ကျွန်တော်သည် တတ်သိနားလည်လို့
ဒီပိုစ့်ကိုရေးခြင်းမဟုတ်ပါ။သို့သော် ခင်ဗျားတို့
ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏ ကြားသိနေရတဲ့ အဖြစ်ပျက်တွေကိုကြည့်ပြီး
မိမိဘက်ကပြုလုပ်နိုင်တဲ့အရာလေးတွေကိုမေ့နေမှာစိုးလို့
ရေးလိုက်ရခြင်းဖြစ်ပါတယ်။
အကြောင်းအရာကတော့
ဖုန်းပျောက်ခြင်းကိစ္စပေါ့....
ခုခေတ်မှာလူတိုင်းနီပါးရဲ့လက်ထဲမှာမိမိတတ်နိုင်တဲ့တန်ဖိုးပေါ်မူတည်ပြီး
စမတ်ဖုန်းတွေရှိလာပါပြီ။ဒါပေမယ့်တော်တော်များများက game တွေ media app
တွေကလွဲပြီး တကယ်အရေးကြုံရင် အသုံးဝင်တဲ့ app
မျိုးတွေထည့်ထားမျိုးမရှိပါဘူး။ ဖုန်းပျောက်သွားလို့ရှိရင် ပြန်မရတာက ၈၀%
လောက်ရှိပါတယ်။ရိုးသားတဲ့သူကကောက်ရလို့ပေးပေးတာ ၂၀%သာသာလောက်ပဲရှိပါတယ်။
ခုချိန်မှာ ဖုန်းပျောက်လို့ ပြန်မရခဲ့ဘူးဆိုရင် ဟန်းဆက်အသစ်ဝယ်
ကဒ်အသစ်နဲ့ပြန်လျှောက်လိုက်ရင်အခြင်ပြေပေမယ့်
မကြာမီမြန်မာပြည်မှာတွင်ကျယ်လာမဲ့ ဖုန်းလေးရှိယုံနဲ့ ငွေလွှဲ
ငွေပို့ကိစ္စတွေကိုဆောင်ရွတ်နိုင်မယ့် mobile banking system တွေလိုပါ
ပါဝင်အသုံးပြုလာမယ်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ mobile လုံခြုံရေးဟာ
အရေးပါလာပါပြီ။
ဘယ်လိုကာကွယ်နိုင်သလဲဆိုရင်တော့
ကကွယ်နည်းအများကြီးရှိပါတယ်။အဲဒီအထဲက တော်တော်လေးအလုပ်ဖြစ်မဲ့
နည်းတစ်ခုတော့ရှိပါတယ်။ Anti Theft system ပါတဲ့ app တွေအသုံးပြုခြင်းပါပဲ။
anti theft system ပါတဲ့ app တွေအများကြီးရှိပါတယ်။မြန်မာ version ဖြစ်တဲ့
GOthere Myanmar မှာလဲဖုန်းပျောက်ပြန်ရှာတဲ့ Tools တွေပါပါတယ်။ခုတော့
လက်ရှိကျွန်တော်သုံးနေတဲ့ Dr.web ဆိုတဲ့ antivirus app လေးကိုပဲ ဥပမာအနေနဲ့
ပြောပါရစေ။ သူ့မှာ anti theft tools ထဲကို password
ပေးလိုက်ပြီးဝင်လိုက်ရင် မိမိရဲ့ဖုန်းကိုကာကွယ်ဖို့ Buddy Member
(မိတ်ဆွေ၊အပေါင်းသင်း)တွေရဲ့ mobile number(သို့) email တစ်ခုခု
(သို့)နှစ်ခုလုံးထည့်ပြီး ချိတ်ဆက်ထားလိုက်ပါ။ ပြီးရင်
ဖုန်းပျောက်ခဲ့ရင်သုံးဖို့ sms command တွေပေးလိုက်ပါ။အကယ်၍
မိမိဖုန်းပျောက်သွားခဲ့ရင် အဲဒီ Buddy Member တွေရဲ့ ဖုန်းတွေကနေ sms
ပို့ပြီး ပေးထားတဲ့ command တွေကိုလှမ်းခိုင်းလို့ရပါတယ်။ပေးနိုင်တဲ့
command တွေက....
၁။ဖုန်းကို lock ချတဲ့ lock phone
၂။ဖုန်းကို lock ချပြီးအချက်ပေးအသံမြည်စေတဲ့ lock phone & enable sound alert
၃။ဖုန်းရဲ့တည်နေရာကို gps ကနေပြပေးမဲ့ Detect phone location
၎။unlock phone
၅။မိမိရဲ့အချက်လက်တွေအားလုံးကိုဖျတ်ပေးမဲ့ Delete all data
၆။ reset password တို့ပဲဖြစ်ပါတယ်။
ဒါကြောင့်မိမိတို့အနေနှင့်ဖုန်းပျောက်သွားပြီဆိုတာနဲ့ ပထမဦးဆုံး
လုပ်သင့်တာက ပျောက်သွားတဲ့ဖုန်းကိုအရင်ခေါ်လိုက်ပါ။မကိုင်ဘူးဆိုရင်
မိမိဖုန်းပျောက်သွားကြောင်းနဲ့ ပြန်ပေးပါက ကျေးဇူးဆပ်ပါမည် ဘာညာဆိုပြီး
မြန်မာလိုရော အင်္ဂလိပ်လိုရော sms ၁၀ စောင်လောက်ပို့လိုက်ပါ။ အဲတာမှ reply
ပြန်မလုပ်ခဲ့ရင် detect phone location sms command နဲ့ရှာကြည့်ပါ။ အကယ်၍
မိမိဖုန်းမှာ အရေးကြီးအချက်အလက်တွေပါနေမယ်ဆိုရင်တော့
ပျောက်သွားမှန်းသိရင်သိခြင်း delete all data sms command နဲ့
ချက်ခြင်းအချက်အလက်တွေကိုဖျတ်ပစ်လိုက်တာအကောင်းဆုံးပါပဲခင်ဗျာ။
dr.web ကိုသုံးခြင်တယ်ဆိုရင်တော့ ဒီမှာယူလိုပါ
http://adf.ly/dkEAY
licence key ကိုဒီမှာယူပါ
http://adf.ly/dkEIr
apk ကို install လုပ်ပြီးပီဆိုရင် drweb32.key ဆိုတဲ့ လိုင်စင် key ကို
Sdcard/Android/data/com.drweb/file ထဲမှာ copy ကူးပြီးထည့်လိုက်ပါ။
လူလူခြင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ.....အားလုံးကိုကျေးဇူးတင်ပါတယ်။
ဆြာကီး
ရှာဖွေမယ်
18 February, 2014
12 February, 2014
အယုံလွယ်တဲ့ ကျွန်တော်တို့လူမျိုး နဲ့ ကိုင်လိုက်ရင် ပေါက်ကွဲတတ်တယ်ဆိုတဲ့ဖုန်း
အော်.. 0000 နဲ့စပြီးနံပါတ်အပူးတွေနဲ့
ဖုန်းကိစ္စက ခုလောက် ဟိုးလေးတစ်ကျော် ကျော်ဖြစ်သွားလိမ့်မယ်လို့
ကျွန်တော်မထင်မိ..... အဲကိစ္စနဲ့ပတ်သတ်ပြီး ရုံးကလူတွေရော သူငယ်ချင်းမိတ်ဆွေ
တွေကပါ ဖုန်းဆက်ပြီး ဟုတ် မဟုတ် လှမ်းမေးကြတယ်..... ကျွန်တော်လဲ အရူးတွေပဲ ယုံတာလို့ပြန်ပြောလိုက်တယ်.....
ငါတို့နားကလူတစ်ယောက်ဆီ အဲနံပါတ်နဲ့ဝင်လာတယ် လို့ ပြောတဲ့သူငယ်ချင်းတစ်ယောက်ကိုလဲ အဲလူငါ့ဆီခေါ်ခဲ့လို့ပြောလိုက်တော့ တိတ်သွားတယ်..... တစ်စိတ်ကို တစ်အိတ်လုပ်တဲ့သူတွေနဲ့ လေသံကြားတရားဖမ်းနာတတ်တဲ့သူတွေကြောင့် ရိုးအပြီး ယုံလွယ်တဲ့ သူတွေအလိမ်ခံနေရတာပါ......
ရှင်းရှင်းပြောရရင် 00002333 , 00004442 အစရှိတဲ့အဲလိုနံပါတ်တွေ က မြန်မာပြည်က ဆက်သွယ်ရေးကွန်ယက်ထဲမှာမရှိပါဘူး ။ ဒါပေမယ့် ဆက်သွယ်မှုလမ်းကြောင်း (track) တွေရှုပ်ထွေးသွားတဲ့အခါ အဲလိုနံပါတ်နဲ့ ဆင်တူတဲ့ နံပါတ်တွေဖြစ်သွားတတ်ပါတယ် ။ ဥပမာ -- ရန်ကုန်ကနေ မန္တလေးကို ဖုန်းခေါ်တယ်ဆိုပါစို့ ။ သာမန် track အတိုင်းသာဆိုရင် ရန်ကုန် စတေရှင် ကနေ Main စတေရှင်ကိုဝင်တယ် အဲကနေတစ်ဆင့် မန်းလေး စတေရှင် ရောက်ပြီး လက်ခံမဲ့သူကိုရောက်ပါတယ်။ အဲလို သာမန် track အတိုင်းသာဆိုလျှင် ရန်ကုန် code 01 ဟာပြောင်းမသွားပါဘူး။ အဲလိုမဟုတ်ဘဲ ရန်ကုန်စတေရှင် ကနေ Main စတေရှင် ရောက်တော့ မန်းလေးကိုသွားမည့် track က Load တွေများနေခဲ့ရင် လွတ်တဲ့ track တစ်ခုထဲဝင်ပြီး နီးစပ်ရာ စတေရှင်တစ်ခုကို ပတ်သွားတတ်ပါတယ်။အဲကနေ မန်းလေး track ထဲပြန်ဝင်မယ်လုပ်တော့ load ကများနေဆဲဆိုရင် နောက် track တစ်ခုအတိုင်း နောက် area တစ်ခုထဲထပ်ပတ်သွားပါတယ်။ အဲလို track တွေအများကြီးပတ်ပြီး မှ မန္တလေး area ထဲပြန်ဝင်သွားတဲ့အချိန်မှာ track လမ်းကြောင်းတွေ area တွေ ရှုပ်ထွေးသွားတဲ့အတွက် ရန်ကုန် code 01 လို့မပေါ်တော့ဘဲ ပေါ်ခြင်သလိုတွေပေါ်လာတတ်ပါတယ်။ unknown number ဆိုပြီးတော့လဲပေါ်တတ်ပါတယ်။ အဲလို ဖုန်းဝင်ခဲ့ရင်လဲ ကိုင်လိုက်ပါ ။မည်သည့်အန္တရာယ်မှမရှိပါ ။ များသောအားဖြင့် အဲလို track တွေရှုပ်သွားရင် လက်ခံမဲ့သူက ဖုန်းကိုင်လိုက်တာနဲ့ ပြန်ကျသွားတတ်ပါတယ်........
ကျွန်တော် track လမ်းကြောင်းပုံကြမ်းလေးနဲ့ ရှင်းပြထားပါသည်
ကျွန်တော်လဲသင်ထားဖူးတာကိုပြန်ရေးခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အမျိုးအစား-
နည်းပညာ
28 January, 2014
Mobile တွေကိုအသံလေးနဲ့ခိုင်းကြည့်ရအောင်
တန်ဖိုးကြီး Handset တွေမှာတော့ voice command နဲ့ခိုင်းတဲ့ setting က built in ပါ ပါတယ်။ဒါပေမယ့် ကျွန်တော်တို့လို ပေါလောရှောလော တန်ဖိုးနည်း Handset သုံးတဲ့သူတွေလည်း ယခု မိမိ mobile phone တွေကို အသံနဲ့ ဖုန်းခေါ်ခိုင်းလို့ application လေးတွေ ဖွင့်ခိုင်းလို့ရပါပြီ။ အရင်က ကျွန်တော် voice control app တွေအစုံစမ်းဖူးတယ်ဗျ.. စမ်းဖူးသမျှ ဒီကောင်လေးက အမိုက်ဆုံးပဲ။ Voice Speed Dial လို့ခေါ်ပါတယ်။ သုံးရတာကလည်းလွယ်ပါတယ်။ ကြိုက်တဲ့ဘာသာစကား ကြိုက်တဲ့အသံနဲ့ပြော အဓိက က မိမိတို့ မှတ်ထားတဲ့အသံနဲ့ အနီးစပ်ဆုံးပြောနိုင်ရင် ရပါပြီ.......
ပထမဆုံး ပုံမှာပြထားတဲ့နေရာကို နိုပ်ပြီးအသံသွင်းဖို့ဝင်လိုက်ပါ။
ပြီးရင် မိမိအသံသွင်းလိုတဲ့ Contact (သို့) Application တွေဘေးက Record သင်္ကေတလေးကိုနိုပ်ပြီး မိမိသွင်းခြင်တဲ့ အသံကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင်သွင်းလိုက်ပါ။ မိမိသွင်းထားတဲ့အသံတွေကို Voice Tag အထဲမှာပြန်နားထောင်လို့ရပါတယ်။
ပြီးရင် မိမိတို့ သွင်းထားတဲ့အသံကို ပြောပြီးခိုင်းကြည့်လိုက်ပါ။ သင်မှတ်ထားတဲ့ အသံအတိုင်း လုပ်ဆောင်ပေးပါလိမ့်မယ်။

file size 457 KB
(အားလုံးကို ကျေးဇူးတင်ပါတယ်)
အမျိုးအစား-
Andriod App
Subscribe to:
Comments (Atom)