ရှာဖွေမယ်

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

18 February, 2014

မိမိဖုန်းပျောက်ဆုံးသွားပါက ဆောင်ရွတ်သင့်သည့်အချက်များ

ကျွန်တော်သည် တတ်သိနားလည်လို့ ဒီပိုစ့်ကိုရေးခြင်းမဟုတ်ပါ။သို့သော် ခင်ဗျားတို့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏ ကြားသိနေရတဲ့ အဖြစ်ပျက်တွေကိုကြည့်ပြီး မိမိဘက်ကပြုလုပ်နိုင်တဲ့အရာလေးတွေကိုမေ့နေမှာစိုးလို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။

အကြောင်းအရာကတော့ ဖုန်းပျောက်ခြင်းကိစ္စပေါ့.... ခုခေတ်မှာလူတိုင်းနီပါးရဲ့လက်ထဲမှာမိမိတတ်နိုင်တဲ့တန်ဖိုးပေါ်မူတည်ပြီး စမတ်ဖုန်းတွေရှိလာပါပြီ။ဒါပေမယ့်တော်တော်များများက game တွေ media app တွေကလွဲပြီး တကယ်အရေးကြုံရင် အသုံးဝင်တဲ့ app မျိုးတွေထည့်ထားမျိုးမရှိပါဘူး။ ဖုန်းပျောက်သွားလို့ရှိရင် ပြန်မရတာက ၈၀% လောက်ရှိပါတယ်။ရိုးသားတဲ့သူကကောက်ရလို့ပေးပေးတာ ၂၀%သာသာလောက်ပဲရှိပါတယ်။ ခုချိန်မှာ ဖုန်းပျောက်လို့ ပြန်မရခဲ့ဘူးဆိုရင် ဟန်းဆက်အသစ်ဝယ် ကဒ်အသစ်နဲ့ပြန်လျှောက်လိုက်ရင်အခြင်ပြေပေမယ့် မကြာမီမြန်မာပြည်မှာတွင်ကျယ်လာမဲ့ ဖုန်းလေးရှိယုံနဲ့ ငွေလွှဲ ငွေပို့ကိစ္စတွေကိုဆောင်ရွတ်နိုင်မယ့် mobile banking system တွေလိုပါ ပါဝင်အသုံးပြုလာမယ်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ mobile လုံခြုံရေးဟာ အရေးပါလာပါပြီ။

ဘယ်လိုကာကွယ်နိုင်သလဲဆိုရင်တော့ ကကွယ်နည်းအများကြီးရှိပါတယ်။အဲဒီအထဲက တော်တော်လေးအလုပ်ဖြစ်မဲ့ နည်းတစ်ခုတော့ရှိပါတယ်။ Anti Theft system ပါတဲ့ app တွေအသုံးပြုခြင်းပါပဲ။ anti theft system ပါတဲ့ app တွေအများကြီးရှိပါတယ်။မြန်မာ version ဖြစ်တဲ့ GOthere Myanmar မှာလဲဖုန်းပျောက်ပြန်ရှာတဲ့ Tools တွေပါပါတယ်။ခုတော့ လက်ရှိကျွန်တော်သုံးနေတဲ့ Dr.web ဆိုတဲ့ antivirus app လေးကိုပဲ ဥပမာအနေနဲ့ ပြောပါရစေ။ သူ့မှာ anti theft tools ထဲကို password ပေးလိုက်ပြီးဝင်လိုက်ရင် မိမိရဲ့ဖုန်းကိုကာကွယ်ဖို့ Buddy Member (မိတ်ဆွေ၊အပေါင်းသင်း)တွေရဲ့ mobile number(သို့) email တစ်ခုခု (သို့)နှစ်ခုလုံးထည့်ပြီး ချိတ်ဆက်ထားလိုက်ပါ။ ပြီးရင် ဖုန်းပျောက်ခဲ့ရင်သုံးဖို့ sms command တွေပေးလိုက်ပါ။အကယ်၍ မိမိဖုန်းပျောက်သွားခဲ့ရင် အဲဒီ Buddy Member တွေရဲ့ ဖုန်းတွေကနေ sms ပို့ပြီး ပေးထားတဲ့ command တွေကိုလှမ်းခိုင်းလို့ရပါတယ်။ပေးနိုင်တဲ့ command တွေက....

၁။ဖုန်းကို lock ချတဲ့ lock phone
၂။ဖုန်းကို lock ချပြီးအချက်ပေးအသံမြည်စေတဲ့ lock phone & enable sound alert
၃။ဖုန်းရဲ့တည်နေရာကို gps ကနေပြပေးမဲ့ Detect phone location
၎။unlock phone
၅။မိမိရဲ့အချက်လက်တွေအားလုံးကိုဖျတ်ပေးမဲ့ Delete all data
၆။ reset password တို့ပဲဖြစ်ပါတယ်။

ဒါကြောင့်မိမိတို့အနေနှင့်ဖုန်းပျောက်သွားပြီဆိုတာနဲ့ ပထမဦးဆုံး လုပ်သင့်တာက ပျောက်သွားတဲ့ဖုန်းကိုအရင်ခေါ်လိုက်ပါ။မကိုင်ဘူးဆိုရင် မိမိဖုန်းပျောက်သွားကြောင်းနဲ့ ပြန်ပေးပါက ကျေးဇူးဆပ်ပါမည် ဘာညာဆိုပြီး မြန်မာလိုရော အင်္ဂလိပ်လိုရော sms ၁၀ စောင်လောက်ပို့လိုက်ပါ။ အဲတာမှ reply ပြန်မလုပ်ခဲ့ရင် detect phone location sms command နဲ့ရှာကြည့်ပါ။ အကယ်၍ မိမိဖုန်းမှာ အရေးကြီးအချက်အလက်တွေပါနေမယ်ဆိုရင်တော့ ပျောက်သွားမှန်းသိရင်သိခြင်း delete all data sms command နဲ့ ချက်ခြင်းအချက်အလက်တွေကိုဖျတ်ပစ်လိုက်တာအကောင်းဆုံးပါပဲခင်ဗျာ။


dr.web ကိုသုံးခြင်တယ်ဆိုရင်တော့ ဒီမှာယူလိုပါ
http://adf.ly/dkEAY

licence key ကိုဒီမှာယူပါ
http://adf.ly/dkEIr

apk ကို install လုပ်ပြီးပီဆိုရင် drweb32.key ဆိုတဲ့ လိုင်စင် key ကို Sdcard/Android/data/com.drweb/file ထဲမှာ copy ကူးပြီးထည့်လိုက်ပါ။






လူလူခြင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ.....အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆြာကီး

12 February, 2014

အယုံလွယ်တဲ့ ကျွန်တော်တို့လူမျိုး နဲ့ ကိုင်လိုက်ရင် ပေါက်ကွဲတတ်တယ်ဆိုတဲ့ဖုန်း

အော်.. 0000 နဲ့စပြီးနံပါတ်အပူးတွေနဲ့ ဖုန်းကိစ္စက ခုလောက် ဟိုးလေးတစ်ကျော် ကျော်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်မထင်မိ..... အဲကိစ္စနဲ့ပတ်သတ်ပြီး ရုံးကလူတွေရော သူငယ်ချင်းမိတ်ဆွေ တွေကပါ ဖုန်းဆက်ပြီး ဟုတ် မဟုတ် လှမ်းမေးကြတယ်..... ကျွန်တော်လဲ အရူးတွေပဲ ယုံတာလို့ပြန်ပြောလိုက်တယ်.....

ငါတို့နားကလူတစ်ယောက်ဆီ အဲနံပါတ်နဲ့ဝင်လာတယ် လို့ ပြောတဲ့သူငယ်ချင်းတစ်ယောက်ကိုလဲ အဲလူငါ့ဆီခေါ်ခဲ့လို့ပြောလိုက်တော့ တိတ်သွားတယ်..... တစ်စိတ်ကို တစ်အိတ်လုပ်တဲ့သူတွေနဲ့ လေသံကြားတရားဖမ်းနာတတ်တဲ့သူတွေကြောင့် ရိုးအပြီး ယုံလွယ်တဲ့ သူတွေအလိမ်ခံနေရတာပါ......

ရှင်းရှင်းပြောရရင် 00002333 , 00004442 အစရှိတဲ့အဲလိုနံပါတ်တွေ က မြန်မာပြည်က ဆက်သွယ်ရေးကွန်ယက်ထဲမှာမရှိပါဘူး ။ ဒါပေမယ့် ဆက်သွယ်မှုလမ်းကြောင်း (track) တွေရှုပ်ထွေးသွားတဲ့အခါ အဲလိုနံပါတ်နဲ့ ဆင်တူတဲ့ နံပါတ်တွေဖြစ်သွားတတ်ပါတယ် ။ ဥပမာ -- ရန်ကုန်ကနေ မန္တလေးကို ဖုန်းခေါ်တယ်ဆိုပါစို့ ။ သာမန် track အတိုင်းသာဆိုရင် ရန်ကုန် စတေရှင် ကနေ Main စတေရှင်ကိုဝင်တယ် အဲကနေတစ်ဆင့် မန်းလေး စတေရှင် ရောက်ပြီး လက်ခံမဲ့သူကိုရောက်ပါတယ်။ အဲလို သာမန် track အတိုင်းသာဆိုလျှင် ရန်ကုန် code 01 ဟာပြောင်းမသွားပါဘူး။ အဲလိုမဟုတ်ဘဲ ရန်ကုန်စတေရှင် ကနေ Main စတေရှင် ရောက်တော့ မန်းလေးကိုသွားမည့် track က Load တွေများနေခဲ့ရင် လွတ်တဲ့ track တစ်ခုထဲဝင်ပြီး နီးစပ်ရာ စတေရှင်တစ်ခုကို ပတ်သွားတတ်ပါတယ်။အဲကနေ မန်းလေး track ထဲပြန်ဝင်မယ်လုပ်တော့ load ကများနေဆဲဆိုရင် နောက် track တစ်ခုအတိုင်း နောက် area တစ်ခုထဲထပ်ပတ်သွားပါတယ်။ အဲလို track တွေအများကြီးပတ်ပြီး မှ မန္တလေး area ထဲပြန်ဝင်သွားတဲ့အချိန်မှာ track လမ်းကြောင်းတွေ area တွေ ရှုပ်ထွေးသွားတဲ့အတွက် ရန်ကုန် code 01 လို့မပေါ်တော့ဘဲ ပေါ်ခြင်သလိုတွေပေါ်လာတတ်ပါတယ်။ unknown number ဆိုပြီးတော့လဲပေါ်တတ်ပါတယ်။ အဲလို ဖုန်းဝင်ခဲ့ရင်လဲ ကိုင်လိုက်ပါ ။မည်သည့်အန္တရာယ်မှမရှိပါ ။ များသောအားဖြင့် အဲလို track တွေရှုပ်သွားရင် လက်ခံမဲ့သူက ဖုန်းကိုင်လိုက်တာနဲ့ ပြန်ကျသွားတတ်ပါတယ်........

ကျွန်တော် track လမ်းကြောင်းပုံကြမ်းလေးနဲ့ ရှင်းပြထားပါသည်

ကျွန်တော်လဲသင်ထားဖူးတာကိုပြန်ရေးခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


25 January, 2014

Facebook Timeline ကိုဒီဇိုင်းလှလှ Skin တွေပြောင်းပြီး Dislike Button ထည့်နည်း

ခုတစ်လော facebook ပေါ်မှာအသုံးများလာတဲ့ ဒီဇိုင်းလှလှလေးတွေနဲ့ Facebook Theme Skin နှင့် Dislike button နဲ့ပတ်သတ်ပြီးပြောပါရစေ။ သိပြီးဖြစ်သော ဆရာ့ဆရာများအနေဖြင့် တားတားကို ဆေးမထိုးဘဲ ကျော်သွားပေးပါခင်ဗျာ(ကြောက်ရတယ်လေ)...........

Facebook Theme ပြောင်းနည်း(၂)ခုရှိပါတယ်
၁။web console ထဲတွင် script များထည့်ပြီးပြောင်းနည်း။
၂။social extra app ထည့်ပြီးပြောင်းနည်း။
script သုံးပြီးပြောင်းနည်းကအခန့်မသင့်ရင် တစ်ခုခုဘန်းခံရတတ်ပါတယ်။ခုကျွန်တော်ပြောမှာက Social extra app သုံးပြီးပြောင်းနည်းပါ။

ပထမဦးဆုံး social extra app ကို ဒီနေရာမှာ အရင် ယူလိုက်ပါ။

သင့် facebook ကိုဖွင့်လိုက်ပါ။

 ပြီးရင် Install လုပ်လိုက်ရင် အောက်ကပုံလိုမျိုး သင့် facebook အကောင့်မှာ tool button လေးတစ်ခုပေါ်လာပါမယ်
ပြီးရင် အာ့ button ကိုတစ်ချက်ထောက်ပြီး Select New Skin ကိုရွေးလိုက်ပါ။
တက်လိုက်တဲ့ Site ထဲက Theme တွေအများကြီးထဲကတစ်ခုကိုရွေးပြီး Set This As My Facebook Skin ကိုနိုပ်ပြီး Continue ပေးလိုက်ပါ။
အာ့ဆိုသင့် facebook wall ကိုခုအတိုင်းမြင်ရပါပီ။
page အားလုံးမှာ skin ပေါ်ခြင်ရင်(သို့)profile တွေမှာပဲပေါ်ခြင်ရင် setting ထဲဝင်ပီး skin ကိုရွေးပြီးစိတ်ကြိတ်ပြင်နိုင်ပါတယ်။
Feautres setting ထဲမှာတော့ ပုံတွေပေါ်ထောက်လိုက် ပုံမှာပြထားတဲ့အတိုင်း auto zoom နဲ့ပြပေးတဲ့ tool နဲ့ Dislike button tool တို့ပါပါတယ်။ Dislike က Social Extra App သုံးသူအခြင်းခြင်းမှာပဲပေါ်မှာဖြစ်ပြီး App မသုံးသူတွေရဲ့ပိုစ့်ကို မိမိက Dislike ပေးလိုက်ရင် သူတို့ပိုစ့်အောက်မှာ Dislike ပေါ်အောင် App ကို Download ဆွဲခိုင်းတဲ့ Link ကို auto ကွန်မန့်ရေးပေးမှာဖြစ်ပါတယ်။
Effect setting ထဲမှာတော့ မိမိ Timeline ပေါ်မှာ နှင်းတွေ အသဲပုံလေးတွေ တဖွဲဖွဲကျနေတဲ့ပုံစံနဲ့ timeline ဘေးမှာ မီးလုံးလေးတွေ မိတ်တုတ် မိတ်တုတ်နဲ့ အလှဆင်ဖို့ tools တွေပါပါတယ်။

 Select New Cursor tool ထဲမှာတော့ mouse pointer ပုံတွေကိုအမျိုးမျိုးပြောင်းလို့ရပါတယ်။

Skin တွေကိုမိမိပုံတွေ upload လုပ်ပြီးတော့လဲ ကိုယ်ပိုင် Skin လေးတွေဖန်တီးရယူနိုင်ပါတယ်။

ကျွန်တော်က ပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး။အဆင်ပြေတာရှိရင်တော့ chat box ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

19 October, 2012

andriod app တွေကိုအခမဲ့ရယူနိုင်တဲ့ app နဲ့ အင်တာနက်ကနေ ph,message အခမဲ့ခေါ်/ပို့လို့ရတဲ့ app

မရောက်တာကြာပြီမို့ မတွေ့တာကြာပြီဖြစ်သောတယ်ရင်းအားလုံးကို ဦးစွာ မင်္ဂဂါလာပါ လို့ နုတ်ဆက်လိုက်ပါတယ်။ခေါင်းစဉ်ကို ဖတ်ကြည့်
ပြီး ဆရာကြီး မင်းပြောတာဟုတ်ကောဟုတ်ရဲ့လားလို့ တွေးကောင်းတွေးပါလိမ့်မယ်။ဟုတ်မဟုတ် လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
မြန်မာ mobile App Maket
တစ်ချို့ချို့ သောဆိုဒ်တွေမှာ အခကြေးငွေဖြင့် ၀ယ်ယူရသော andriod စနစ်သုံး application တွေကို sign upတောင်လုပ်စရာမလိုဘဲ အခမဲ့ အခမဲ့ free ရယူနိုင်အောင် ရည်ရွယ်ပြီး မြန်မာလူငယ်ပညာရှင်များ စုပေါင်းဖန်တီးထားတဲ့ မြန်မာ mobile app market ကိုဖြန့်ချီလိုက်ပါပြီ။

mm mobile app market မှာ Main menu, Application,Game ဆိုပြီး ကဏ္ဍကြီး(၃)ခုပါဝင်ပြီး main menu ကတော့လူကြိုက်များပြီး အသစ်ထွက် app များကို download ရယူနိုင်တဲ့ ကြေိာငြာကဏ္ဍဖြစ်ပြီး။ ကျန်တဲ့ကဏ္ဍနှစ်ခုအောင်မှာလဲ သူတို့နဲ့သက်ဆိုင်တဲ့ app အလန်းစားများစွာကို အခမဲ့ဝေငှပေးထားပါတယ်။ ဒီ mm mobile app market အပလီကေးရှင်းကိုအသုံးပြုခြင်တယ်ဆိုရင် ဒီမှာဒေါင်းပြီး သင့် andriod handset ထဲကို Install လုပ်လိုက်ပါ။သင့် andriod ဗားရှင်းက 2.1 နဲ့အထက်ရှိဖို့တော့လိုအပ်မယ်နော်။ကဲ Install လုပ်ပြီးပြီဆို၇င်တော့ internet မိတဲ့နေရာတိုင်းမှာသင်appအလန်းလေးတွေကို အခမဲ့ ရယူနိုင်ပါပြီ။ 
Aire Free Call
ခုတစ်လော အင်တာနက်ကနေတစ်ဆင့် ဖုန်းအခမဲ့ခေါ်လို့ရတဲ့ viber ကိုပိတ်လိုက်ပြီဆိုတဲ့သတင်းကြောင့်စိတ်ပျက်နေသူတွေအတွက်ဝမ်းသာစရာ သတင်းကျွတ်လက်ဆောင်လေးပါ။ ဒီ aire free call ကို

andriod စနစ်သုံး handset တွေမှာမက Ios တွေမှာလည်း ထည့်သွင်းနိုင်ပါတယ်။ aire free call ကို sign up account နှင့် facebook account နဲ့ပါအသုံးပြုနိုင်ပါတယ်။ကျွန်တော်မြန်မာပြည်မှာတော့ sign up account ကတော့အသုံးပြုရတာအဆင်မပြေပါဘူး။facebook account နဲ့တော့လွယ်ကူစွာအသုံးပြူနိုင်ပါတယ်။ အသုံးပြုကတော့ သင့်ရဲ့

facebook account နဲ့ aire free call အပလီကေးရှင်းထဲဝင်လိုက်ပြီးရင် သင့်ရဲ့ facebook friend list ထဲက ဖုန်းနဲ့အင်တာနက်သုံးပြီး aire free call အပလီကေးရှင်းရှိသူတိုင်းဆီကို ph ခေါ်ဆိုခြင်း၊ message ပို့ခြင်း ၊ video call ခေါ်ဆိုခြင်း၊ ဓာတ်ပုံးများ share ခြင်းများကို အခမဲ့ပြုလုပ်နီုင်ပါပြီ။ aire free call ကိုအသုံးပြုခြင်ရင်တော့ဒီမှာဒေါင်းလိုက်ပါ။

အဲနေရာမှာဒေါင်းရတာ အဆင်မပြေရင် အပေါ်ကကျွန်တော်တင်ပေးထားတဲ့ mm mobile app market ထဲမှာလဲရှာပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ။

(အားလုံး သီတင်းကျွတ်အခါသမယ မှာပျော်ရွှင်ကြပါစေ)

03 September, 2012

သင့်ရဲ့အရေးကြီး folder ကို software မလိုဘဲ lock ချကြ၇အောင်


မင်္ဂလာပါ မိတ်ဆွေတို့.....
သင်တို့ရဲ့ အရေးကြီးတဲ့ data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေခြင်ဘဲဝှက်ထားခြင်ပေမယ့်
software မရှိလို့အခက်တွေ့နေပါသလား? ဘာ software မှ မလိုဘဲ သင့်ရဲ့ personal data file ကို lock ချလို့ရပါပြီ။(သိပြီးသောဆရာ့ ဆရာကြီးများမပါ)။
ကျွန်တော်အတတ်နိုင်ဆုံး ရှင်းအောင်းရေးသားပေးပါ့မယ်။အဆင်မပြေပါက ပြန်လည်မေးမြန်းနိုင်ပါတယ်။
အဆင့် ၁- desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် folder အသစ်တစ်ခုဆောက်ပါ။
အဆင့် ၂-ဆောက်ထားတဲ့ floder ကိုဖွင့်ပါ။ပြီးရင် အဲ folder အထဲမှာ notepad (တနည်းအားဖြင့်)text document တစ်ခုအသစ်ဆောက်ပါ။အဲဒီ note pad ထဲကို အောက်မှာပေးထားတဲ့ code တွေကိုကူးထည့်ပါ။
lock ချခြင်းအပိုင်း
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


အဆင့် ၃- ကူးထည့်ထားတဲ့ code တွေရဲ့ ၂၃ ကြောင်းမြောက်မှာ အနီရောင်နဲ့ကျွန်တော်ပြထားတဲ့ your password ဆိုတဲ့နေရာမှာ သင့်ပေးခြင်တဲ့ password ကိုအစားထိုးပါ။
အဆင့် ၄-ပြီးရင် mystore.bat ဆိုပြီး save ပါ။(mystore ဆိုတဲ့နေရာမှာသင်ပေးခြင်တဲ့အမည်ပေးလို့ရပါတယ်။ နောက်က .bat ဖြစ်ဖို့သာအရေးကြီးပါတယ် )။
အဆင့် ၅- အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ mystore ဆိုတဲ့ file တစ်ခုကိုတွေ့ရပါမယ်။အဲဖိုင်ကို double click ခေါက်လိုက်ပါ။
အဆင့် ၆-အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ Private ဆိုတဲ့ file နောက်တစ်ခုပေါ်လာပါမယ်။ အဲဒီ Private ဆိုတဲ့ file ထဲကို သင်ဝှက်ထားခြင်တဲ့ file ကိုထည့်လိုက်ပါ။ပြီးရင် အဲဒီ Privare file ကို ပြန်ပိတ်လိုက်ပါ။
အဆင့် ၇-ပြီးရင် စောစောက mystore ဆိုတဲ့ file ကို double click ပြန်ခေါက်လိုက်ပါ။
အဆင့် ၈-အဲအချိန်မှာ cmd command box လေးနဲ့ Are You sure want To Lock Folder<Y/N> ဆိုပြီး ပေါ်လာပါမယ်။ lock ချမှာသေချာတယ်ဆိုရင် Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။မသေချာသေးဘူးဆိုရင် N ကိုရိုက်ပြီး enter ခေါက်ပေါ့။(ခုတော့ Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါပြီ)။အဲအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ်။
အဆင့် ၉-သင့်ရဲ့ folder ကိုအောင်မြင်စွာ lock ချပြီးပါပြီ။
ပြန်ဖွင့်ခြင်းအပိုင်း
အဆင့် ၁-သင်သိမ်းထားတဲ့ folder ကိုဖွင့်ပြီး အထဲမှာရှိတဲ့ mystore ဆိုတဲ့ file ကို double click ခေါက်လိုက်ပါ။
အဆင့် ၂- cmd command box လေးနဲ့ enter password to unlock folder ဆိုပြီး တက်လာပါမယ်။ သင်ပေးထားတဲ့ password ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ သင့်ရဲ့ Private ဆိုတဲ့ folder ပြန်ပေါ်လာပါမယ်။
စကားချက်။ ။ဒီနည်းက လုံခြုံမှုရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ်။သင့်အတွက်အရေးကြီးတဲ့ data တွေသိမ်းမယ်ဆိုရင်တော့ဒီထက်ပိုလုံခြုံ တဲ့software တွေသုံးတာပိုကောင်းပါတယ်။ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီးသိမ်းတာအကောင်းဆုံးနည်းလမ်းပါပဲ။ အားလုံးပဲ data ပျောက်ဆုံးခြင်းမှကင်းဝေးကြပါစေ။

30 August, 2012

computer ပြူတင်းပေါက်ကိုခိုးဝင်နိုင်တဲ့ mr.kon boot ရဲ့အကြောင်း

window အမျိုးမျိုးကိုကျော်ဝင်နိုင်တဲ့နည်းအမျိုးမျိုးရှိပါတယ်။ဒါပေမယ့်သူတစ်ပါး computer ကိုကိုယ်သုံးထားတာမသိစေခြင်ရင်ဒီနည်းကအသင့်တော်ဆုံးပါလို့ပြောခြင်ပါတယ်။
Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ ကျွန်တော်ကသူများcomputerကိုခိုးဝင်နိုင်ဖို့နည်းပေးတာမဟုတ်ပါဘူးနော်။ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို မိတ်ဆွေတို့ကိုသိစေချင်တာပါ။သိပြီးသားဆိုရင်တော့မိတ်ဆွေရဲ့အချိန်ကုန်ခံပြီးဆက်မဖတ်ပါနဲ့တော့ပေါ့နော်။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။
Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password မတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။

အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7

ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်

Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97

ဘယ်လိုကာကွယ်မလဲ
သိထားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါ။
စကားချပ်
kon boot ဘယ်လိုသုံးလဲသိခြင်သလား?
ဘယ်လိုအလုပ်လုပ်လဲသိခြင်သလား?
ဘယ်မှာရနိုင်မလဲသိခြင်သလား?
လိုတိုင်းတရနိုင်တဲ့ google ကြီးထဲကို kon boot လို့ရိုက်လိုက်ရင်မိတ်ဆွေသိခြင်တဲ့ mr.kon boot အကြောင်းဖြေပေးမယ့်siteတွေ
အလုအယက်တတ်လာပါလိမ့်မယ်။
ရှာရမယ်ပျင်းတယ်ဆိုရင်တော့အောက်က link ကိုသာ click လိုက်
ငါအရမ်းပျင်းနေတယ်
ဒီနေရာကတော့kon bootကို mediafire မှာကျွန်တော်တင်ထားတဲ့နေရာပါ။အဲကနေလည်းယူနိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ။

19 May, 2012

IT ခေတ်ရဲ့စေတန်(သို့)VIRUS HISTORY

နိဒါန်းလေးပျိုးရရင်တော့ဗျာ ဟိုးရှေးရှေးတွေတုံးကလူတွေကိုအမျိုးမျိုးဒုက္ခတွေပေးတဲ့သူကိုစေတန်လို့သမုတ်ခဲ့တာမိတ်ဆွေလဲ
သိပြီးဖြစ်မှာပါ။ယခု IT ခေတ်ကြီးထဲတော့လူတွေတင်မကဘူးဒုတိယလူသားမျိုးဆက်ဖြစ်တဲ့ computer တွေကိုစိတ်ဒုက္ခသာမက
အမျိုးမျိုးနှောက်ယှက်နေတာကတော့အားလုံးသိတဲ့ virus အမျိုးမျိုးပါဘဲ။ဒါကြောင့်ဒီသူတောင်းစား virus တွေကို IT ခေတ်ရဲ့စေတန်
လို့အမည်နာမသမုတ်မိမယ်ဆိုရင်ကျွန်တော်မှားသွားလား?
ဟုတ်တယ်လေဒီကောင်တွေကပျော်ရွှင်စေဖို့ဖန်တီးထားကြတဲ့ talker voice ကစလို့ wed aera တွေကိုဝါးမျိုးနိုင်ကြတဲ့ကောင်တွေ
အထိအားလုံးကကျွန်တော်တို့ကိုဒုက္ခရောက်စောကတာမဟုတ်လား။ကဲ ကဲဒီကောင်လေး ဆရာကြီးလေရှည်တယ်ပြောကုန်ကြတော့မယ်။
တော်ပါပြီ။လေမရှည်တော့ပါဘူး။ဒီတော့ကျွန်တော်လေ့လာ၊ဖတ်သားဖူးတာလေးကိုပြန်ဝေမျှလိုက်ပါတယ်။
ဒီထက်ပိုသိခြင်တယ်ဆိုရင်ပေးထားတဲ့ link တွေကနေလေ့လာနိုင်ပါတယ်။
ယခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးနော်။
၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့.

၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :Dအချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...