ဒုတိယကျောင်းတော်ကြီးသဖွယ်ဖြစ်လာတဲ့ ကျူရှင် တွေအကြောင်းပါ။ကျူရှင်တွေဖွင့်တာ/တက်တာကတော့ကောင်းတာရှိသလို.မကောင်းတာတွေလဲရှိပါတယ်။ကျောင်းသူ/ကျောင်းသား တွေအတွက်လဲအဆင်ပြေ သင်တဲ့သူလဲအဆင်ပြေအောင် စေတနာရှေ့ထားပြီးဖွင့်တဲ့ကျူရှင်တွေရှိသလို ငါ့ကျူရှင်မတက်လို့ကတော့ ဆိုတဲ့ကျူရှင်တွေ...၃လပြတ်အထူးကျူရှင် ၁လအတွင်းအထူးအောင် စတဲ့ပညာရေး ရေစီးကြောင်းထဲလုပ်စားနေတဲ့ကျူရှင်တွေလဲ ဒုနဲ့ဒေးပါ။ရှင်းရှင်းပြောရရင် ကျွန်တော်လဲငယ်ငယ်တုန်းက ကျွန်တော့်အဖေကျူရှင်သင်လို့ရတဲ့ လခလေးနဲ့ကြီးပြင်းခဲ့သူပါ..ထားလိုက်ပါတော့။ဆက်ပြောရရင် ကျူရှင်တက်နကြတဲ့ ကျောင်းသူ/ကျောင်းသားတွေရဲ့ ကျူရှင်တက်ရခြင်းအကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင်..
၁။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုပိုမိုနားလည်တတ်မြောက်လို၍ကျူရှင်တက်ခြင်း
သင်ယူတတ်မြောက်လိုစိတ်ပြင်းပြတဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့ကြောင်းရင်းပါ။ကျောင်းမှ သင်ကြားပေးလိုက်တာတွေကို ပိုမိုနားလည်ဖို့အတွက် ကျူရှင်တက်ကြခြင်းပါသည်။
၂။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုနားမလည်၍ကျူရှင်တက်ခြင်း
ကျောင်းသူ/ကျောင်းသားတော်တော်များ ကျူရှင်တက်ရတဲ့အကြောင်းပါ။ကျောင်းမှာသင်ပေးတာတွေကို သေချာနားမလည်လို့ ဒါမဟုတ်သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေက ကျောင်းမှာသေချာမသင်ပေးဘဲ ကျူရှင်ရောက်မှပြန်သင်ပေး ရခြင်းတွေကြောင့် ကျူရှင်တက်ရခြင်းဖြစ်ပါသည်။
၃။ကျောင်းပုံမှန်မတက်၍ကျူရှင်တက်ရခြင်း
ကျောင်းသူ/ကျောင်းသားတွေအနေဖြင့် ကျောင်းလဲပုံမှန်မတက်၊ကျောင်းတက်တော့လဲ သင်တဲ့စာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စာမှုမရှိလို့ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။ဒါက အခြေခံပညာကျောင်းတွေမှာသာမက တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေမှာလဲဖြစ်တတ်တဲ့အကြောင်းပါ။တစ်ခါက ကျွန်တော်ညီတစ်ယောက်လိုခင်ရတဲ့ တက္ကသိုလ်ကျောင်းသာတစ်ယောက်ကိုမေးကြည့်တယ် "ဟကောင် မင်းကျောင်းလဲပုံမှန်မတက်ဘူး..စာမေးပွဲကြရင်ဘယ်နဲ့လုပ်မတုန်း" လို့ပေါ့။အဲဒီအခါသူက "ဟာ အကိုကလည်း စာမေးပွဲနီးရင်ကျူရှင်တွေဖွင့်မှာလေ" တဲ့ အဲဒီလိုနဲ့ပဲသူအခုစာမေးပွဲအောင်သွားတယ်ဗျာ..မကြာခင် ဘွဲ့တောင်ရတော့မယ်..ကောင်းလိုက်တဲ့စနစ်နော်..
၎။ကျူရှင်တက်ရင်မေးခွန်းရလို့ ကျူရှင်တက်ခြင်း
ဆရာ/ဆရာမ တွေအနေဖြင့်မိမိကျူရှင်လူများလာအောင်နဲ့ မိမိကျူရှင်တက်တဲ့ကလေးတွေလဲ အဆင့်တွေကောင်းလာပြီး အခြား ကျောင်းသူ/ကျောင်းသားတွေလဲ မိမိမှာသာကျူရှင်တက်အာင် မိမိထုတ်ထားတဲ့မေးခွန်းတွေကို ကျူရှင်မှာ ချပြပေးခြင်းများကြောင့်ကျူရှင်တက်ရခြင်းဖြစ်ပါသည်။
၅။ပျော်ပါးလိုစိတ်ဖြင့်ကျူရှင်တက်ခြင်း
အချို့အပျော်အပါးမက်တဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။ စာကိုစိတ်ဝင်စားလို့လဲမဟုတ်ဘဲသူငယ်ချင်းများနဲ့ ဟေးလေးဝါးလားဖြင့် ပျော်ပါးလိုပြီး ကျူရှင်တက်ရင်အချိန်တန်အောင်မှာပဲဆိုတဲ့စိတ်ကြောင့်ကျူရှင်တက်ခြင်းဖြစ်ပါသည်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော့်အဖေ ကျူရှင်သင်တုန်းက ဝေတဲ့ လက်ကမ်းကြော်ငြာက စာသားလေးတစ်ခုသွားသတိရတယ်..."လူပျင်း လူပျော်များအတွက်နေစရာမရှိ" တဲ့ အဲတုန်းက စည်းကမ်းတင်းကျပ်တဲ့ဖေဖေ့ကျူရှင်မှာ တော်ရုံတန်ရုံစတာနောက်တာတွေကိုလွတ်ပေးထားတဲ့ကျူရှင်တွေလောက်တက်တဲ့ ကျောင်းသူ/ကျောင်းသား
မများခဲ့.........
အဆိုပါကျူရှင်တက်ရတဲ့အကြောင်းတွေကိုချုံကြည့်လိုက်ပြီးတော့ အကယ်၍
- ကျောင်းသူ/ကျောင်းသားတွေသာ ကျောင်းမှာစာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြပြီး အိမ်မှာမိမိဘာသာပြန်လည်လေ့လာနိုင်စွမ်းရှိခဲ့ရင်....
- သင်ကြားပေးတဲ့ ဆရာ/ဆရာတွေသာ(အမှန်တကယ်လက်တွေ့သင်ပေးနေသော ဆရာ/ဆရာမများကို မဆိုလိုပါ)ကျောင်းမှာစာကို ဂရုတစိုက်နဲ့ တတ်မြောက်နားလည်သည်အထိသင်ကြားပေးခဲ့မယ်ဆိုရင်......
- အိမ်က ကလေးတွေရဲ့ကျူရှင်ဖိုးကို မနဲရှာနေရတယ်ဗျာ ဆိုတဲ့အသံတွေ......
- ကျောင်းတွေမှာသေသေချာချာ မသင်ကြားပေးတဲ့ဆရာ/ဆရာမတွေ
- ပညာရေး ရေးစီးကြောင်းထဲမှာ လုပ်စားနေတဲ့ ဘာညာသရကာ ကျူရှင်ဆရာတွေ..........အားလုံးပျောက်ကွယ်သွားပြီး မှန်ကန်ပြီး တိုးတက်တဲ့ သင်ကြားမှုစနစ်တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
(မည်သည့်ဆရာ/ဆရာမ များကိုမှမရည်ရွယ်ပါ။တိုက်ဆိုင်သွားပါကခွင့်လွတ်ပေးနိုင်ပါရန်.....အာစရိယဂုဏော အန္တောပါ....)
No comments:
Post a Comment
ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ