ရှာဖွေမယ်

03 September, 2012

မိတ်ဆွေတို့အတွက် ဂဏန်းဗေဒင်

ကိုယ့်ရဲ့ မွေးနေ့ကို ချရေးလိုက်ပါ။ မွေးရက်နှင့်မွေးလသာလိုပါသည်။ခုနှစ်မလိုပါ။
ဥပမာ...မွေးရက် ၂၅ ရက်
မွေးလ + ၀၉ လ
---------
ပေါင်းခြင်း ၃ ၎
(အဆိုပါပေါင်းခြင်း ဂဏန်းနှစ်လုံးကိုပြန်ပေါင်းပါ)
ဥပမာ.. ၃+၄=၇
ဒါဆို (၇) ဂဏန်းသမားပေါ့။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ပြည့်ဂဏန်း ဥပမာ ၂+၈=၁၀ ဆိုရင်(၀ ဂဏန်းသမားပေါ့)။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ကျော်ဂဏန်း ဥပမာ ၂+၉=၁၁ ဆိုရင် အဲဒီ (၁၁) ဆိုတဲ့ဂဏန်းနှစ်လုံးကိုထပ်ပေါင်းပါ။ဥပမာ ၁+၁=၂ (၂ ဂဏန်းသမားပါ)

ကဲ အဲလိုပေါင်းပြီး သင့်ရဲ့ဂဏန်းကိုမှတ်ထားပြီး သင့်ဂဏန်းရဲ့ ဂုဏ်သတ္တိကိုအောက်မှာကြည့်လိုက်ရအောင်။

(၁)ဂဏန်းသမား
သင်သည်ထူးခြားသောဖြစ်၏ ။သို့သော အင်္ဂါဂြိုလ်ထဲရောက်နေသဖြင့် သင့်တွင် အတိုက်ခံကပေါများ၏။ယုတ်စွအဆုံး လေးဘေးက ဆိုက်ကားဆရာပင် သင့်ကိုဆိုက်ကားနဲ့
တိုက်ခြင်နေပါတယ်။(ဆိုက်ကားအကြွေးစီးလို့နေမှာ။)
ထို့သို့သော အင်္ဂါဂြိုလ် ထဲကလွတ်မြောက်ဖို့အတွက် ယတြာ- ဇင်ဘာဘွေ နိုင်ငံက ဇူးလူး လူမျိုးတွေမွေးထားတဲ့ ဇီးကွက် ရဲ့ ဇက်ပိုးကို ခပ် ဇက်ဇက်လေး လက်ဝါးဇောင်းနဲ့ ခုပ်းပေးလိုက်ပါ။အတိုက်အခံတွေပျောက်သွားပါလိမ့်မယ်။

(၂) ဂဏန်းသမား
သင်သည် အစွဲလမ်းကြီးသောသူဖြစ်၏။သင်အစွဲလမ်းကြီးသောလည်း သင့်ချစ်သူက သင့်ကိုသိပ်ဂရုစိုက်လိမ့်မည်မဟုတ်။သင့်ကိုတွေ့လျှင် ချွှဲနွဲ့ပြီး မတွေ့ရတော့ရင် ဒိုတာခုတ်ရင်း(သို့)ဘောလုံးပွဲ
ကြည့်ရင်း(သို့)မုန့်တွေအသားကုန်စား၇င်း(သို့)shopping ထွက်ရင်း(သို့) အလှပြင်ဆိုင်မှာဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် နဲ့ပျော်နေပါလိမ့်မည်။သင့်ကိုသတိရမည်မဟုတ်။
ယတြာ - ဒီတစ်ခါ သူနဲ့တွေ့ရင် သင်စီးထားတဲ့ဖိနပ်ကိုတယ်လီဖန်းလိုပါးမှာကပ်ပြီး"ဟေ့ဒီမှာ နင်ဘာတွေလုပ်နေတာလဲဆိုတာငါအကုန်သိတယ်နော်။ငါ့ကိုဘာမှတ်နေလဲ။နင့်လောက်တော့သနားတယ်" လို့ ပြောပြီး ဖိနပ်ကို kiss တစ်ချက်ပေးလိုက်ပါ။ပြီးရင် သင့်ချစ်သူရင်ခွင်ထဲတိုးဝင်ပြီး "ကြားလား" လို့မေးပြီး သူ့ကို kiss တစ်ချက်ပေးလိုက်ပါ။
ဒါဆို သင်တို့ဒီထက်မကအဆင်ပြေသွားပါလိမ့်မယ်။

(၃)ဂဏန်းသမား
သင်သည်(၃)ဆိုသည့်အတိုင်းတစ်ခါတစ်လေတွင် လည်မလိုလိုနဲ့ တော်တော် တုံး တတ်ပါ၏။၊ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်ပါတယ်။(ကိုးရီးယားထဲကလိုတော့မဟုတ်ပါ)။
သင်ချေးထားတာတွေကိုပြန်မဆပ်လို့ သင်ရယ် သင်ပိုက်ဆံချေးထားတဲ့သူရယ် သင်မိဘတွေရယ် လှပတဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ - အလွန်ထက်တဲ့ဓားမ တစ်လက်ကိုလက်ကကိုင်ပြီး သုံးဘီးကား(သို့)ဆိုက်တွဲ တစ်စီးကိုတားပြီး သုံးဘီးဆ၇ာကို ဓားသွေးကျောက်တစ်တုံး လက်ဆောက်ပေးလိုက်ပါ။သင့်ရဲ့အညံ့တွေ
ပိန်းကြာရွတ်ပေါ်ရေမတင်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

(၄) ဂဏန်းသမား
သင်သည်ပေါခြာခြာကြောင်တောင်တောင်လူဖြစ်လတ္တံ။ သင့်၏ ပေါခြာခြာ ပုံစံကြောင့် သင့်ကိုမည်သူမျှလေးစားလိမ့်မည်မဟုတ်။ယုတ်စွအဆုံး ရက်ကွက်ထဲက အမှိုက်ကောက်တဲ့ ကလေးတောင်လေးစားလိမ့်မည်မဟုတ်။
ယတြာ- ထမင်းစားလျှင် ခပ်ပေါ့ပေါ့ဟင်းကိုမစားဘဲ ခပ်လေးလေးစားပါ။ဥပမာ ဆားတစ်ထုတ်ကို (၃)ရက်နှုန်းနဲ့ (၁)လလောက်ခပ်လေးလေးစားပေးပါ။လမ်းထွက်ရင်လဲ ကျောပိုးအိတ်(သို့)လက်ကိုင်အိတ် ထဲကိုခပ်လေးလေး အုတ်နီခဲ လေးလုံးထည့်ပြီးမှထွက်ပါ။လူတွေအားလုံးသင့်ကို လေးစားသွားကြပါလိမ့်မယ်။

(၅) ဂဏန်းသမား
သင်သည်အလွန်ကြိုးစားတတ်သောသူဖြစ်၏။သို့သော်သင်ကြိုးစာလိုက်တိုင်းမှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေတတ်ပါလိမ့်မယ်။သင်ဘယ်လောက်ကြိုးစား ကြိုးစား နောက်ဆုံးတော့
ငါးဆယ် ရာခိုင်နှုန်းနဲ့အမြဲကျေနပ်နေရပါလိမ့်မယ်။
ယတြာ- ငါးသလောက်ပေါင်းစားပြီးငါးထပ်တိုက်ရဲ့ ၀ါရံတာကနေ "အောင်ပြီ" လို့ ငါးကြိမ်အော်လိုက်ပါ။အရာရာမှာပိုပြီးအောင်မြင်သွားပါလိမ့်မယ်။

(၆) ဂဏန်းသမား
သင်သည်ခြောက်သွေ့စွာအထီးကျန်နေသောသူဖြစ်၏။တစ်ယောက်ထဲနေရတာများလို့ စိတ်ခြောက်ခြားပြီး ကိုယ့်အရိပ်ကိုတောင်ပြန်ကြောက်နေတတ်ပါတယ်။
ယတြာ- ခြောက်မိုင် မှာနေတဲ့အခြောက်မကို ပန်းပွင့်ခြောက် ခြောက်ပွင့် နဲ့အတူ ခြိမ်းခြောက်စာတစ်စောင်ပို့လိုက်ပါ။သင်အားအင်တွေအလိုလိုရရှိလာပါလိမ့်မယ်။


(၇) ဂဏန်းသမား
သင်သည် အနှစ်မရှိဘဲ အခွံသာရှိသောသူဖြစ်၏။။ အခွန်မဆောင်နိုင်ဘဲ ဖွန်လဲကြောင်တတ်ပါသည်။
အရာရာတွင်လူတွေကသင့်ကိုပြီးပြည့်သူဟုထင်ထားသော်လည်းသင့်မှာ ဘာမှမရှိ ဗလာနတ္ထိ အခွံပဲရှိတတ်ပါတယ်။
အရာရာမှာပြည့်စုံသွားအောင်...ယတြာ- (၇)ရက်နေ့မနက်စောစော(၇)နာရီမှာ မြွေ(၇)ကောင်ရဲ့ အရေခွံ ကို လည်ပင်းမှာပတ်ပြီး (၇)လမ်းထိပ်မှာ Big Bag ရဲ့ ၇နာရီထိုးပြီးပြီ ဆိုတဲ့သီချင်းကိုအစအဆုံး(၇)ခေါက်အော်ဆိုလိုက်ပါ။အားလုံးပြည့်စုံသွားပါလိမ့်မယ်။

(၈) ဂဏန်းသမား
သင်သည်အလွန်ရှက်တတ်သောသူဖြစ်၏။သင်၏ပြင်းထန်သောရှက်ရွှံတတ်မှုကြောင့်လူတွေကြားထဲမှာပွဲမတိုးဘဲဖြစ်နေတတ်ပါတယ်။အဲဒီရှက်ရွှံတတ်မှုကြောင့်လဲသင်ဟာဘာမှမလုပ်ရဲဘဲအမြဲတမ်း
အခန်းထဲမှာအောင်းနေရတတ်ပါတယ်။
ရှက်ရွှံမှုနည်းပါးစေရန် ယတြာ-(၈)ပါးသီလစောင့်ပြီးနောက်တစ်နေ့မှာ ရှဉ့်(၈)ကောင်ဖမ်းပြီး သူတို့ခေါင်းကို ဥသျှစ်သီးနဲ့ သာသာလေးထုပြီး "shut up"လို့(၈)ကြိမ်ပြောလိုက်ပါ။အရှက်တရားနည်းပါးသွားပါလိမ့်မယ်။

(၉) ဂဏန်းသမား
အကောင်းဆုံးသောဂဏန်းပိုင်ရှင်ဖြစ်၏။သင်သည် ကိုယ့်အားကိုယ် ကိုး တတသောသူဖြစ်၏။သို့သော် ဒိထက်ပိုမိုကောင်မွန်စေရန်ယတြာခြေလိုက်ပါ။
ယတြာ- ည(၉)နာရီတိတိမှာအိပ်ပြီး နံနက်(၉)နာရီတိတိမှာ ကုန်းရုန်းထပြီး "ကုန်းက ကုန်းက" ဆိုပြီးစိတ်ပါလက်ပါဟစ်ကြွေးလိုက်ပါ။

(၀)ဂဏန်း

သင်သည်အရာရာတွင်ဘူကျနေတတ်ပြီး လာဘ်လာဘဲ ကင်းဝေးနေတတ်ပါတယ်။သင်ကိုလူအများကလဲ ဘူကောင်လို့သတ်မှတ်ထားပြီး သင်နှင့်မည်သည့်လုပ်ငန်းမှတွဲမလုပ်ခြင်ကြပါ။
သင့်ရဲ့ဘူကျမှုတွေ ပျောက်ဆုံး စေပြီး လူအများသင့်ကိုလက်တွဲစေရန် ယတြာ- ဘဲဥ ဆယ်လုံးကို ဆယ်မိနစ်အတွင်းကုန်အောင်စားပြီး ဆယ်ကြီးမြောက်မြို့ပတ်ရထားတွဲ ပေါ်လိုက်စီးပြီး ရထားဥသြ ဆွဲတိုင် သင်က "ဘူ" ဆိုပြီး ခပ်ကျယ်ကျယ်လေး လေလည်ပေးလိုက်ပါ။အားလုံး ok သွားပါလိမ့်မယ်။

(အားလုံးလိုအင်ဆန္ဒပြည့်ဝကြပါစေ)
စကားချပ်။ ။သင်တို့ရဲ့ ဂဏန်းတွေကိုမကောင်းတာတွေဟောမိလို့စိတ်တိုနေတယ်ဆိုရင် ဒီကောင်လေး ဆရာကြီး ဗေဒင်ကမှန်လိုက်တာလို့စိတ်ထဲတွေးပြီး ကျွန်တော့်ကို
ခွင့်လွှတ်ပေးကြပါလို့ ဆန္ဒပြုရင်း.................
နိုင်ငံကျော်ဆရာကြီးဇရက်နီရဲ့တပည့်
ဝေသာလီ ဆရာကြီး

ဗုဒ္ဓဘာသာ(၅)မျိုး


ဘာသာရေးစာအုပ်တစ်အုပ်မှာကျွန်တော်ဖတ်ဖူးတာလေးပါ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာကိုးကွယ်ယုံကြည်မှု ပုံစံအလိုက်အမျိုးအစားကွဲပြားခြားနားပါတယ်။ ထေရ၀ါဒ နဲ့ မဟာယာန ဆိုပြီးကွဲတာမျိုးမဟုတ်ပါဘူး။ကွဲပြားရတဲ့အကြောင်းရင်းနဲ့အမျိုးအစားတွေကဒီလိုပါ........

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။မိဘတွေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက အခြားဘာသာဝင်ဆို သူလဲအခြားဘာသာဝင်ပဲ။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မျိုးရိုးကြောင့် ဗုဒ္ဓဘာသာဖြစ်လာရပြီး ဘုရားတရား လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါခြင်းကို ကုလ လို့ခေါ်ပါတယ်။တော်တော်များများက ကုလ ဗုဒ္ဓဘာသာ ပါ။နောင်မှဆင်ခြင်ပါများပြီးသဘောပေါက်လာကြတာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တာကို
ဆိုလိုတာပါ။စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာတောင် အောင် နဲ့စတဲ့ဘုရားတွေကိုရွေးပြီးကိုးကွယ်တယ်။။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ အရုပ်တွေကို စင်အပြည့် တင်ပြီး ဘုရာ့းု့တော်နဲ့ ဆင်းတုတော်လေးက ဥာဏ်တော်တစ်မိုက်သာသာလောက်သာထားပြီး ကိုးကွယ်တဲ့သူတွေကို လာဘဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ ဘေးကင်းကွာပြီးအနာမဲ့စေဖို့ဆုတောင်းပြီး ကြောက်ကြောက်လန့်လန့် နဲ့ ဘုရားကို ကြောက်စရာ တစ်ခုဖွယ်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။

(အထက်မှာဖော်ပြခဲ့တဲ့ မိရိုးဖလာအရ ကိုးကွယ်တဲ့ ကုလ ဗုဒ္ဓဘသာ၊ လာဘ်လိုခြင်လို့ကိုးကွယ်တဲ့ လာဘ ဗုဒ္ဓဘာသာ၊ ကြောက်လို့ကိုးကွယ်တဲ့ ဘယဗုဒ္ဓဘာသာ၊ထို(၃)မျိုးကတော့ အနိမ့်စား ဗုဒ္ဓဘာသာတွေဖြစ်ပြီး။အောက်တွင်ဖော်ပြသော ဗုဒ္ဓဘာသာ(၂)မျိုးမှာ အထက်တန်း ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်ပြီး လေးနက်စွာ ပူဇော်ဆည်းကပ်တဲ့သူကို သဒ္ဒါဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
ဗုဒ္ဓံ ပူဇေမိ
ဓမ္မံ ပူဇေမိ
သံဃံ ပူဇေမိ ဆိုပြီး ဘုရား၊တရား၊သံဃာ တို့ကိုယုံကြည်မြတ်နိုးစွာပူဇော်ဖြင်းကိုခေါ်တာပါ။


(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားလေးပါးကို သေချာသိတဲ့ ဗုဒ္ဓဘာသာဝင်ကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
သစ္စာတစ်ရားလေးပါးကို သိမြင်ပြီး ဘုရားဟောကြားတော်မူခဲ့သော တရားဒေတနာ တော်များနှင့်အညီကျင့်ကြံနေထိုင်ပြီး သူတစ်ပါးတိုက်တွန်းချက်မပါဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဒ္ဒါတရား သုံးပါးပြည့်စုံ စွာဖြင့် စိတ်အားထက်သန်စွာလှုဒါန်း ပေးကမ်းသောသူကို ပညာဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
သတ္တ၀ါအားလုံးကျန်းမာ၊ချမ်းသာကြပါစေ။

သင့်ရဲ့အရေးကြီး folder ကို software မလိုဘဲ lock ချကြ၇အောင်


မင်္ဂလာပါ မိတ်ဆွေတို့.....
သင်တို့ရဲ့ အရေးကြီးတဲ့ data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေခြင်ဘဲဝှက်ထားခြင်ပေမယ့်
software မရှိလို့အခက်တွေ့နေပါသလား? ဘာ software မှ မလိုဘဲ သင့်ရဲ့ personal data file ကို lock ချလို့ရပါပြီ။(သိပြီးသောဆရာ့ ဆရာကြီးများမပါ)။
ကျွန်တော်အတတ်နိုင်ဆုံး ရှင်းအောင်းရေးသားပေးပါ့မယ်။အဆင်မပြေပါက ပြန်လည်မေးမြန်းနိုင်ပါတယ်။
အဆင့် ၁- desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် folder အသစ်တစ်ခုဆောက်ပါ။
အဆင့် ၂-ဆောက်ထားတဲ့ floder ကိုဖွင့်ပါ။ပြီးရင် အဲ folder အထဲမှာ notepad (တနည်းအားဖြင့်)text document တစ်ခုအသစ်ဆောက်ပါ။အဲဒီ note pad ထဲကို အောက်မှာပေးထားတဲ့ code တွေကိုကူးထည့်ပါ။
lock ချခြင်းအပိုင်း
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


အဆင့် ၃- ကူးထည့်ထားတဲ့ code တွေရဲ့ ၂၃ ကြောင်းမြောက်မှာ အနီရောင်နဲ့ကျွန်တော်ပြထားတဲ့ your password ဆိုတဲ့နေရာမှာ သင့်ပေးခြင်တဲ့ password ကိုအစားထိုးပါ။
အဆင့် ၄-ပြီးရင် mystore.bat ဆိုပြီး save ပါ။(mystore ဆိုတဲ့နေရာမှာသင်ပေးခြင်တဲ့အမည်ပေးလို့ရပါတယ်။ နောက်က .bat ဖြစ်ဖို့သာအရေးကြီးပါတယ် )။
အဆင့် ၅- အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ mystore ဆိုတဲ့ file တစ်ခုကိုတွေ့ရပါမယ်။အဲဖိုင်ကို double click ခေါက်လိုက်ပါ။
အဆင့် ၆-အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ Private ဆိုတဲ့ file နောက်တစ်ခုပေါ်လာပါမယ်။ အဲဒီ Private ဆိုတဲ့ file ထဲကို သင်ဝှက်ထားခြင်တဲ့ file ကိုထည့်လိုက်ပါ။ပြီးရင် အဲဒီ Privare file ကို ပြန်ပိတ်လိုက်ပါ။
အဆင့် ၇-ပြီးရင် စောစောက mystore ဆိုတဲ့ file ကို double click ပြန်ခေါက်လိုက်ပါ။
အဆင့် ၈-အဲအချိန်မှာ cmd command box လေးနဲ့ Are You sure want To Lock Folder<Y/N> ဆိုပြီး ပေါ်လာပါမယ်။ lock ချမှာသေချာတယ်ဆိုရင် Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။မသေချာသေးဘူးဆိုရင် N ကိုရိုက်ပြီး enter ခေါက်ပေါ့။(ခုတော့ Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါပြီ)။အဲအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ်။
အဆင့် ၉-သင့်ရဲ့ folder ကိုအောင်မြင်စွာ lock ချပြီးပါပြီ။
ပြန်ဖွင့်ခြင်းအပိုင်း
အဆင့် ၁-သင်သိမ်းထားတဲ့ folder ကိုဖွင့်ပြီး အထဲမှာရှိတဲ့ mystore ဆိုတဲ့ file ကို double click ခေါက်လိုက်ပါ။
အဆင့် ၂- cmd command box လေးနဲ့ enter password to unlock folder ဆိုပြီး တက်လာပါမယ်။ သင်ပေးထားတဲ့ password ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ သင့်ရဲ့ Private ဆိုတဲ့ folder ပြန်ပေါ်လာပါမယ်။
စကားချက်။ ။ဒီနည်းက လုံခြုံမှုရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ်။သင့်အတွက်အရေးကြီးတဲ့ data တွေသိမ်းမယ်ဆိုရင်တော့ဒီထက်ပိုလုံခြုံ တဲ့software တွေသုံးတာပိုကောင်းပါတယ်။ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီးသိမ်းတာအကောင်းဆုံးနည်းလမ်းပါပဲ။ အားလုံးပဲ data ပျောက်ဆုံးခြင်းမှကင်းဝေးကြပါစေ။