ရှာဖွေမယ်

04 December, 2013

ယင်ကောင်နားသွားတဲ့Blog စာမျက်နှာများ


ကျွန်တော်လဲဝေဖန်လေကန်ရေးတွေမရေးဖြစ်တာကြာပါပြီ..ဒီနေ့တော့ Blogger တွေရဲ့အကြောင်းကိုစဉ်းစားမိလို့ယခုလိုချရေးလိုက်တာပါ။ Blogger တစ်ယောက်ဖြစ်ဖို့ဆိုတာမခက်ပါဘူးတဲ့..မှန်ပါတယ် Blogger ဖြစ်ဖို့မခက်ခဲပါ သူသူကိုကို ၀ါသနာပါရင် free ပေးတဲ့ blog site တွေမှာ Sign up လုပ်ပြီး blogger အမည်ခံလို့ရပါတယ်။ဒါပေမယ့် အမည်ရ blogger တစ်ယောက်ဖြစ်ဖို့က မလွယ်ရေးချမလွယ်..အမည်ကြီး Blogger တစ်ယောက်ဖြစ်ဖို့အတွက် မိမိရေးမယ့် Blog (ဘာသာရေး၊နိုင်ငံရေး၊နည်းပညာ၊အစရှိသည်)တို့ကို တတ်ကျွမ်းထားရမည်ဖြစ်ပြီး အခြားဗဟုသုတနှင့် အပြစ်မရှိ အပြစ်ရှာပြီး ဆဲဆိုဝေဖန်မှုတွေကိုလဲ သည်းခံတတ်ရပါမယ်။ 

Blogger တွေဘာကြောင့် Blog တွေရေးကြတာလဲ
Blogger တွေဘာကြောင့် blog တွေရေးကြတာလဲလို့ မေးရင် အဓိကဖြေစရာက တစ်ခုပဲရှိပါတယ်..ဘာလဲ ဆိုရင် မိမိသိရှိနားလည်ထားတာတွေကို အခြားသူတွေကို မျှဝေ(sharing)လုပ်ခြင်လို့ပဲဖြစ်ပါတယ်။အဲဒီလို မျှဝေလို့လဲ သူတို့အနေနဲ့ဘာအကျိုးအမြတ်မှ မရကြပါဘူး..အချိန်ကုန်ပြီး online သုံးစွဲခတွေတက်တာပဲရှိပါတယ်..ဒါပေမယ့် သူတို့ရေးတဲ့ blog တွေကိုဖတ်ပြီး like လေးတွေပေးသွားလို့ share တွေလုပ်သွားလို့ like လေးတွေ share တွေ တက်လာတာကိုကြည့်ပြီးပီတိဖြစ်နေကြရတာပါ။Blog တွေရေး အမည်ကြီးသွားလို့ ကောင်းစားသွားတဲ့ Blogger တွေကိုမြန်မာပြည်မှာ လက်ချိုးရေလို့ရပါတယ်..ဒါပေမယ့်သူတို့တွေ အားမလျှော့ မိမိသိရှိထားတာတွေကို အများသူငှာကိုလဲ သိရှိနားလည်စေလိုတဲ့စေတနာတစ်ခုထဲနဲ့ မျှဝေပေးနေဆဲ.....

Blogger တွေနဲ့ Short Url (သို့)Ad link များ  

၂၀၁၁-၁၂ နှစ်လောက်ကနေစပြီး  မြန်မာ Blogger တွေအကြားမှာ Short url(ad link)တွေခေတ်စားလာကြပါတယ်။short url ဆိုတာက Blogger တွေဟာမိမိတို့တင်လိုက်တဲ့ software တွေ app တွေကိုတင်ထားတဲ့ link ကိုတိုက်ရိုက်မညွှန်းပဲ Adversiting ကုမ္ပဏီတွေနဲ့ချိတ်ဆက်ထားတဲ့ short url ဆိုဒ်တွေမှာ link တစ်ခုတစ်ဖန်ပြုလုပ်ပြီး ပြန်တင်ပေးခြင်းပဲဖြစ်ပါတယ်။အဲလို short link လေးတွေကို Click လိုက်ရင် မိမိသွားခြင်တဲ့ Link ရောက်ဖို့အတွက် စက္ကန့်အနည်းငယ်စောင့်ရင်း short url site ကတင်ထားတဲ့ကြော်ငြာကိုမကြည့်ခြင်လဲကြည့်နေရပါတယ်။အဲဒီလို short url တွေပြုလုပ်ခြင်းအားဖြင့် Blogger တွေဟာ short url site တွေဆီကနေ မဆိုသလောက်လေးသော အဖိုးအခ ကိုရရှိကြပါတယ်။ဒါပေမယ့် အမည်ကြီး Blogger တွေအဖို့ကတော့ မိမိ sharing လုပ်ထားတဲ့ software တွေ app တွေအတွက် link click သူများရင်များတဲ့အလျှောက်အကျိုးခံစားရပါတယ်။ Short Url site တွေအများကြီးရှိပါတယ် bitly ,bit.do ,ow.ly ,IOP,ly ,အစရှိသည်နဲ့အများကြီးပါ။ အချို့ဆိုဒ်တွေကတော့ပိုက်ဆံတကယ်ထုတ်လို့မရတဲ့ဆိုဒ်တွေလဲရှိပါတယ်။အဲလို Site တွေအများကြီးထဲမှာမှ မြန်မာ blogger တွေအကြား အသုံးများတဲ့ site ကတော့ ယင်ကောင်ပုံလေးနဲ့ Adfly ပဲဖြစ်ပါတယ်....ယခုဆိုရင် ဘယ်Blog ကြည့်ကြည့် ယင်ကောင်နဲ့မလွတ်တော့။ အချို့ Blog တွေဆိုရင် Ad ကိုနှစ်ထပ်၊သုံးထပ်အုပ်ကြပြီး Main Page ကိုတောင်  ယင်ကောင်နားခိုင်းလာကြပါတယ်...ဒါကြောင့် ယခုနောက်ပိုင်း Blogger တိုင်းက Short url site နဲ့မကင်းသလို Blog တိုင်းကလဲ ယင်ကောင်တွေမကင်းတော့ပေ...............အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒုတိယကျောင်းတော်ကြီး(သို့)ကျူရှင်

ဒီနေ့ ကျွန်တော်တို့ရဲ့ ပညာဒါနအခမဲ့စာသင်ဝိုင်းမှာ ကလေးတွေကိုစာစစ်ပေးနေရင်း အကြောင်းအရာတစ်ခုခေါင်းထဲဝင်လာတယ်။အဲဒါဘာလဲဆိုတော့ ကျောင်းသူ/ကျောင်းသား တွေကြားမှာစာမေးပွဲအောင်ဖို့အရေးပါပြီးတော့
ဒုတိယကျောင်းတော်ကြီးသဖွယ်ဖြစ်လာတဲ့ ကျူရှင် တွေအကြောင်းပါ။ကျူရှင်တွေဖွင့်တာ/တက်တာကတော့ကောင်းတာရှိသလို.မကောင်းတာတွေလဲရှိပါတယ်။ကျောင်းသူ/ကျောင်းသား တွေအတွက်လဲအဆင်ပြေ သင်တဲ့သူလဲအဆင်ပြေအောင် စေတနာရှေ့ထားပြီးဖွင့်တဲ့ကျူရှင်တွေရှိသလို ငါ့ကျူရှင်မတက်လို့ကတော့ ဆိုတဲ့ကျူရှင်တွေ...၃လပြတ်အထူးကျူရှင် ၁လအတွင်းအထူးအောင် စတဲ့ပညာရေး ရေစီးကြောင်းထဲလုပ်စားနေတဲ့ကျူရှင်တွေလဲ ဒုနဲ့ဒေးပါ။ရှင်းရှင်းပြောရရင် ကျွန်တော်လဲငယ်ငယ်တုန်းက ကျွန်တော့်အဖေကျူရှင်သင်လို့ရတဲ့ လခလေးနဲ့ကြီးပြင်းခဲ့သူပါ..ထားလိုက်ပါတော့။ဆက်ပြောရရင် ကျူရှင်တက်နကြတဲ့ ကျောင်းသူ/ကျောင်းသားတွေရဲ့ ကျူရှင်တက်ရခြင်းအကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင်..

၁။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုပိုမိုနားလည်တတ်မြောက်လို၍ကျူရှင်တက်ခြင်း
    သင်ယူတတ်မြောက်လိုစိတ်ပြင်းပြတဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့ကြောင်းရင်းပါ။ကျောင်းမှ သင်ကြားပေးလိုက်တာတွေကို ပိုမိုနားလည်ဖို့အတွက် ကျူရှင်တက်ကြခြင်းပါသည်။

၂။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုနားမလည်၍ကျူရှင်တက်ခြင်း
    ကျောင်းသူ/ကျောင်းသားတော်တော်များ ကျူရှင်တက်ရတဲ့အကြောင်းပါ။ကျောင်းမှာသင်ပေးတာတွေကို သေချာနားမလည်လို့ ဒါမဟုတ်သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေက ကျောင်းမှာသေချာမသင်ပေးဘဲ ကျူရှင်ရောက်မှပြန်သင်ပေး ရခြင်းတွေကြောင့် ကျူရှင်တက်ရခြင်းဖြစ်ပါသည်။

၃။ကျောင်းပုံမှန်မတက်၍ကျူရှင်တက်ရခြင်း
   ကျောင်းသူ/ကျောင်းသားတွေအနေဖြင့် ကျောင်းလဲပုံမှန်မတက်၊ကျောင်းတက်တော့လဲ သင်တဲ့စာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စာမှုမရှိလို့ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။ဒါက အခြေခံပညာကျောင်းတွေမှာသာမက တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေမှာလဲဖြစ်တတ်တဲ့အကြောင်းပါ။တစ်ခါက ကျွန်တော်ညီတစ်ယောက်လိုခင်ရတဲ့ တက္ကသိုလ်ကျောင်းသာတစ်ယောက်ကိုမေးကြည့်တယ် "ဟကောင် မင်းကျောင်းလဲပုံမှန်မတက်ဘူး..စာမေးပွဲကြရင်ဘယ်နဲ့လုပ်မတုန်း" လို့ပေါ့။အဲဒီအခါသူက "ဟာ အကိုကလည်း စာမေးပွဲနီးရင်ကျူရှင်တွေဖွင့်မှာလေ" တဲ့ အဲဒီလိုနဲ့ပဲသူအခုစာမေးပွဲအောင်သွားတယ်ဗျာ..မကြာခင် ဘွဲ့တောင်ရတော့မယ်..ကောင်းလိုက်တဲ့စနစ်နော်..

၎။ကျူရှင်တက်ရင်မေးခွန်းရလို့ ကျူရှင်တက်ခြင်း
   ဆရာ/ဆရာမ တွေအနေဖြင့်မိမိကျူရှင်လူများလာအောင်နဲ့ မိမိကျူရှင်တက်တဲ့ကလေးတွေလဲ အဆင့်တွေကောင်းလာပြီး အခြား ကျောင်းသူ/ကျောင်းသားတွေလဲ မိမိမှာသာကျူရှင်တက်အာင် မိမိထုတ်ထားတဲ့မေးခွန်းတွေကို ကျူရှင်မှာ ချပြပေးခြင်းများကြောင့်ကျူရှင်တက်ရခြင်းဖြစ်ပါသည်။

၅။ပျော်ပါးလိုစိတ်ဖြင့်ကျူရှင်တက်ခြင်း
  အချို့အပျော်အပါးမက်တဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။  စာကိုစိတ်ဝင်စားလို့လဲမဟုတ်ဘဲသူငယ်ချင်းများနဲ့ ဟေးလေးဝါးလားဖြင့် ပျော်ပါးလိုပြီး ကျူရှင်တက်ရင်အချိန်တန်အောင်မှာပဲဆိုတဲ့စိတ်ကြောင့်ကျူရှင်တက်ခြင်းဖြစ်ပါသည်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော့်အဖေ ကျူရှင်သင်တုန်းက ဝေတဲ့ လက်ကမ်းကြော်ငြာက စာသားလေးတစ်ခုသွားသတိရတယ်..."လူပျင်း လူပျော်များအတွက်နေစရာမရှိ" တဲ့ အဲတုန်းက စည်းကမ်းတင်းကျပ်တဲ့ဖေဖေ့ကျူရှင်မှာ တော်ရုံတန်ရုံစတာနောက်တာတွေကိုလွတ်ပေးထားတဲ့ကျူရှင်တွေလောက်တက်တဲ့ ကျောင်းသူ/ကျောင်းသား
မများခဲ့.........


အဆိုပါကျူရှင်တက်ရတဲ့အကြောင်းတွေကိုချုံကြည့်လိုက်ပြီးတော့ အကယ်၍
  • ကျောင်းသူ/ကျောင်းသားတွေသာ ကျောင်းမှာစာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြပြီး အိမ်မှာမိမိဘာသာပြန်လည်လေ့လာနိုင်စွမ်းရှိခဲ့ရင်....
  • သင်ကြားပေးတဲ့ ဆရာ/ဆရာတွေသာ(အမှန်တကယ်လက်တွေ့သင်ပေးနေသော ဆရာ/ဆရာမများကို မဆိုလိုပါ)ကျောင်းမှာစာကို ဂရုတစိုက်နဲ့ တတ်မြောက်နားလည်သည်အထိသင်ကြားပေးခဲ့မယ်ဆိုရင်......

  • အိမ်က ကလေးတွေရဲ့ကျူရှင်ဖိုးကို မနဲရှာနေရတယ်ဗျာ ဆိုတဲ့အသံတွေ......
  • ကျောင်းတွေမှာသေသေချာချာ မသင်ကြားပေးတဲ့ဆရာ/ဆရာမတွေ
  • ပညာရေး ရေးစီးကြောင်းထဲမှာ လုပ်စားနေတဲ့ ဘာညာသရကာ ကျူရှင်ဆရာတွေ..........အားလုံးပျောက်ကွယ်သွားပြီး မှန်ကန်ပြီး တိုးတက်တဲ့ သင်ကြားမှုစနစ်တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

(မည်သည့်ဆရာ/ဆရာမ များကိုမှမရည်ရွယ်ပါ။တိုက်ဆိုင်သွားပါကခွင့်လွတ်ပေးနိုင်ပါရန်.....အာစရိယဂုဏော အန္တောပါ....)


20 October, 2012

Facebook ရဲ့လုပ်ဆောင်ချက်များ

စာအုပ်အမည် = Facebook ရဲ့လုပ်ဆောင်ချက်များ
စာရေးသူ        =စုကြည်ထွေး
အကြောင်းအရာ = လူမှုရေးကွန်ယက် တစ်ခုဖြစ်တဲ့ facebook ကိုကောင်းမွန်စွာအသုံးပြုတတ်စေ၇န်ရေးသားထားပါတယ်။
စာအုပ်ရယူလိုပါက ဒီမှာယူ  ပါ