ရှာဖွေမယ်

25 January, 2014

Facebook Timeline ကိုဒီဇိုင်းလှလှ Skin တွေပြောင်းပြီး Dislike Button ထည့်နည်း

ခုတစ်လော facebook ပေါ်မှာအသုံးများလာတဲ့ ဒီဇိုင်းလှလှလေးတွေနဲ့ Facebook Theme Skin နှင့် Dislike button နဲ့ပတ်သတ်ပြီးပြောပါရစေ။ သိပြီးဖြစ်သော ဆရာ့ဆရာများအနေဖြင့် တားတားကို ဆေးမထိုးဘဲ ကျော်သွားပေးပါခင်ဗျာ(ကြောက်ရတယ်လေ)...........

Facebook Theme ပြောင်းနည်း(၂)ခုရှိပါတယ်
၁။web console ထဲတွင် script များထည့်ပြီးပြောင်းနည်း။
၂။social extra app ထည့်ပြီးပြောင်းနည်း။
script သုံးပြီးပြောင်းနည်းကအခန့်မသင့်ရင် တစ်ခုခုဘန်းခံရတတ်ပါတယ်။ခုကျွန်တော်ပြောမှာက Social extra app သုံးပြီးပြောင်းနည်းပါ။

ပထမဦးဆုံး social extra app ကို ဒီနေရာမှာ အရင် ယူလိုက်ပါ။

သင့် facebook ကိုဖွင့်လိုက်ပါ။

 ပြီးရင် Install လုပ်လိုက်ရင် အောက်ကပုံလိုမျိုး သင့် facebook အကောင့်မှာ tool button လေးတစ်ခုပေါ်လာပါမယ်
ပြီးရင် အာ့ button ကိုတစ်ချက်ထောက်ပြီး Select New Skin ကိုရွေးလိုက်ပါ။
တက်လိုက်တဲ့ Site ထဲက Theme တွေအများကြီးထဲကတစ်ခုကိုရွေးပြီး Set This As My Facebook Skin ကိုနိုပ်ပြီး Continue ပေးလိုက်ပါ။
အာ့ဆိုသင့် facebook wall ကိုခုအတိုင်းမြင်ရပါပီ။
page အားလုံးမှာ skin ပေါ်ခြင်ရင်(သို့)profile တွေမှာပဲပေါ်ခြင်ရင် setting ထဲဝင်ပီး skin ကိုရွေးပြီးစိတ်ကြိတ်ပြင်နိုင်ပါတယ်။
Feautres setting ထဲမှာတော့ ပုံတွေပေါ်ထောက်လိုက် ပုံမှာပြထားတဲ့အတိုင်း auto zoom နဲ့ပြပေးတဲ့ tool နဲ့ Dislike button tool တို့ပါပါတယ်။ Dislike က Social Extra App သုံးသူအခြင်းခြင်းမှာပဲပေါ်မှာဖြစ်ပြီး App မသုံးသူတွေရဲ့ပိုစ့်ကို မိမိက Dislike ပေးလိုက်ရင် သူတို့ပိုစ့်အောက်မှာ Dislike ပေါ်အောင် App ကို Download ဆွဲခိုင်းတဲ့ Link ကို auto ကွန်မန့်ရေးပေးမှာဖြစ်ပါတယ်။
Effect setting ထဲမှာတော့ မိမိ Timeline ပေါ်မှာ နှင်းတွေ အသဲပုံလေးတွေ တဖွဲဖွဲကျနေတဲ့ပုံစံနဲ့ timeline ဘေးမှာ မီးလုံးလေးတွေ မိတ်တုတ် မိတ်တုတ်နဲ့ အလှဆင်ဖို့ tools တွေပါပါတယ်။

 Select New Cursor tool ထဲမှာတော့ mouse pointer ပုံတွေကိုအမျိုးမျိုးပြောင်းလို့ရပါတယ်။

Skin တွေကိုမိမိပုံတွေ upload လုပ်ပြီးတော့လဲ ကိုယ်ပိုင် Skin လေးတွေဖန်တီးရယူနိုင်ပါတယ်။

ကျွန်တော်က ပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး။အဆင်ပြေတာရှိရင်တော့ chat box ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

6 comments:

  1. နည်းနည်း များ လေးသွားမလားပဲ..

    ReplyDelete
    Replies
    1. ကျွန်တော်သုံးနေသလောက်တော့မလေးဘူး ခင်ဗျ

      Delete
  2. tool မပေါ်လို့ပါ....ဘယ်လိုလုပ်ရမလဲပြောပါအုံး....

    ReplyDelete
    Replies
    1. Social Extra ကို install လုပ်လိုက်ရင် ပေါ်ပါတယ် ၊ ဖွင့်ဖွင့်ခြင်းတော့မပေါ်ပါဘူး စက္ကန့်အနည်းငယ်တော့စောင့်ပေးပါနော် ပေါ်လာပါလိမ့်မယ်

      Delete
  3. ဖြေပါအုံးနော်...sayargyi.....

    ReplyDelete
  4. Social Extra ကို install လုပ်လိုက်ရင် ပေါ်ပါတယ် ၊ ဖွင့်ဖွင့်ခြင်းတော့မပေါ်ပါဘူး စက္ကန့်အနည်းငယ်တော့စောင့်ပေးပါနော် ပေါ်လာပါလိမ့်မယ်

    ReplyDelete

ဝေဖန်ချက်များအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ