တန်ဖိုးကြီး Handset တွေမှာတော့ voice command နဲ့ခိုင်းတဲ့ setting က built in ပါ ပါတယ်။ဒါပေမယ့် ကျွန်တော်တို့လို ပေါလောရှောလော တန်ဖိုးနည်း Handset သုံးတဲ့သူတွေလည်း ယခု မိမိ mobile phone တွေကို အသံနဲ့ ဖုန်းခေါ်ခိုင်းလို့ application လေးတွေ ဖွင့်ခိုင်းလို့ရပါပြီ။ အရင်က ကျွန်တော် voice control app တွေအစုံစမ်းဖူးတယ်ဗျ.. စမ်းဖူးသမျှ ဒီကောင်လေးက အမိုက်ဆုံးပဲ။ Voice Speed Dial လို့ခေါ်ပါတယ်။ သုံးရတာကလည်းလွယ်ပါတယ်။ ကြိုက်တဲ့ဘာသာစကား ကြိုက်တဲ့အသံနဲ့ပြော အဓိက က မိမိတို့ မှတ်ထားတဲ့အသံနဲ့ အနီးစပ်ဆုံးပြောနိုင်ရင် ရပါပြီ.......
ပထမဆုံး ပုံမှာပြထားတဲ့နေရာကို နိုပ်ပြီးအသံသွင်းဖို့ဝင်လိုက်ပါ။
ပြီးရင် မိမိအသံသွင်းလိုတဲ့ Contact (သို့) Application တွေဘေးက Record သင်္ကေတလေးကိုနိုပ်ပြီး မိမိသွင်းခြင်တဲ့ အသံကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင်သွင်းလိုက်ပါ။ မိမိသွင်းထားတဲ့အသံတွေကို Voice Tag အထဲမှာပြန်နားထောင်လို့ရပါတယ်။
ပြီးရင် မိမိတို့ သွင်းထားတဲ့အသံကို ပြောပြီးခိုင်းကြည့်လိုက်ပါ။ သင်မှတ်ထားတဲ့ အသံအတိုင်း လုပ်ဆောင်ပေးပါလိမ့်မယ်။
file size 457 KB
(အားလုံးကို ကျေးဇူးတင်ပါတယ်)
No comments:
Post a Comment
ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ