
ရ လေလိုလေအိုစ္ဆေ(လောဘရဲ့သဘော)
လ မင်းပုံရိပ်အေးချမ်းနိမိတ်(ငြိမ်းချမ်းခြင်းသင်္ကေတ)
 ၀ တုတ်ကြီးအဲလက်(ပ်)ညဉ်း (အဲလက်(ပ်)ရဲ့သီချင်းတစ်ပုဒ်)
 သ ဇင်ပန်းတော်ဝင်နန်း(တော်ဝင်သဇင်ပန်း)
ဟ တဲ့နေရာပြန်စေ့ပါ(တစ်လွဲမတွေးပါနှင့်)
အ မွေရပျော်သဟ(သင်ရလျှင်သိမယ်)
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ