ခုတစ်လော facebook ပေါ်မှာအသုံးများလာတဲ့ ဒီဇိုင်းလှလှလေးတွေနဲ့ Facebook Theme Skin နှင့် Dislike button နဲ့ပတ်သတ်ပြီးပြောပါရစေ။ သိပြီးဖြစ်သော ဆရာ့ဆရာများအနေဖြင့် တားတားကို ဆေးမထိုးဘဲ ကျော်သွားပေးပါခင်ဗျာ(ကြောက်ရတယ်လေ)...........
Facebook Theme ပြောင်းနည်း(၂)ခုရှိပါတယ်
၁။web console ထဲတွင် script များထည့်ပြီးပြောင်းနည်း။
၂။social extra app ထည့်ပြီးပြောင်းနည်း။
script သုံးပြီးပြောင်းနည်းကအခန့်မသင့်ရင် တစ်ခုခုဘန်းခံရတတ်ပါတယ်။ခုကျွန်တော်ပြောမှာက Social extra app သုံးပြီးပြောင်းနည်းပါ။
ပထမဦးဆုံး social extra app ကို ဒီနေရာမှာ အရင် ယူလိုက်ပါ။
သင့် facebook ကိုဖွင့်လိုက်ပါ။
ပြီးရင် Install လုပ်လိုက်ရင် အောက်ကပုံလိုမျိုး သင့် facebook အကောင့်မှာ tool button လေးတစ်ခုပေါ်လာပါမယ်
ပြီးရင် အာ့ button ကိုတစ်ချက်ထောက်ပြီး Select New Skin ကိုရွေးလိုက်ပါ။
တက်လိုက်တဲ့ Site ထဲက Theme တွေအများကြီးထဲကတစ်ခုကိုရွေးပြီး Set This As My Facebook Skin ကိုနိုပ်ပြီး Continue ပေးလိုက်ပါ။
အာ့ဆိုသင့် facebook wall ကိုခုအတိုင်းမြင်ရပါပီ။
page အားလုံးမှာ skin ပေါ်ခြင်ရင်(သို့)profile တွေမှာပဲပေါ်ခြင်ရင် setting ထဲဝင်ပီး skin ကိုရွေးပြီးစိတ်ကြိတ်ပြင်နိုင်ပါတယ်။
Feautres setting ထဲမှာတော့ ပုံတွေပေါ်ထောက်လိုက် ပုံမှာပြထားတဲ့အတိုင်း auto zoom နဲ့ပြပေးတဲ့ tool နဲ့ Dislike button tool တို့ပါပါတယ်။ Dislike က Social Extra App သုံးသူအခြင်းခြင်းမှာပဲပေါ်မှာဖြစ်ပြီး App မသုံးသူတွေရဲ့ပိုစ့်ကို မိမိက Dislike ပေးလိုက်ရင် သူတို့ပိုစ့်အောက်မှာ Dislike ပေါ်အောင် App ကို Download ဆွဲခိုင်းတဲ့ Link ကို auto ကွန်မန့်ရေးပေးမှာဖြစ်ပါတယ်။
Effect setting ထဲမှာတော့ မိမိ Timeline ပေါ်မှာ နှင်းတွေ အသဲပုံလေးတွေ တဖွဲဖွဲကျနေတဲ့ပုံစံနဲ့ timeline ဘေးမှာ မီးလုံးလေးတွေ မိတ်တုတ် မိတ်တုတ်နဲ့ အလှဆင်ဖို့ tools တွေပါပါတယ်။
Select New Cursor tool ထဲမှာတော့ mouse pointer ပုံတွေကိုအမျိုးမျိုးပြောင်းလို့ရပါတယ်။
Skin တွေကိုမိမိပုံတွေ upload လုပ်ပြီးတော့လဲ ကိုယ်ပိုင် Skin လေးတွေဖန်တီးရယူနိုင်ပါတယ်။
ကျွန်တော်က ပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး။အဆင်ပြေတာရှိရင်တော့ chat box ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
ရှာဖွေမယ်
25 January, 2014
06 December, 2013
မြန်မာ့သမီးကောင်း
အို ...
မြန်မာ့သမီးငယ် ....
ဆံပင်ဆံသား ကေသာထက်မှာ နီကြောင်ကြားဖြူ ဆေးမကူပဲ
နဂိုမည်းနက် ပိတုန်းဆက်လေးနှင့် ပနံသင့်လိုက်ပါဘိကွယ် ..။
အို ...
မြန်မာ့သမီးငယ် ....
နဂိုနုနု ပါးပြင်ဖူးဖူးမှာ ....
ဆေးသားရောင်စုံ မိတ်ကပ်အလှ အပြုထားပဲ
မြန်မာ့ သနပ်ခါး ခပ်ပါးပါးလေးဖြင့် ကာရံသင့်လိုက်ပါဘိကွယ်။
အို ...
မြန်မာ့သမီးငယ် ...
အတို ၊အကွဲ ကူးစက်ယဉ်ကျေးမူ ၀တ်ဆင်မူကို မျက်ကွယ်ပြုလို့ 
ယဉ်ကျေးမူ ၀တ်စုံ ထဘီရင်ဖုံး အယဉ်ဆုံးလေးနှင့် အမြင်တင့်
လိုက်ပါဘိကွယ် .............................. ..........................။
အို ...
မြန်မာ့သမီးငယ် ....
အနောက်တိုင်းယဉ်ကျေးမူ နှင့် ပေါ်လွင်မူကို လစ်လျှူရှု
မြန်မာ့ ယဉ်ကျေးမူကို အစဉ်အလာတစ်ခုဖြင့်ထိန်းခဲ့ .........။
အို ....
မြန်မာ့ သမီးငယ် ...
မြန်မာမူနှင့် အစဉ်နုနိုင်ပါစေ .............................. ..........။
မြန်မာဓလေ့နှင့် အစဉ်မွေ့ နိုင်ပါစေ .............................. ..။
(မြန်မာ့သမီးကောင်းတစ်ယောက်ရေးသားထားသေကဗျာအားပြန်လည်ဖော်ပြအပ်ပါသည်)
မြန်မာ့သမီးငယ် ....
ဆံပင်ဆံသား ကေသာထက်မှာ နီကြောင်ကြားဖြူ ဆေးမကူပဲ
နဂိုမည်းနက် ပိတုန်းဆက်လေးနှင့် ပနံသင့်လိုက်ပါဘိကွယ် ..။
အို ...
မြန်မာ့သမီးငယ် ....
နဂိုနုနု ပါးပြင်ဖူးဖူးမှာ ....
ဆေးသားရောင်စုံ မိတ်ကပ်အလှ အပြုထားပဲ
မြန်မာ့ သနပ်ခါး ခပ်ပါးပါးလေးဖြင့် ကာရံသင့်လိုက်ပါဘိကွယ်။
အို ...
မြန်မာ့သမီးငယ် ...
အတို ၊အကွဲ ကူးစက်ယဉ်ကျေးမူ ၀တ်ဆင်မူကို မျက်ကွယ်ပြုလို့ 
ယဉ်ကျေးမူ ၀တ်စုံ ထဘီရင်ဖုံး အယဉ်ဆုံးလေးနှင့် အမြင်တင့်
လိုက်ပါဘိကွယ် ..............................
အို ...
မြန်မာ့သမီးငယ် ....
အနောက်တိုင်းယဉ်ကျေးမူ နှင့် ပေါ်လွင်မူကို လစ်လျှူရှု
မြန်မာ့ ယဉ်ကျေးမူကို အစဉ်အလာတစ်ခုဖြင့်ထိန်းခဲ့ .........။
အို ....
မြန်မာ့ သမီးငယ် ...
မြန်မာမူနှင့် အစဉ်နုနိုင်ပါစေ ..............................
မြန်မာဓလေ့နှင့် အစဉ်မွေ့ နိုင်ပါစေ ..............................
(မြန်မာ့သမီးကောင်းတစ်ယောက်ရေးသားထားသေကဗျာအားပြန်လည်ဖော်ပြအပ်ပါသည်)

အမျိုးအစား-
ကဗျာ
ဝမ်းနည်းမိတဲ့နံနက်ခင်း
ဒီနေ့မနက်ကျွန်တော် နံနက်စာစားဖို့ လဘက်ရည်ဆိုင်ကိုရောက်တော့ မူလတန်းပြဆရာလေးတစ်ယောက်နဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖဦးလေးတို့နှစ်ယောက် အသည်းအသန်ဆွေးနွေးနေကြတာတွေ့တော့သူတို့ဝိုင်းမှာသွားထိုင်ပြီးနားထောင်မိတယ်..သူတို့ပြောနေကြတာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ပတ်သတ်ပြီးပြောနေကြတာ..ကျောင်းဆရာလေးက ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့အချို့အချက်တွေကိုမပြင်ရင်ပိုကောင်းမယ်ဆိုတဲ့ဘက်ကနဲ့..ရပ်မိရပ်ဖဦးလေးကြီးက အများကောင်းဖို့ဘယ်သူရေးရေးပြင်သင့်ရင်ပြင်ရမယ်ဆိုတဲ့ဘက်က အပြုသဘောဆောင်သောဆွေးနွေးမှုပုံစံနဲ့ဆွေးနွေးနေကြတယ်....ကျွန်တော်လဲခဏလောက်ဘာမှမပြောပဲနားထောင်ပြီးတစ်ခုမေးကြည့်လိုက်တယ်...
"ဆရာတို့ ဦးလေးတို့ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တယ်ဆိုတဲ့ ဖွဲ့/ဥ မူကြမ်းနဲ့ မြန်မာပြည်ကပြဌာန်းခဲ့တဲ့ ဖွဲ့/ဥ တွေကိုပြည့်ပြည့်စုံစုံ သေချာဖတ်ဖူးလား "
လို့မေးကြည့်မိတယ်..နှစ်ယောက်လုံးကခေါင်ခါပြတယ်..ဒါနဲ့ဆက်မေးကြည့်လိုက်မိတယ်..
"ဒါဆိုဘာလို့ ကောင်းတယ်/မကောင်းဘူး ..ပြောင်းသင့်တယ်/မပြောင်းသင့်ဘူးလို့ပြောနိုင်တာလဲပေါ့''
သူတို့ပြန်ပြောတဲ့အဖြေက အားရစရာ ...
"သြော်မင်းကလဲ ..ဂျာနယ်တွေ.သတင်းစာတွေထဲမှာဖတ်ဖူးသူတွေက ဒီလောက်ဝေဖန်ဆွေးနွေးထားတာကွာ" တဲ့
ကျွန်တော်လဲဘာမှမပြောတော့ဘဲ ကိုယ်သောက်တဲ့လဘက်ရည်ဖိုးရှင်းပြီးပြန်လာခဲ့တယ်...စိတ်ထဲမှာတော့မကောင်း ဘာလို့လဲဆိုတော့ နောင်အနာဂတ်မှာလူရည်ချွန်တွေဖြစ်လာမယ့်မျိုးဆက်သစ်တွေကို လမ်းပြသင်ကြားပေးနေတဲ့ကျောင်းဆရာ နဲ့ ရပ်ကွက်ရဲ့သာရေးနာရေးတွေကိုဦးဆောင်နေပြီးတော့ အခွင့်အရေးရရင်နောင်တစ်ချိန်မှာရွေးကောက်ပွဲဝင်ခြင်တဲ့ လူကြီးတစ်ယောက်က ..ကိုယ်တိုင်လဲမလေ့လာဖူးဘဲနဲ့သူများပြောစကားလေသံကြားတရားဖမ်းနာပြီး နိုင်ငံတစ်ခုရဲ့အရေးကြီးဆုံးအရာတစ်ခုကို ပြောင်းသင့်/မပြောင်းသင့်ဆွေးနွေးဝေဖန်နေကြတယ်ဆိုတော့လေ..သူတို့နှစ်ယောက်ဆွေးနွေးမှုကြောင့်နိုင်ငံကြီးမပြောင်းလဲနိုင်ပေမယ့်.သူတို့လိုလူတွေများလာတဲ့အခါ...အိုး..အိုး ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်ဆက်မတွေးရဲတော့...........ဒါကြောင့်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအကြောင်းပြောတော့မယ်ဆိုရင်.နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေတော့သေချာဖတ်ထားသင့်ပါတယ်ဗျာ...
မဖတ်ရသေးသောသူများအတွက်ကျွန်တော်စုစည်းပြီးတင်ပေးလိုက်ပါတယ်...ကျွန်တော်တို့နိုင်ငံတိုးတက်ရေးကိုအကောင်းဆုံးပုံဖော်နိုင်ကြပါစေ...
ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ဖွဲ့/ဥ မူကြမ်း
၁၉၄၇ ဖွဲ့/ဥ
၁၉၇၄ ဖွဲ့/ဥ
၂၀၀၈ ဖွဲ့/ဥ
အမျိုးအစား-
စာအုပ်စင်,
ထွေရာလေးပါး
Subscribe to:
Comments (Atom)