ရှာဖွေမယ်

03 September, 2012

ဗုဒ္ဓဘာသာ(၅)မျိုး


ဘာသာရေးစာအုပ်တစ်အုပ်မှာကျွန်တော်ဖတ်ဖူးတာလေးပါ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာကိုးကွယ်ယုံကြည်မှု ပုံစံအလိုက်အမျိုးအစားကွဲပြားခြားနားပါတယ်။ ထေရ၀ါဒ နဲ့ မဟာယာန ဆိုပြီးကွဲတာမျိုးမဟုတ်ပါဘူး။ကွဲပြားရတဲ့အကြောင်းရင်းနဲ့အမျိုးအစားတွေကဒီလိုပါ........

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။မိဘတွေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက အခြားဘာသာဝင်ဆို သူလဲအခြားဘာသာဝင်ပဲ။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မျိုးရိုးကြောင့် ဗုဒ္ဓဘာသာဖြစ်လာရပြီး ဘုရားတရား လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါခြင်းကို ကုလ လို့ခေါ်ပါတယ်။တော်တော်များများက ကုလ ဗုဒ္ဓဘာသာ ပါ။နောင်မှဆင်ခြင်ပါများပြီးသဘောပေါက်လာကြတာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တာကို
ဆိုလိုတာပါ။စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာတောင် အောင် နဲ့စတဲ့ဘုရားတွေကိုရွေးပြီးကိုးကွယ်တယ်။။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ အရုပ်တွေကို စင်အပြည့် တင်ပြီး ဘုရာ့းု့တော်နဲ့ ဆင်းတုတော်လေးက ဥာဏ်တော်တစ်မိုက်သာသာလောက်သာထားပြီး ကိုးကွယ်တဲ့သူတွေကို လာဘဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ ဘေးကင်းကွာပြီးအနာမဲ့စေဖို့ဆုတောင်းပြီး ကြောက်ကြောက်လန့်လန့် နဲ့ ဘုရားကို ကြောက်စရာ တစ်ခုဖွယ်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။

(အထက်မှာဖော်ပြခဲ့တဲ့ မိရိုးဖလာအရ ကိုးကွယ်တဲ့ ကုလ ဗုဒ္ဓဘသာ၊ လာဘ်လိုခြင်လို့ကိုးကွယ်တဲ့ လာဘ ဗုဒ္ဓဘာသာ၊ ကြောက်လို့ကိုးကွယ်တဲ့ ဘယဗုဒ္ဓဘာသာ၊ထို(၃)မျိုးကတော့ အနိမ့်စား ဗုဒ္ဓဘာသာတွေဖြစ်ပြီး။အောက်တွင်ဖော်ပြသော ဗုဒ္ဓဘာသာ(၂)မျိုးမှာ အထက်တန်း ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်ပြီး လေးနက်စွာ ပူဇော်ဆည်းကပ်တဲ့သူကို သဒ္ဒါဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
ဗုဒ္ဓံ ပူဇေမိ
ဓမ္မံ ပူဇေမိ
သံဃံ ပူဇေမိ ဆိုပြီး ဘုရား၊တရား၊သံဃာ တို့ကိုယုံကြည်မြတ်နိုးစွာပူဇော်ဖြင်းကိုခေါ်တာပါ။


(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားလေးပါးကို သေချာသိတဲ့ ဗုဒ္ဓဘာသာဝင်ကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
သစ္စာတစ်ရားလေးပါးကို သိမြင်ပြီး ဘုရားဟောကြားတော်မူခဲ့သော တရားဒေတနာ တော်များနှင့်အညီကျင့်ကြံနေထိုင်ပြီး သူတစ်ပါးတိုက်တွန်းချက်မပါဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဒ္ဒါတရား သုံးပါးပြည့်စုံ စွာဖြင့် စိတ်အားထက်သန်စွာလှုဒါန်း ပေးကမ်းသောသူကို ပညာဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
သတ္တ၀ါအားလုံးကျန်းမာ၊ချမ်းသာကြပါစေ။

No comments:

Post a Comment

ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ