ကျွန်တော်လဲဝေဖန်လေကန်ရေးတွေမရေးဖြစ်တာကြာပါပြီ..ဒီနေ့တော့ Blogger တွေရဲ့အကြောင်းကိုစဉ်းစားမိလို့ယခုလိုချရေးလိုက်တာပါ။ Blogger တစ်ယောက်ဖြစ်ဖို့ဆိုတာမခက်ပါဘူးတဲ့..မှန်ပါတယ် Blogger ဖြစ်ဖို့မခက်ခဲပါ သူသူကိုကို ၀ါသနာပါရင် free ပေးတဲ့ blog site တွေမှာ Sign up လုပ်ပြီး blogger အမည်ခံလို့ရပါတယ်။ဒါပေမယ့် အမည်ရ blogger တစ်ယောက်ဖြစ်ဖို့က မလွယ်ရေးချမလွယ်..အမည်ကြီး Blogger တစ်ယောက်ဖြစ်ဖို့အတွက် မိမိရေးမယ့် Blog (ဘာသာရေး၊နိုင်ငံရေး၊နည်းပညာ၊အစရှိသည်)တို့ကို တတ်ကျွမ်းထားရမည်ဖြစ်ပြီး အခြားဗဟုသုတနှင့် အပြစ်မရှိ အပြစ်ရှာပြီး ဆဲဆိုဝေဖန်မှုတွေကိုလဲ သည်းခံတတ်ရပါမယ်။
Blogger တွေဘာကြောင့် Blog တွေရေးကြတာလဲ
Blogger တွေဘာကြောင့် blog တွေရေးကြတာလဲလို့ မေးရင် အဓိကဖြေစရာက တစ်ခုပဲရှိပါတယ်..ဘာလဲ ဆိုရင် မိမိသိရှိနားလည်ထားတာတွေကို အခြားသူတွေကို မျှဝေ(sharing)လုပ်ခြင်လို့ပဲဖြစ်ပါတယ်။အဲဒီလို မျှဝေလို့လဲ သူတို့အနေနဲ့ဘာအကျိုးအမြတ်မှ မရကြပါဘူး..အချိန်ကုန်ပြီး online သုံးစွဲခတွေတက်တာပဲရှိပါတယ်..ဒါပေမယ့် သူတို့ရေးတဲ့ blog တွေကိုဖတ်ပြီး like လေးတွေပေးသွားလို့ share တွေလုပ်သွားလို့ like လေးတွေ share တွေ တက်လာတာကိုကြည့်ပြီးပီတိဖြစ်နေကြရတာပါ။Blog တွေရေး အမည်ကြီးသွားလို့ ကောင်းစားသွားတဲ့ Blogger တွေကိုမြန်မာပြည်မှာ လက်ချိုးရေလို့ရပါတယ်..ဒါပေမယ့်သူတို့တွေ အားမလျှော့ မိမိသိရှိထားတာတွေကို အများသူငှာကိုလဲ သိရှိနားလည်စေလိုတဲ့စေတနာတစ်ခုထဲနဲ့ မျှဝေပေးနေဆဲ.....
Blogger တွေနဲ့ Short Url (သို့)Ad link များ
၂၀၁၁-၁၂ နှစ်လောက်ကနေစပြီး မြန်မာ Blogger တွေအကြားမှာ Short url(ad link)တွေခေတ်စားလာကြပါတယ်။short url ဆိုတာက Blogger တွေဟာမိမိတို့တင်လိုက်တဲ့ software တွေ app တွေကိုတင်ထားတဲ့ link ကိုတိုက်ရိုက်မညွှန်းပဲ Adversiting ကုမ္ပဏီတွေနဲ့ချိတ်ဆက်ထားတဲ့ short url ဆိုဒ်တွေမှာ link တစ်ခုတစ်ဖန်ပြုလုပ်ပြီး ပြန်တင်ပေးခြင်းပဲဖြစ်ပါတယ်။အဲလို short link လေးတွေကို Click လိုက်ရင် မိမိသွားခြင်တဲ့ Link ရောက်ဖို့အတွက် စက္ကန့်အနည်းငယ်စောင့်ရင်း short url site ကတင်ထားတဲ့ကြော်ငြာကိုမကြည့်ခြင်လဲကြည့်နေရပါတယ်။အဲဒီလို short url တွေပြုလုပ်ခြင်းအားဖြင့် Blogger တွေဟာ short url site တွေဆီကနေ မဆိုသလောက်လေးသော အဖိုးအခ ကိုရရှိကြပါတယ်။ဒါပေမယ့် အမည်ကြီး Blogger တွေအဖို့ကတော့ မိမိ sharing လုပ်ထားတဲ့ software တွေ app တွေအတွက် link click သူများရင်များတဲ့အလျှောက်အကျိုးခံစားရပါတယ်။ Short Url site တွေအများကြီးရှိပါတယ် bitly ,bit.do ,ow.ly ,IOP,ly ,အစရှိသည်နဲ့အများကြီးပါ။ အချို့ဆိုဒ်တွေကတော့ပိုက်ဆံတကယ်ထုတ်လို့မရတဲ့ဆိုဒ်တွေလဲရှိပါတယ်။အဲလို Site တွေအများကြီးထဲမှာမှ မြန်မာ blogger တွေအကြား အသုံးများတဲ့ site ကတော့ ယင်ကောင်ပုံလေးနဲ့ Adfly ပဲဖြစ်ပါတယ်....ယခုဆိုရင် ဘယ်Blog ကြည့်ကြည့် ယင်ကောင်နဲ့မလွတ်တော့။ အချို့ Blog တွေဆိုရင် Ad ကိုနှစ်ထပ်၊သုံးထပ်အုပ်ကြပြီး Main Page ကိုတောင် ယင်ကောင်နားခိုင်းလာကြပါတယ်...ဒါကြောင့် ယခုနောက်ပိုင်း Blogger တိုင်းက Short url site နဲ့မကင်းသလို Blog တိုင်းကလဲ ယင်ကောင်တွေမကင်းတော့ပေ...............အားလုံးကိုကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ