ရှာဖွေမယ်

05 July, 2014

ဘုတ်စာမျက်နှာ (အပိုင်း ၁)

ဘုတ်မျက်နှာ ...... ဆိုတာကျွန်တော်တို့ရွာလေးရဲ့ အမည်လေးပါ။ကျွန်တော်တို့ရွာမှာ အိမ်ခြေနဲ့ လူဦးရေသိပ်မများပေမယ့် ဟိုအဖွဲ့ ဒီအဖွဲ့နဲ့ ပြည်သူ့စစ်ယောင်ယောင် ဘာယောင်ယောင်ညာယောင်ယောင်လူတွေကအများသားဗျ.... အဲဒီအထဲမှာ ရွာတောင်ပိုင်းက ဘကြီးပြောင်တို့အဖွဲ့ နဲ့ ရွာမြောက်ပိုင်းက ကြီးတော်ဆုတို့အဖွဲ့ က နမယ်အကြီးဆုံးပဲ...နောက်ပြီးကျွန်တော်တို့ရွာသူရွာသားတော်တော်များများမှာအကျင့်တစ်ခုရှိတယ်...အဲဒီအကျင့်ကတော့

ဝုန်း........အုန်း....ဂွပ်....အား ကျွတ်ကျွတ်
အဖေ အဖေ ဘာဖြစ်သွားလဲ
ရတယ် ရတယ် ဘာမှမဖြစ်ဘူး သမီးရော
ခြေထောက်တော့ဓားနည်းနည်းရှ သွားတယ်
အင်းဒါဆိုလဲ ထထ မှန်း ညဉ်းဒဏ်ရာကြည့်ရအောင်.ဟာ...သမီး ညဉ်းသွေးတွေအများကြီး ထွက်နေပါလား သွားသွား အိမ်အမြန်ပြန်ပြီးဆေးထည့်ချေ တော်ကြာထန်းရည်လာသောက်တဲ့ကောင်တွေတွေ့သွားရင်တစ်မျိုးထင်နေဦးမယ် ကျည်တောက်တွေထားခဲ့လိုက်တော့ အဖေလဲပြန်နားတော့မယ် ........

ထန်းတက်သမားကိုအုန်းခင်တစ်ယောက်ထန်းပင်ပေါ်အတက်ထန်းတက်လှေကားကနေ ခြေချော်ပြီး ထန်းပင်အောက်မှာထန်းရည်ကျည်တောက်တွေလိုက်သိမ်းရင်း ရှုးရှုးထိုင်ပေါက်နေတဲ့ သူ့သမီးအပေါ်ပြုတ်ကျပြီး သူ့ခါးမှာထိုးထားတဲ့ထန်းလှီးဓားက သမီးဖြစ်သူ စိန်ပုရဲ့ ဘယ်ဘက် ပြောင်ရင်းနေ၇ိာုခိုက်မိပြီး ဒဏ်ရာနည်းနည်းရသွားတာပါ။ဒါပေမယ့် ဒဏ်ရာက နည်းနည်းနက်တော့ သွေးထွက်များပြီး စိန်ပုရဲ့ပေါင်ရင်းတစ်ခုလုံး သွေးတွေရွှဲစိုသွားတော့သည်။ဒါနဲ့ ကိုအုန်းခင်ကလဲ ထန်းရည်လာသောက်တဲ့သူတွေရောက်လာရင် သူ့သမီးသွေးတွေကိုမြင်ပြီး တစ်မျိုးထင်မှာစိုးလို့ အိမ်အမြန်ပြန်ဆေးထည့်ခိုင်းလိုက်တော့ စိန်ပုက ထန်းတဲလေးရှိရာကို ခြေထောက်လေးထော့နဲ့ထော့နဲ့  နဲ့ အမြန်ပြန်သွားသော်လည်း ကိုအုန်းခင်က သမီးဖြစ်သူကို စိတ်မချလို့ ထန်းလှီးဓားလေးကိုကောက်ပြီးအနောက်ကနေလိုက်လာပါတော့သည်။

ဟဲ့ ဟဲ့ စိန်ပု ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ ထဘီတစ်ထည်လုံးလဲသွေးတွေရွှဲလို့  ...မေးသံအကြား စိန်ပုလဲ ခပ်သွက်သွက်လေးလှမ်းလာရာကနေရပ်ပြီးကြည့်လိုက်တော့ ထန်းတောထဲမှာထန်းလက်ခြောက်တွေလာလာကောက်တဲ့ ဒေါ်ဘုမ... သူရဲ့နောက်မလှမ်းမကမ်းမှာတော့ ထန်းရည်လာသောက်ကြတဲ့ ချစ်ဖေတို့အုပ်စု ကိုတွေ့တော့ စိန်ပုလဲ .. ဘာမှမဖြစ်ပါဘူး အရီးလေး ဒေါ်ဘုမ ရေ .. ဟု ပြောပြီးခပ်သွက်သွက်လေး လှမ်းထွက်ခဲ့လေသည်။ ဒါနဲ့ ဒေါ်ဘုမ လဲ စိန်ပုလှမ်းသွားရာကို နားမလည်စွာဖြင့် ငေးကြည့်နေတုန်း အနောက်ကနေဓားကြီးကိုင်ပြီးလိုက်လာတဲ့ ကိုအုန်းခင်ကိုတွေ့တော့ 

ဟဲ့ အုန်းခင် နင့်သမီးကဘာဖြစ်တာတုန်း သွေးတွေလဲရွှဲလို့ မေးတော့လဲ ဘာမှမပြောဘူး
ဘာမှမဖြစ်ပါဘူး အမရာ ကျွန်တော်ခြေချော်ပြီးလှေကားပေါ်ကနေ စိန်ပုပေါ်ပြုတ်ကျတာ ထန်းလှီးဓားနဲ့စိန်ပုကိုနည်းနည်းခိုက်မိသွားတာပါ အမရာ
ဟင် စိန်ပုက ထန်းပင်အောက်တည့်တည့်ဘာလာလုပ်တာတုန်းဟ သူ့အပေါ်ပြုတ်ကျရအောင်
အော် မနေ့က သူ့အမေ ဟိုဘက်ရွာသွားတာပြန်မလာသေးလို့ သူ့အမေအစား ထန်းရည်ကျည်တောက်တွေလိုက်သိမ်းရင်း ထန်းပင်ရင်းမှာရှုးရှုးဝင်ပေါက်တာ အမရေ ကိုယ့်ထမင်းရှင်ထန်းပင်ရင်းမှာရှုးရှုးပေါက်လို့ ထန်းတောစောင့်နတ်က ကိုင်လိုက်တာနေမှာပါဗျာ အာ့နဲ့ကျွန်တော်လဲသူ့စိတ်မချလို့လိုက်လာတာ ...... ဟုပြောပြီး ကိုအုန်းခင်လဲ သမီးဖြစ်သူနောက်သို့အမြန်လိုက်သွားသောအခါ ထန်းရည်လာသောက်ကြသော ချစ်ဖေတို့အုပ်စုလဲ ဒေါ်ဘုမအနားသို့ရောက်လာပြီ

ဗျို့ ဒေါ်ဘုမ ကိုအုန်းခင် သားအဖ ၂ ယောက် ပျာယီးပျာယာနဲ့ဘာဖြစ်နေကြတာတုန်းဗျ
မသိပါဘူးအေ စိန်ပုတစ်ယောက်လဲ ဆီးစပ်တစ်ခုလုံးမှာသွေးတွေရွှဲလို့  အုန်းခင်ပြောတာတော့ သူ့သမီးထန်းပင်ရင်းမှာရှုးရှုးပေါက်တာ ထန်းတောစောင့်နတ်မကြိုက်တော့ နတ်ကိုင်လိုက်လို့ ထန်းပင်ပေါ်ကနေ သူ့သမီးအပေါ်သူပြုတ်ကျပြီးဓားနဲ့ထိုးမိသွားတယ်လို့ပြောတာပဲ .. ဒါနဲ့ စောစောစီးစီး နင်တို့က ဘယ်တုန်း
မနေ့ကများသွားလို့ နည်းနည်းသွားဖြေမို့ ဟီးးးးးး
အေး အေး ကြွကြွ နင်တို့ခုလိုစောစောစီးစီးကတည်းကနေကြည့်သောက် လူ့လောက
ကနေစောစောစီးစီး ကြွနေဦးမယ်.....

ဒါနဲ့ ချစ်ဖေတို့လဲ ကိုအုန်းခင်ရဲ့ထန်းတဲကိုရောက်တော့ ကိုအုန်းခင်က သူဒီနေ့ ထန်းမတက်နိုင်သဖြင့်ထန်းရည်မရကြောင်းပြောပြီး ချစ်ဖေတို့ကိုပြန်လွှတ်လိုက်သောအခါ ချစ်ဖေတို့လဲ ငါးမရရေချိုးပြန်မယ်ဆိုပြီး အဖြူထည်ရောင်းတဲ့ ဦးချစ်တို့ဆိုင်သို့ ချီတက်ခဲ့ကြပါတော့သည်....................

(ဇာတ်လမ်းမပြီးသေးပါ ဆက်ရေးပါဦးမည် )
 မကြာမှီလာမည် မျှော်

18 February, 2014

မိမိဖုန်းပျောက်ဆုံးသွားပါက ဆောင်ရွတ်သင့်သည့်အချက်များ

ကျွန်တော်သည် တတ်သိနားလည်လို့ ဒီပိုစ့်ကိုရေးခြင်းမဟုတ်ပါ။သို့သော် ခင်ဗျားတို့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏ ကြားသိနေရတဲ့ အဖြစ်ပျက်တွေကိုကြည့်ပြီး မိမိဘက်ကပြုလုပ်နိုင်တဲ့အရာလေးတွေကိုမေ့နေမှာစိုးလို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။

အကြောင်းအရာကတော့ ဖုန်းပျောက်ခြင်းကိစ္စပေါ့.... ခုခေတ်မှာလူတိုင်းနီပါးရဲ့လက်ထဲမှာမိမိတတ်နိုင်တဲ့တန်ဖိုးပေါ်မူတည်ပြီး စမတ်ဖုန်းတွေရှိလာပါပြီ။ဒါပေမယ့်တော်တော်များများက game တွေ media app တွေကလွဲပြီး တကယ်အရေးကြုံရင် အသုံးဝင်တဲ့ app မျိုးတွေထည့်ထားမျိုးမရှိပါဘူး။ ဖုန်းပျောက်သွားလို့ရှိရင် ပြန်မရတာက ၈၀% လောက်ရှိပါတယ်။ရိုးသားတဲ့သူကကောက်ရလို့ပေးပေးတာ ၂၀%သာသာလောက်ပဲရှိပါတယ်။ ခုချိန်မှာ ဖုန်းပျောက်လို့ ပြန်မရခဲ့ဘူးဆိုရင် ဟန်းဆက်အသစ်ဝယ် ကဒ်အသစ်နဲ့ပြန်လျှောက်လိုက်ရင်အခြင်ပြေပေမယ့် မကြာမီမြန်မာပြည်မှာတွင်ကျယ်လာမဲ့ ဖုန်းလေးရှိယုံနဲ့ ငွေလွှဲ ငွေပို့ကိစ္စတွေကိုဆောင်ရွတ်နိုင်မယ့် mobile banking system တွေလိုပါ ပါဝင်အသုံးပြုလာမယ်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ mobile လုံခြုံရေးဟာ အရေးပါလာပါပြီ။

ဘယ်လိုကာကွယ်နိုင်သလဲဆိုရင်တော့ ကကွယ်နည်းအများကြီးရှိပါတယ်။အဲဒီအထဲက တော်တော်လေးအလုပ်ဖြစ်မဲ့ နည်းတစ်ခုတော့ရှိပါတယ်။ Anti Theft system ပါတဲ့ app တွေအသုံးပြုခြင်းပါပဲ။ anti theft system ပါတဲ့ app တွေအများကြီးရှိပါတယ်။မြန်မာ version ဖြစ်တဲ့ GOthere Myanmar မှာလဲဖုန်းပျောက်ပြန်ရှာတဲ့ Tools တွေပါပါတယ်။ခုတော့ လက်ရှိကျွန်တော်သုံးနေတဲ့ Dr.web ဆိုတဲ့ antivirus app လေးကိုပဲ ဥပမာအနေနဲ့ ပြောပါရစေ။ သူ့မှာ anti theft tools ထဲကို password ပေးလိုက်ပြီးဝင်လိုက်ရင် မိမိရဲ့ဖုန်းကိုကာကွယ်ဖို့ Buddy Member (မိတ်ဆွေ၊အပေါင်းသင်း)တွေရဲ့ mobile number(သို့) email တစ်ခုခု (သို့)နှစ်ခုလုံးထည့်ပြီး ချိတ်ဆက်ထားလိုက်ပါ။ ပြီးရင် ဖုန်းပျောက်ခဲ့ရင်သုံးဖို့ sms command တွေပေးလိုက်ပါ။အကယ်၍ မိမိဖုန်းပျောက်သွားခဲ့ရင် အဲဒီ Buddy Member တွေရဲ့ ဖုန်းတွေကနေ sms ပို့ပြီး ပေးထားတဲ့ command တွေကိုလှမ်းခိုင်းလို့ရပါတယ်။ပေးနိုင်တဲ့ command တွေက....

၁။ဖုန်းကို lock ချတဲ့ lock phone
၂။ဖုန်းကို lock ချပြီးအချက်ပေးအသံမြည်စေတဲ့ lock phone & enable sound alert
၃။ဖုန်းရဲ့တည်နေရာကို gps ကနေပြပေးမဲ့ Detect phone location
၎။unlock phone
၅။မိမိရဲ့အချက်လက်တွေအားလုံးကိုဖျတ်ပေးမဲ့ Delete all data
၆။ reset password တို့ပဲဖြစ်ပါတယ်။

ဒါကြောင့်မိမိတို့အနေနှင့်ဖုန်းပျောက်သွားပြီဆိုတာနဲ့ ပထမဦးဆုံး လုပ်သင့်တာက ပျောက်သွားတဲ့ဖုန်းကိုအရင်ခေါ်လိုက်ပါ။မကိုင်ဘူးဆိုရင် မိမိဖုန်းပျောက်သွားကြောင်းနဲ့ ပြန်ပေးပါက ကျေးဇူးဆပ်ပါမည် ဘာညာဆိုပြီး မြန်မာလိုရော အင်္ဂလိပ်လိုရော sms ၁၀ စောင်လောက်ပို့လိုက်ပါ။ အဲတာမှ reply ပြန်မလုပ်ခဲ့ရင် detect phone location sms command နဲ့ရှာကြည့်ပါ။ အကယ်၍ မိမိဖုန်းမှာ အရေးကြီးအချက်အလက်တွေပါနေမယ်ဆိုရင်တော့ ပျောက်သွားမှန်းသိရင်သိခြင်း delete all data sms command နဲ့ ချက်ခြင်းအချက်အလက်တွေကိုဖျတ်ပစ်လိုက်တာအကောင်းဆုံးပါပဲခင်ဗျာ။


dr.web ကိုသုံးခြင်တယ်ဆိုရင်တော့ ဒီမှာယူလိုပါ
http://adf.ly/dkEAY

licence key ကိုဒီမှာယူပါ
http://adf.ly/dkEIr

apk ကို install လုပ်ပြီးပီဆိုရင် drweb32.key ဆိုတဲ့ လိုင်စင် key ကို Sdcard/Android/data/com.drweb/file ထဲမှာ copy ကူးပြီးထည့်လိုက်ပါ။






လူလူခြင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ.....အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆြာကီး

12 February, 2014

အယုံလွယ်တဲ့ ကျွန်တော်တို့လူမျိုး နဲ့ ကိုင်လိုက်ရင် ပေါက်ကွဲတတ်တယ်ဆိုတဲ့ဖုန်း

အော်.. 0000 နဲ့စပြီးနံပါတ်အပူးတွေနဲ့ ဖုန်းကိစ္စက ခုလောက် ဟိုးလေးတစ်ကျော် ကျော်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်မထင်မိ..... အဲကိစ္စနဲ့ပတ်သတ်ပြီး ရုံးကလူတွေရော သူငယ်ချင်းမိတ်ဆွေ တွေကပါ ဖုန်းဆက်ပြီး ဟုတ် မဟုတ် လှမ်းမေးကြတယ်..... ကျွန်တော်လဲ အရူးတွေပဲ ယုံတာလို့ပြန်ပြောလိုက်တယ်.....

ငါတို့နားကလူတစ်ယောက်ဆီ အဲနံပါတ်နဲ့ဝင်လာတယ် လို့ ပြောတဲ့သူငယ်ချင်းတစ်ယောက်ကိုလဲ အဲလူငါ့ဆီခေါ်ခဲ့လို့ပြောလိုက်တော့ တိတ်သွားတယ်..... တစ်စိတ်ကို တစ်အိတ်လုပ်တဲ့သူတွေနဲ့ လေသံကြားတရားဖမ်းနာတတ်တဲ့သူတွေကြောင့် ရိုးအပြီး ယုံလွယ်တဲ့ သူတွေအလိမ်ခံနေရတာပါ......

ရှင်းရှင်းပြောရရင် 00002333 , 00004442 အစရှိတဲ့အဲလိုနံပါတ်တွေ က မြန်မာပြည်က ဆက်သွယ်ရေးကွန်ယက်ထဲမှာမရှိပါဘူး ။ ဒါပေမယ့် ဆက်သွယ်မှုလမ်းကြောင်း (track) တွေရှုပ်ထွေးသွားတဲ့အခါ အဲလိုနံပါတ်နဲ့ ဆင်တူတဲ့ နံပါတ်တွေဖြစ်သွားတတ်ပါတယ် ။ ဥပမာ -- ရန်ကုန်ကနေ မန္တလေးကို ဖုန်းခေါ်တယ်ဆိုပါစို့ ။ သာမန် track အတိုင်းသာဆိုရင် ရန်ကုန် စတေရှင် ကနေ Main စတေရှင်ကိုဝင်တယ် အဲကနေတစ်ဆင့် မန်းလေး စတေရှင် ရောက်ပြီး လက်ခံမဲ့သူကိုရောက်ပါတယ်။ အဲလို သာမန် track အတိုင်းသာဆိုလျှင် ရန်ကုန် code 01 ဟာပြောင်းမသွားပါဘူး။ အဲလိုမဟုတ်ဘဲ ရန်ကုန်စတေရှင် ကနေ Main စတေရှင် ရောက်တော့ မန်းလေးကိုသွားမည့် track က Load တွေများနေခဲ့ရင် လွတ်တဲ့ track တစ်ခုထဲဝင်ပြီး နီးစပ်ရာ စတေရှင်တစ်ခုကို ပတ်သွားတတ်ပါတယ်။အဲကနေ မန်းလေး track ထဲပြန်ဝင်မယ်လုပ်တော့ load ကများနေဆဲဆိုရင် နောက် track တစ်ခုအတိုင်း နောက် area တစ်ခုထဲထပ်ပတ်သွားပါတယ်။ အဲလို track တွေအများကြီးပတ်ပြီး မှ မန္တလေး area ထဲပြန်ဝင်သွားတဲ့အချိန်မှာ track လမ်းကြောင်းတွေ area တွေ ရှုပ်ထွေးသွားတဲ့အတွက် ရန်ကုန် code 01 လို့မပေါ်တော့ဘဲ ပေါ်ခြင်သလိုတွေပေါ်လာတတ်ပါတယ်။ unknown number ဆိုပြီးတော့လဲပေါ်တတ်ပါတယ်။ အဲလို ဖုန်းဝင်ခဲ့ရင်လဲ ကိုင်လိုက်ပါ ။မည်သည့်အန္တရာယ်မှမရှိပါ ။ များသောအားဖြင့် အဲလို track တွေရှုပ်သွားရင် လက်ခံမဲ့သူက ဖုန်းကိုင်လိုက်တာနဲ့ ပြန်ကျသွားတတ်ပါတယ်........

ကျွန်တော် track လမ်းကြောင်းပုံကြမ်းလေးနဲ့ ရှင်းပြထားပါသည်

ကျွန်တော်လဲသင်ထားဖူးတာကိုပြန်ရေးခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


28 January, 2014

Mobile တွေကိုအသံလေးနဲ့ခိုင်းကြည့်ရအောင်

တန်ဖိုးကြီး Handset တွေမှာတော့ voice command နဲ့ခိုင်းတဲ့ setting က built in ပါ ပါတယ်။ဒါပေမယ့် ကျွန်တော်တို့လို ပေါလောရှောလော တန်ဖိုးနည်း Handset သုံးတဲ့သူတွေလည်း ယခု မိမိ mobile phone တွေကို အသံနဲ့ ဖုန်းခေါ်ခိုင်းလို့ application လေးတွေ ဖွင့်ခိုင်းလို့ရပါပြီ။ အရင်က ကျွန်တော် voice control app တွေအစုံစမ်းဖူးတယ်ဗျ.. စမ်းဖူးသမျှ ဒီကောင်လေးက အမိုက်ဆုံးပဲ။ Voice Speed Dial လို့ခေါ်ပါတယ်။ သုံးရတာကလည်းလွယ်ပါတယ်။ ကြိုက်တဲ့ဘာသာစကား ကြိုက်တဲ့အသံနဲ့ပြော အဓိက က မိမိတို့ မှတ်ထားတဲ့အသံနဲ့ အနီးစပ်ဆုံးပြောနိုင်ရင် ရပါပြီ.......

ပထမဆုံး ပုံမှာပြထားတဲ့နေရာကို နိုပ်ပြီးအသံသွင်းဖို့ဝင်လိုက်ပါ။


ပြီးရင် မိမိအသံသွင်းလိုတဲ့ Contact (သို့) Application တွေဘေးက Record သင်္ကေတလေးကိုနိုပ်ပြီး မိမိသွင်းခြင်တဲ့ အသံကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင်သွင်းလိုက်ပါ။ မိမိသွင်းထားတဲ့အသံတွေကို Voice Tag အထဲမှာပြန်နားထောင်လို့ရပါတယ်။




ပြီးရင် မိမိတို့ သွင်းထားတဲ့အသံကို ပြောပြီးခိုင်းကြည့်လိုက်ပါ။ သင်မှတ်ထားတဲ့ အသံအတိုင်း လုပ်ဆောင်ပေးပါလိမ့်မယ်။


file size  457 KB 



(အားလုံးကို ကျေးဇူးတင်ပါတယ်)

26 January, 2014

Mobile မှာ Facebook ကို Theme လှလှနဲ့သုံးခြင်သူများအတွက် My Social Color

ပြီးခဲ့တဲ့ရက်က ကျွန်တော် PC အတွက် facebook theme လှလှလေးတွေပြောင်းပေးတဲ့ application တစ်ခုအကြောင်းကိုဖတ်ပြီး သူငယ်ချင်းအချို့က mobile အတွက်ရောမရှိဘူးလားလို့ မေးလာကြလို့ ဒီ
My Social Color App လေးကိုတင်ပေးလိုက်ပါတယ်။ setting ထဲဝင်ပြီး မိမိစိတ်ကြိုက် Theme  တွေရွေးချယ်ပြီးသုံးနိုင်ပါတယ်။ပုံစံတွေကအရမ်းလှပြီးစုံပါတယ်။ ဘောလုံးအသင်း ခရေဇီတွေအတွက် နမယ်ကြီးဘောလုံးအသင်းတွေပါ ပါတယ်။ Gamer တွေအတွက် HERO တွေပါတယ်။ကောင်မလေးတွေအတွက် ကာတွန်းဇာတ်ကောင်လေးတွေလဲပါ ပါတယ်။

ပြီးတော့ ဒီကောင့်မှာ photo ကွန်မန့်လေးတွေလဲပေးလို့ရတယ်ဗျ.....

 

သုံးခြင်သူများ အောက်မှာ ယူပါ။ file size က 5.44 MB ပါ
(ကျေးဇူးတင်ပါတယ်)

ဖုန်းတွေကို ဖုန်းတွေထဲကနေတစ်ခါထဲ root ပေးတဲ့ tool

စက်ရုပ် ဖုန်းတွေ ကျောက်သင်ပုန်းတွေကို အမြစ်တူးခြင်(root)တယ်ဆိုရင်တော့ အရင်က ကွန်ပျူတာနဲ့ချိတ်ပြီးသုံးတဲ့ V Root one click ပါ။ ခုတော့ကွန်ပျူတာလဲမလိုပဲ မိမိဖုန်းထဲမှာတင် root လို့ရပါပီ။ Baidu Root ကိုဖုန်းထဲမှာ install လုပ်ပြီး တစ်ခါထဲ root လုပ်လို့ရပါပီ။သူက root ပေးရုံတင်မကပါဘူး။ ဖုန်းရဲ့ super user app တစ်ခုအနေနဲ့ပါ မိမိဖုန်းတွေရဲ့ setting care ကိုထိမ်းသိမ်းပေးပါတယ်။အတော်လေးကောင်းပါတယ်။file size က  3.14MB ပဲရှိပါတယ်။

ဒီမှာ Down ပါ
Baidu Root v2.2



25 January, 2014

Block Function ပါလာတဲ့ Viber version 4.2.0

Viber Version အသစ် 4.2.0 တဲ့ ကျွန်တော်ကတော့ ဆရာတော်ဘုရားကြီးအိမ်မက်တို့ ၊ရက်ထပ်မှတ်တမ်းတို့ ၊ မင်္ဂလာဆုတောင်းတို့ ၊မျှဝေပါ ကံကောင်းမည် ဆိုတဲ့ ဘာဘာ ညာညာ တွေကိုအားအားတိုင်း လာပို့တဲ့သူတွေကို Block လို့ရမဲ့ function နဲ့တင်သဘောကျသွားပါပြီ။

အရင် Version တွေထက်စာရင် ရုပ်ထွက်ရော အသံရောပိုကြည် လာပါတယ်

Block ခြင်တဲ့ဖုန်းနံပါတ်တွေကို setting - Privacy - Block List - Block number ကိုနိုပ်ပြီး မိမိ Block ခြင်တဲ့ ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ရင်ရပါပြီ။

ဒီနေရာမှာDownနိုင်ပါတယ်

အသံ sms မှာစာရိုက်ပေးတဲ့ write SMS by voice pro

အလုပ်များနေသည့်ကြားက sms ပို့ခြင်လို့ဘဲဖြစ်ဖြစ် ၊ စာရိုက်ရ ပျင်းလို့ဘဲဖြစ်ဖြစ် voice command နဲ့ စာရိုက်ပြီးပို့လို့ရတဲ့ write sms by voice(pro) ဆိုတဲ့စက်ရုပ် app လေးပါ။ အသံထွက်မှန်ကန်ပါက ဘာသာစကားပေါင်းများစွာနဲ့ပြောလို့ရပါတယ်။ andriod version 4.2.0 နှင့်အထက်မှာသုံးနိုင်ပါတယ်...

Write SMS by Voice Pro





ဖုန်းနဲ့ Facebook မှာ photo Comments ပေးလို့ရတဲ့ Facebook 2in1 v3.0

စက်ရုပ်ဖုန်းများဖြင့် Facebook တွင် Photo ကွန်မန့်များပေးခြင်သူများအတွက်
Facebook 2in1 v3.0 ပါ။ mobile view အနေနဲ့ရော desktop view အနေနဲ့ပါသုံးလို့ရပါတယ်။

သုံးခြင်သူများ ဒီမှာ ရယူနိုင်ပါတယ်။


Facebook Timeline ကိုဒီဇိုင်းလှလှ Skin တွေပြောင်းပြီး Dislike Button ထည့်နည်း

ခုတစ်လော facebook ပေါ်မှာအသုံးများလာတဲ့ ဒီဇိုင်းလှလှလေးတွေနဲ့ Facebook Theme Skin နှင့် Dislike button နဲ့ပတ်သတ်ပြီးပြောပါရစေ။ သိပြီးဖြစ်သော ဆရာ့ဆရာများအနေဖြင့် တားတားကို ဆေးမထိုးဘဲ ကျော်သွားပေးပါခင်ဗျာ(ကြောက်ရတယ်လေ)...........

Facebook Theme ပြောင်းနည်း(၂)ခုရှိပါတယ်
၁။web console ထဲတွင် script များထည့်ပြီးပြောင်းနည်း။
၂။social extra app ထည့်ပြီးပြောင်းနည်း။
script သုံးပြီးပြောင်းနည်းကအခန့်မသင့်ရင် တစ်ခုခုဘန်းခံရတတ်ပါတယ်။ခုကျွန်တော်ပြောမှာက Social extra app သုံးပြီးပြောင်းနည်းပါ။

ပထမဦးဆုံး social extra app ကို ဒီနေရာမှာ အရင် ယူလိုက်ပါ။

သင့် facebook ကိုဖွင့်လိုက်ပါ။

 ပြီးရင် Install လုပ်လိုက်ရင် အောက်ကပုံလိုမျိုး သင့် facebook အကောင့်မှာ tool button လေးတစ်ခုပေါ်လာပါမယ်
ပြီးရင် အာ့ button ကိုတစ်ချက်ထောက်ပြီး Select New Skin ကိုရွေးလိုက်ပါ။
တက်လိုက်တဲ့ Site ထဲက Theme တွေအများကြီးထဲကတစ်ခုကိုရွေးပြီး Set This As My Facebook Skin ကိုနိုပ်ပြီး Continue ပေးလိုက်ပါ။
အာ့ဆိုသင့် facebook wall ကိုခုအတိုင်းမြင်ရပါပီ။
page အားလုံးမှာ skin ပေါ်ခြင်ရင်(သို့)profile တွေမှာပဲပေါ်ခြင်ရင် setting ထဲဝင်ပီး skin ကိုရွေးပြီးစိတ်ကြိတ်ပြင်နိုင်ပါတယ်။
Feautres setting ထဲမှာတော့ ပုံတွေပေါ်ထောက်လိုက် ပုံမှာပြထားတဲ့အတိုင်း auto zoom နဲ့ပြပေးတဲ့ tool နဲ့ Dislike button tool တို့ပါပါတယ်။ Dislike က Social Extra App သုံးသူအခြင်းခြင်းမှာပဲပေါ်မှာဖြစ်ပြီး App မသုံးသူတွေရဲ့ပိုစ့်ကို မိမိက Dislike ပေးလိုက်ရင် သူတို့ပိုစ့်အောက်မှာ Dislike ပေါ်အောင် App ကို Download ဆွဲခိုင်းတဲ့ Link ကို auto ကွန်မန့်ရေးပေးမှာဖြစ်ပါတယ်။
Effect setting ထဲမှာတော့ မိမိ Timeline ပေါ်မှာ နှင်းတွေ အသဲပုံလေးတွေ တဖွဲဖွဲကျနေတဲ့ပုံစံနဲ့ timeline ဘေးမှာ မီးလုံးလေးတွေ မိတ်တုတ် မိတ်တုတ်နဲ့ အလှဆင်ဖို့ tools တွေပါပါတယ်။

 Select New Cursor tool ထဲမှာတော့ mouse pointer ပုံတွေကိုအမျိုးမျိုးပြောင်းလို့ရပါတယ်။

Skin တွေကိုမိမိပုံတွေ upload လုပ်ပြီးတော့လဲ ကိုယ်ပိုင် Skin လေးတွေဖန်တီးရယူနိုင်ပါတယ်။

ကျွန်တော်က ပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး။အဆင်ပြေတာရှိရင်တော့ chat box ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

06 December, 2013

မြန်မာ့သမီးကောင်း

အို ...
မြန်မာ့သမီးငယ် ....
ဆံပင်ဆံသား ကေသာထက်မှာ နီကြောင်ကြားဖြူ ဆေးမကူပဲ
နဂိုမည်းနက် ပိတုန်းဆက်လေးနှင့် ပနံသင့်လိုက်ပါဘိကွယ် ..။

အို ...
မြန်မာ့သမီးငယ် ....
နဂိုနုနု ပါးပြင်ဖူးဖူးမှာ ....
ဆေးသားရောင်စုံ မိတ်ကပ်အလှ အပြုထားပဲ
မြန်မာ့ သနပ်ခါး ခပ်ပါးပါးလေးဖြင့် ကာရံသင့်လိုက်ပါဘိကွယ်။

အို ...
မြန်မာ့သမီးငယ် ...
အတို ၊အကွဲ ကူးစက်ယဉ်ကျေးမူ ၀တ်ဆင်မူကို မျက်ကွယ်ပြုလို့ 
ယဉ်ကျေးမူ ၀တ်စုံ ထဘီရင်ဖုံး အယဉ်ဆုံးလေးနှင့် အမြင်တင့်
လိုက်ပါဘိကွယ် ........................................................။

အို ...
မြန်မာ့သမီးငယ် ....
အနောက်တိုင်းယဉ်ကျေးမူ နှင့် ပေါ်လွင်မူကို လစ်လျှူရှု
မြန်မာ့ ယဉ်ကျေးမူကို အစဉ်အလာတစ်ခုဖြင့်ထိန်းခဲ့ .........။

အို ....
မြန်မာ့ သမီးငယ် ...
မြန်မာမူနှင့် အစဉ်နုနိုင်ပါစေ ........................................။
မြန်မာဓလေ့နှင့် အစဉ်မွေ့ နိုင်ပါစေ ................................။

(မြန်မာ့သမီးကောင်းတစ်ယောက်ရေးသားထားသေကဗျာအားပြန်လည်ဖော်ပြအပ်ပါသည်)

 

ဝမ်းနည်းမိတဲ့နံနက်ခင်း



ဒီနေ့မနက်ကျွန်တော် နံနက်စာစားဖို့ လဘက်ရည်ဆိုင်ကိုရောက်တော့ မူလတန်းပြဆရာလေးတစ်ယောက်နဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖဦးလေးတို့နှစ်ယောက် အသည်းအသန်ဆွေးနွေးနေကြတာတွေ့တော့သူတို့ဝိုင်းမှာသွားထိုင်ပြီးနားထောင်မိတယ်..သူတို့ပြောနေကြတာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ပတ်သတ်ပြီးပြောနေကြတာ..ကျောင်းဆရာလေးက ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့အချို့အချက်တွေကိုမပြင်ရင်ပိုကောင်းမယ်ဆိုတဲ့ဘက်ကနဲ့..ရပ်မိရပ်ဖဦးလေးကြီးက အများကောင်းဖို့ဘယ်သူရေးရေးပြင်သင့်ရင်ပြင်ရမယ်ဆိုတဲ့ဘက်က အပြုသဘောဆောင်သောဆွေးနွေးမှုပုံစံနဲ့ဆွေးနွေးနေကြတယ်....ကျွန်တော်လဲခဏလောက်ဘာမှမပြောပဲနားထောင်ပြီးတစ်ခုမေးကြည့်လိုက်တယ်...

"ဆရာတို့ ဦးလေးတို့ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တယ်ဆိုတဲ့ ဖွဲ့/ဥ မူကြမ်းနဲ့ မြန်မာပြည်ကပြဌာန်းခဲ့တဲ့ ဖွဲ့/ဥ တွေကိုပြည့်ပြည့်စုံစုံ သေချာဖတ်ဖူးလား " 

လို့မေးကြည့်မိတယ်..နှစ်ယောက်လုံးကခေါင်ခါပြတယ်..ဒါနဲ့ဆက်မေးကြည့်လိုက်မိတယ်..

"ဒါဆိုဘာလို့ ကောင်းတယ်/မကောင်းဘူး ..ပြောင်းသင့်တယ်/မပြောင်းသင့်ဘူးလို့ပြောနိုင်တာလဲပေါ့''

သူတို့ပြန်ပြောတဲ့အဖြေက အားရစရာ ...

"သြော်မင်းကလဲ ..ဂျာနယ်တွေ.သတင်းစာတွေထဲမှာဖတ်ဖူးသူတွေက ဒီလောက်ဝေဖန်ဆွေးနွေးထားတာကွာ"  တဲ့

ကျွန်တော်လဲဘာမှမပြောတော့ဘဲ ကိုယ်သောက်တဲ့လဘက်ရည်ဖိုးရှင်းပြီးပြန်လာခဲ့တယ်...စိတ်ထဲမှာတော့မကောင်း ဘာလို့လဲဆိုတော့ နောင်အနာဂတ်မှာလူရည်ချွန်တွေဖြစ်လာမယ့်မျိုးဆက်သစ်တွေကို လမ်းပြသင်ကြားပေးနေတဲ့ကျောင်းဆရာ နဲ့ ရပ်ကွက်ရဲ့သာရေးနာရေးတွေကိုဦးဆောင်နေပြီးတော့ အခွင့်အရေးရရင်နောင်တစ်ချိန်မှာရွေးကောက်ပွဲဝင်ခြင်တဲ့ လူကြီးတစ်ယောက်က ..ကိုယ်တိုင်လဲမလေ့လာဖူးဘဲနဲ့သူများပြောစကားလေသံကြားတရားဖမ်းနာပြီး နိုင်ငံတစ်ခုရဲ့အရေးကြီးဆုံးအရာတစ်ခုကို ပြောင်းသင့်/မပြောင်းသင့်ဆွေးနွေးဝေဖန်နေကြတယ်ဆိုတော့လေ..သူတို့နှစ်ယောက်ဆွေးနွေးမှုကြောင့်နိုင်ငံကြီးမပြောင်းလဲနိုင်ပေမယ့်.သူတို့လိုလူတွေများလာတဲ့အခါ...အိုး..အိုး ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်ဆက်မတွေးရဲတော့...........ဒါကြောင့်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့  နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအကြောင်းပြောတော့မယ်ဆိုရင်.နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေတော့သေချာဖတ်ထားသင့်ပါတယ်ဗျာ...

မဖတ်ရသေးသောသူများအတွက်ကျွန်တော်စုစည်းပြီးတင်ပေးလိုက်ပါတယ်...ကျွန်တော်တို့နိုင်ငံတိုးတက်ရေးကိုအကောင်းဆုံးပုံဖော်နိုင်ကြပါစေ...

ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ဖွဲ့/ဥ မူကြမ်း


၁၉၄၇ ဖွဲ့/ဥ


၁၉၇၄ ဖွဲ့/ဥ


၂၀၀၈ ဖွဲ့/ဥ

04 December, 2013

ယင်ကောင်နားသွားတဲ့Blog စာမျက်နှာများ


ကျွန်တော်လဲဝေဖန်လေကန်ရေးတွေမရေးဖြစ်တာကြာပါပြီ..ဒီနေ့တော့ Blogger တွေရဲ့အကြောင်းကိုစဉ်းစားမိလို့ယခုလိုချရေးလိုက်တာပါ။ Blogger တစ်ယောက်ဖြစ်ဖို့ဆိုတာမခက်ပါဘူးတဲ့..မှန်ပါတယ် Blogger ဖြစ်ဖို့မခက်ခဲပါ သူသူကိုကို ၀ါသနာပါရင် free ပေးတဲ့ blog site တွေမှာ Sign up လုပ်ပြီး blogger အမည်ခံလို့ရပါတယ်။ဒါပေမယ့် အမည်ရ blogger တစ်ယောက်ဖြစ်ဖို့က မလွယ်ရေးချမလွယ်..အမည်ကြီး Blogger တစ်ယောက်ဖြစ်ဖို့အတွက် မိမိရေးမယ့် Blog (ဘာသာရေး၊နိုင်ငံရေး၊နည်းပညာ၊အစရှိသည်)တို့ကို တတ်ကျွမ်းထားရမည်ဖြစ်ပြီး အခြားဗဟုသုတနှင့် အပြစ်မရှိ အပြစ်ရှာပြီး ဆဲဆိုဝေဖန်မှုတွေကိုလဲ သည်းခံတတ်ရပါမယ်။ 

Blogger တွေဘာကြောင့် Blog တွေရေးကြတာလဲ
Blogger တွေဘာကြောင့် blog တွေရေးကြတာလဲလို့ မေးရင် အဓိကဖြေစရာက တစ်ခုပဲရှိပါတယ်..ဘာလဲ ဆိုရင် မိမိသိရှိနားလည်ထားတာတွေကို အခြားသူတွေကို မျှဝေ(sharing)လုပ်ခြင်လို့ပဲဖြစ်ပါတယ်။အဲဒီလို မျှဝေလို့လဲ သူတို့အနေနဲ့ဘာအကျိုးအမြတ်မှ မရကြပါဘူး..အချိန်ကုန်ပြီး online သုံးစွဲခတွေတက်တာပဲရှိပါတယ်..ဒါပေမယ့် သူတို့ရေးတဲ့ blog တွေကိုဖတ်ပြီး like လေးတွေပေးသွားလို့ share တွေလုပ်သွားလို့ like လေးတွေ share တွေ တက်လာတာကိုကြည့်ပြီးပီတိဖြစ်နေကြရတာပါ။Blog တွေရေး အမည်ကြီးသွားလို့ ကောင်းစားသွားတဲ့ Blogger တွေကိုမြန်မာပြည်မှာ လက်ချိုးရေလို့ရပါတယ်..ဒါပေမယ့်သူတို့တွေ အားမလျှော့ မိမိသိရှိထားတာတွေကို အများသူငှာကိုလဲ သိရှိနားလည်စေလိုတဲ့စေတနာတစ်ခုထဲနဲ့ မျှဝေပေးနေဆဲ.....

Blogger တွေနဲ့ Short Url (သို့)Ad link များ  

၂၀၁၁-၁၂ နှစ်လောက်ကနေစပြီး  မြန်မာ Blogger တွေအကြားမှာ Short url(ad link)တွေခေတ်စားလာကြပါတယ်။short url ဆိုတာက Blogger တွေဟာမိမိတို့တင်လိုက်တဲ့ software တွေ app တွေကိုတင်ထားတဲ့ link ကိုတိုက်ရိုက်မညွှန်းပဲ Adversiting ကုမ္ပဏီတွေနဲ့ချိတ်ဆက်ထားတဲ့ short url ဆိုဒ်တွေမှာ link တစ်ခုတစ်ဖန်ပြုလုပ်ပြီး ပြန်တင်ပေးခြင်းပဲဖြစ်ပါတယ်။အဲလို short link လေးတွေကို Click လိုက်ရင် မိမိသွားခြင်တဲ့ Link ရောက်ဖို့အတွက် စက္ကန့်အနည်းငယ်စောင့်ရင်း short url site ကတင်ထားတဲ့ကြော်ငြာကိုမကြည့်ခြင်လဲကြည့်နေရပါတယ်။အဲဒီလို short url တွေပြုလုပ်ခြင်းအားဖြင့် Blogger တွေဟာ short url site တွေဆီကနေ မဆိုသလောက်လေးသော အဖိုးအခ ကိုရရှိကြပါတယ်။ဒါပေမယ့် အမည်ကြီး Blogger တွေအဖို့ကတော့ မိမိ sharing လုပ်ထားတဲ့ software တွေ app တွေအတွက် link click သူများရင်များတဲ့အလျှောက်အကျိုးခံစားရပါတယ်။ Short Url site တွေအများကြီးရှိပါတယ် bitly ,bit.do ,ow.ly ,IOP,ly ,အစရှိသည်နဲ့အများကြီးပါ။ အချို့ဆိုဒ်တွေကတော့ပိုက်ဆံတကယ်ထုတ်လို့မရတဲ့ဆိုဒ်တွေလဲရှိပါတယ်။အဲလို Site တွေအများကြီးထဲမှာမှ မြန်မာ blogger တွေအကြား အသုံးများတဲ့ site ကတော့ ယင်ကောင်ပုံလေးနဲ့ Adfly ပဲဖြစ်ပါတယ်....ယခုဆိုရင် ဘယ်Blog ကြည့်ကြည့် ယင်ကောင်နဲ့မလွတ်တော့။ အချို့ Blog တွေဆိုရင် Ad ကိုနှစ်ထပ်၊သုံးထပ်အုပ်ကြပြီး Main Page ကိုတောင်  ယင်ကောင်နားခိုင်းလာကြပါတယ်...ဒါကြောင့် ယခုနောက်ပိုင်း Blogger တိုင်းက Short url site နဲ့မကင်းသလို Blog တိုင်းကလဲ ယင်ကောင်တွေမကင်းတော့ပေ...............အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒုတိယကျောင်းတော်ကြီး(သို့)ကျူရှင်

ဒီနေ့ ကျွန်တော်တို့ရဲ့ ပညာဒါနအခမဲ့စာသင်ဝိုင်းမှာ ကလေးတွေကိုစာစစ်ပေးနေရင်း အကြောင်းအရာတစ်ခုခေါင်းထဲဝင်လာတယ်။အဲဒါဘာလဲဆိုတော့ ကျောင်းသူ/ကျောင်းသား တွေကြားမှာစာမေးပွဲအောင်ဖို့အရေးပါပြီးတော့
ဒုတိယကျောင်းတော်ကြီးသဖွယ်ဖြစ်လာတဲ့ ကျူရှင် တွေအကြောင်းပါ။ကျူရှင်တွေဖွင့်တာ/တက်တာကတော့ကောင်းတာရှိသလို.မကောင်းတာတွေလဲရှိပါတယ်။ကျောင်းသူ/ကျောင်းသား တွေအတွက်လဲအဆင်ပြေ သင်တဲ့သူလဲအဆင်ပြေအောင် စေတနာရှေ့ထားပြီးဖွင့်တဲ့ကျူရှင်တွေရှိသလို ငါ့ကျူရှင်မတက်လို့ကတော့ ဆိုတဲ့ကျူရှင်တွေ...၃လပြတ်အထူးကျူရှင် ၁လအတွင်းအထူးအောင် စတဲ့ပညာရေး ရေစီးကြောင်းထဲလုပ်စားနေတဲ့ကျူရှင်တွေလဲ ဒုနဲ့ဒေးပါ။ရှင်းရှင်းပြောရရင် ကျွန်တော်လဲငယ်ငယ်တုန်းက ကျွန်တော့်အဖေကျူရှင်သင်လို့ရတဲ့ လခလေးနဲ့ကြီးပြင်းခဲ့သူပါ..ထားလိုက်ပါတော့။ဆက်ပြောရရင် ကျူရှင်တက်နကြတဲ့ ကျောင်းသူ/ကျောင်းသားတွေရဲ့ ကျူရှင်တက်ရခြင်းအကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင်..

၁။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုပိုမိုနားလည်တတ်မြောက်လို၍ကျူရှင်တက်ခြင်း
    သင်ယူတတ်မြောက်လိုစိတ်ပြင်းပြတဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့ကြောင်းရင်းပါ။ကျောင်းမှ သင်ကြားပေးလိုက်တာတွေကို ပိုမိုနားလည်ဖို့အတွက် ကျူရှင်တက်ကြခြင်းပါသည်။

၂။ စာသင်ကျောင်းမှသင်ကြားလိုက်သည်များကိုနားမလည်၍ကျူရှင်တက်ခြင်း
    ကျောင်းသူ/ကျောင်းသားတော်တော်များ ကျူရှင်တက်ရတဲ့အကြောင်းပါ။ကျောင်းမှာသင်ပေးတာတွေကို သေချာနားမလည်လို့ ဒါမဟုတ်သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေက ကျောင်းမှာသေချာမသင်ပေးဘဲ ကျူရှင်ရောက်မှပြန်သင်ပေး ရခြင်းတွေကြောင့် ကျူရှင်တက်ရခြင်းဖြစ်ပါသည်။

၃။ကျောင်းပုံမှန်မတက်၍ကျူရှင်တက်ရခြင်း
   ကျောင်းသူ/ကျောင်းသားတွေအနေဖြင့် ကျောင်းလဲပုံမှန်မတက်၊ကျောင်းတက်တော့လဲ သင်တဲ့စာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စာမှုမရှိလို့ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။ဒါက အခြေခံပညာကျောင်းတွေမှာသာမက တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေမှာလဲဖြစ်တတ်တဲ့အကြောင်းပါ။တစ်ခါက ကျွန်တော်ညီတစ်ယောက်လိုခင်ရတဲ့ တက္ကသိုလ်ကျောင်းသာတစ်ယောက်ကိုမေးကြည့်တယ် "ဟကောင် မင်းကျောင်းလဲပုံမှန်မတက်ဘူး..စာမေးပွဲကြရင်ဘယ်နဲ့လုပ်မတုန်း" လို့ပေါ့။အဲဒီအခါသူက "ဟာ အကိုကလည်း စာမေးပွဲနီးရင်ကျူရှင်တွေဖွင့်မှာလေ" တဲ့ အဲဒီလိုနဲ့ပဲသူအခုစာမေးပွဲအောင်သွားတယ်ဗျာ..မကြာခင် ဘွဲ့တောင်ရတော့မယ်..ကောင်းလိုက်တဲ့စနစ်နော်..

၎။ကျူရှင်တက်ရင်မေးခွန်းရလို့ ကျူရှင်တက်ခြင်း
   ဆရာ/ဆရာမ တွေအနေဖြင့်မိမိကျူရှင်လူများလာအောင်နဲ့ မိမိကျူရှင်တက်တဲ့ကလေးတွေလဲ အဆင့်တွေကောင်းလာပြီး အခြား ကျောင်းသူ/ကျောင်းသားတွေလဲ မိမိမှာသာကျူရှင်တက်အာင် မိမိထုတ်ထားတဲ့မေးခွန်းတွေကို ကျူရှင်မှာ ချပြပေးခြင်းများကြောင့်ကျူရှင်တက်ရခြင်းဖြစ်ပါသည်။

၅။ပျော်ပါးလိုစိတ်ဖြင့်ကျူရှင်တက်ခြင်း
  အချို့အပျော်အပါးမက်တဲ့ ကျောင်းသူ/ကျောင်းသားတွေ ကျူရှင်တက်ရတဲ့အကြောင်းရင်းပါ။  စာကိုစိတ်ဝင်စားလို့လဲမဟုတ်ဘဲသူငယ်ချင်းများနဲ့ ဟေးလေးဝါးလားဖြင့် ပျော်ပါးလိုပြီး ကျူရှင်တက်ရင်အချိန်တန်အောင်မှာပဲဆိုတဲ့စိတ်ကြောင့်ကျူရှင်တက်ခြင်းဖြစ်ပါသည်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော့်အဖေ ကျူရှင်သင်တုန်းက ဝေတဲ့ လက်ကမ်းကြော်ငြာက စာသားလေးတစ်ခုသွားသတိရတယ်..."လူပျင်း လူပျော်များအတွက်နေစရာမရှိ" တဲ့ အဲတုန်းက စည်းကမ်းတင်းကျပ်တဲ့ဖေဖေ့ကျူရှင်မှာ တော်ရုံတန်ရုံစတာနောက်တာတွေကိုလွတ်ပေးထားတဲ့ကျူရှင်တွေလောက်တက်တဲ့ ကျောင်းသူ/ကျောင်းသား
မများခဲ့.........


အဆိုပါကျူရှင်တက်ရတဲ့အကြောင်းတွေကိုချုံကြည့်လိုက်ပြီးတော့ အကယ်၍
  • ကျောင်းသူ/ကျောင်းသားတွေသာ ကျောင်းမှာစာကိုဂရုတစိုက်နဲ့စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြပြီး အိမ်မှာမိမိဘာသာပြန်လည်လေ့လာနိုင်စွမ်းရှိခဲ့ရင်....
  • သင်ကြားပေးတဲ့ ဆရာ/ဆရာတွေသာ(အမှန်တကယ်လက်တွေ့သင်ပေးနေသော ဆရာ/ဆရာမများကို မဆိုလိုပါ)ကျောင်းမှာစာကို ဂရုတစိုက်နဲ့ တတ်မြောက်နားလည်သည်အထိသင်ကြားပေးခဲ့မယ်ဆိုရင်......

  • အိမ်က ကလေးတွေရဲ့ကျူရှင်ဖိုးကို မနဲရှာနေရတယ်ဗျာ ဆိုတဲ့အသံတွေ......
  • ကျောင်းတွေမှာသေသေချာချာ မသင်ကြားပေးတဲ့ဆရာ/ဆရာမတွေ
  • ပညာရေး ရေးစီးကြောင်းထဲမှာ လုပ်စားနေတဲ့ ဘာညာသရကာ ကျူရှင်ဆရာတွေ..........အားလုံးပျောက်ကွယ်သွားပြီး မှန်ကန်ပြီး တိုးတက်တဲ့ သင်ကြားမှုစနစ်တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

(မည်သည့်ဆရာ/ဆရာမ များကိုမှမရည်ရွယ်ပါ။တိုက်ဆိုင်သွားပါကခွင့်လွတ်ပေးနိုင်ပါရန်.....အာစရိယဂုဏော အန္တောပါ....)


20 October, 2012

Facebook ရဲ့လုပ်ဆောင်ချက်များ

စာအုပ်အမည် = Facebook ရဲ့လုပ်ဆောင်ချက်များ
စာရေးသူ        =စုကြည်ထွေး
အကြောင်းအရာ = လူမှုရေးကွန်ယက် တစ်ခုဖြစ်တဲ့ facebook ကိုကောင်းမွန်စွာအသုံးပြုတတ်စေ၇န်ရေးသားထားပါတယ်။
စာအုပ်ရယူလိုပါက ဒီမှာယူ  ပါ

19 October, 2012

လူငယ်နှင့်တာဝန်ယူစိတ်

စာအုပ်အမည်= လူငယ်နှင့်တာဝန်ယူစိတ်
စာရေးဆရာ= လူထုစိန်ဝင်း
အကြောင်းအရာ= ကျွန်တော်တို့မြန်မာလူငယ်များ တာဝန်ခံလိုစိတ်တိုးပွားစေရန်ရေးသားထားပါသည်။

စာအုပ်ရယူလိုပါက ဒီမှာယူ ပါ။

တို့တိုင်းဌာနီ

စာအုပ်အမည်= တို့တိုင်းဌာနီ
စာရေးဆရာ= ခင်ဆွေဦး
အကြာင်းအရာ=မြန်မာသခင်လူငယ်များ လွတ်လပ်ရေးကြိုးစားချိန်တွင် သားနှစ်ယောက်၊သမီးတစ်ယောက်၊တူမတစ်ယောက်တို့ဖြင့်ပါဝင်လှုပ်ရှားခဲ့သူ၏ သရုပ်ကိုပေါ်လွင်အောင်ရေးသားထားပါသည်။
ဖတ်ရှုခြင်ပါက ဒီမှာဒေါင်း ပါ။

andriod app တွေကိုအခမဲ့ရယူနိုင်တဲ့ app နဲ့ အင်တာနက်ကနေ ph,message အခမဲ့ခေါ်/ပို့လို့ရတဲ့ app

မရောက်တာကြာပြီမို့ မတွေ့တာကြာပြီဖြစ်သောတယ်ရင်းအားလုံးကို ဦးစွာ မင်္ဂဂါလာပါ လို့ နုတ်ဆက်လိုက်ပါတယ်။ခေါင်းစဉ်ကို ဖတ်ကြည့်
ပြီး ဆရာကြီး မင်းပြောတာဟုတ်ကောဟုတ်ရဲ့လားလို့ တွေးကောင်းတွေးပါလိမ့်မယ်။ဟုတ်မဟုတ် လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
မြန်မာ mobile App Maket
တစ်ချို့ချို့ သောဆိုဒ်တွေမှာ အခကြေးငွေဖြင့် ၀ယ်ယူရသော andriod စနစ်သုံး application တွေကို sign upတောင်လုပ်စရာမလိုဘဲ အခမဲ့ အခမဲ့ free ရယူနိုင်အောင် ရည်ရွယ်ပြီး မြန်မာလူငယ်ပညာရှင်များ စုပေါင်းဖန်တီးထားတဲ့ မြန်မာ mobile app market ကိုဖြန့်ချီလိုက်ပါပြီ။

mm mobile app market မှာ Main menu, Application,Game ဆိုပြီး ကဏ္ဍကြီး(၃)ခုပါဝင်ပြီး main menu ကတော့လူကြိုက်များပြီး အသစ်ထွက် app များကို download ရယူနိုင်တဲ့ ကြေိာငြာကဏ္ဍဖြစ်ပြီး။ ကျန်တဲ့ကဏ္ဍနှစ်ခုအောင်မှာလဲ သူတို့နဲ့သက်ဆိုင်တဲ့ app အလန်းစားများစွာကို အခမဲ့ဝေငှပေးထားပါတယ်။ ဒီ mm mobile app market အပလီကေးရှင်းကိုအသုံးပြုခြင်တယ်ဆိုရင် ဒီမှာဒေါင်းပြီး သင့် andriod handset ထဲကို Install လုပ်လိုက်ပါ။သင့် andriod ဗားရှင်းက 2.1 နဲ့အထက်ရှိဖို့တော့လိုအပ်မယ်နော်။ကဲ Install လုပ်ပြီးပြီဆို၇င်တော့ internet မိတဲ့နေရာတိုင်းမှာသင်appအလန်းလေးတွေကို အခမဲ့ ရယူနိုင်ပါပြီ။ 
Aire Free Call
ခုတစ်လော အင်တာနက်ကနေတစ်ဆင့် ဖုန်းအခမဲ့ခေါ်လို့ရတဲ့ viber ကိုပိတ်လိုက်ပြီဆိုတဲ့သတင်းကြောင့်စိတ်ပျက်နေသူတွေအတွက်ဝမ်းသာစရာ သတင်းကျွတ်လက်ဆောင်လေးပါ။ ဒီ aire free call ကို

andriod စနစ်သုံး handset တွေမှာမက Ios တွေမှာလည်း ထည့်သွင်းနိုင်ပါတယ်။ aire free call ကို sign up account နှင့် facebook account နဲ့ပါအသုံးပြုနိုင်ပါတယ်။ကျွန်တော်မြန်မာပြည်မှာတော့ sign up account ကတော့အသုံးပြုရတာအဆင်မပြေပါဘူး။facebook account နဲ့တော့လွယ်ကူစွာအသုံးပြူနိုင်ပါတယ်။ အသုံးပြုကတော့ သင့်ရဲ့

facebook account နဲ့ aire free call အပလီကေးရှင်းထဲဝင်လိုက်ပြီးရင် သင့်ရဲ့ facebook friend list ထဲက ဖုန်းနဲ့အင်တာနက်သုံးပြီး aire free call အပလီကေးရှင်းရှိသူတိုင်းဆီကို ph ခေါ်ဆိုခြင်း၊ message ပို့ခြင်း ၊ video call ခေါ်ဆိုခြင်း၊ ဓာတ်ပုံးများ share ခြင်းများကို အခမဲ့ပြုလုပ်နီုင်ပါပြီ။ aire free call ကိုအသုံးပြုခြင်ရင်တော့ဒီမှာဒေါင်းလိုက်ပါ။

အဲနေရာမှာဒေါင်းရတာ အဆင်မပြေရင် အပေါ်ကကျွန်တော်တင်ပေးထားတဲ့ mm mobile app market ထဲမှာလဲရှာပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ။

(အားလုံး သီတင်းကျွတ်အခါသမယ မှာပျော်ရွှင်ကြပါစေ)

07 September, 2012

လူ နှင့် လောဘ

သောကြာနေ့တစ်နေ့မှာ မနက်ဖြန် စနေနေ့ ရုံးပိတ်ရက်မှာ ကျွန်တော်တို့ ရုံးသူ၊ရုံးသားများ အနားယူရင်း ကြည့်ရှုနိုင်ဖို့ Boss က ရန်ပုံငွေ ကပွဲလက်မှတ်တွေကို ရုံးအုပ်ကြီး ကနေတဆင့်ဝေခိုင်းလိုက်ပါတယ်။ အဲဒီမှာ ရုံးအုပ်ကြီးနဲ့ ကျွန်တော်တို့ ရုံးသူ/သားတွေ အားလုံးသဘောတူစွာ အမည်ပေးထားတဲ့ ဦးကပ်စေး ဆိုသူနဲ့ ပြသနာ တက်တော့တာပဲ။
ဖြစ်ပုံက ဒီလိုဗျ ရုံးအုပ်ကြီးက ရုံးထဲကို အသံကျယ်ကျယ်နဲ့ "ကဲအားလု့းနားထောင် မနက်ဖြန် ရုံးပိတ်မှာ ကပွဲကြည့်ခြင်တဲ့သူတွေ လက်မှတ်လာယူကြ တစ်ယောက်ကိုတစ်စောင်နှုန်းရမယ်လို့"အော်ပြောလိုက်တော့ ဦးကပ်စေးက အရင်ဆုံး ရုံးအုပ်ကြီးဆီ ထသွားပြီး"ရုံးအုပ်ကြီးကျွန်တော်တို့လင်မယား(၂)ယောက်လုံးသွားကြည့်ခြင်လို့အဲဒါကျွန်တော်မိန်းမအတွက်ပါ
တစ်စောင်ပိုပေးလို့မရဘူးလား"လို့ပြောပါတယ်။ရုံးအုပ်ကြီးကလည် "ရပါတယ်။
လာမထုတ်တဲ့သူရှိရင်ကျွန်တော်လုပ်ပေးမယ်ဆိုပြီး"ပြန်ပြောပါတယ်။အဲဒီမှာ ဦးကပ်စေးကတစ်ဆင့်တက်ပြီး
"ဒါဆို ကျွန်တော့် သမီးအတွက်ပါတစ်စောင် ပေါင်း(၃)စောင်လောက်လုပ်ပေးပါလား"ဆိုပြီး အဆစ်ထပ်တောင်းပါတယ်။ရုံးအုပ်ကြီးကလည်း
စိတ်အချဉ်ပေါက်လာပြီး(နဂိုကတည်းကက်စေးနဲသူမို့ကြည့်မရပါ) "ခင်ဗျားတော်တော်လောဘကြီးတဲ့သူပဲ။အလကားရရင် နယူးကလီးယား ဗုံးတောင်မြိုမယ့် သူပဲ"ဟုပြောပြီး"တော်ပြီ ခင်ဗျားခွဲတမ်းတစ်စောင်ပဲရမယ်။ကြည့်ခြင်ကြည့်၊မကြည့်ခြင်နေ" ဆိုပြီးလက်မှတ်တစ်စောင်ပဲထုတ်ပေးလိုက်ပါတယ်။ကျွန်တော်လဲသူတို့ (၂)ယောက်ကိုကြည့်ပြီး"အော်..လောဘ.လောဘ"ဆိုပြီးစဉ်းစားမိပါတယ်။အဲလိုစဉ်းစားမိလို့ကျွန်တော့်ကို လောဘမရှိတဲ့လူလို့မထင်ပါနဲ့။
ကျွန်တော်လဲ ပညတ်ချက်တွေ ပြည့်နေတဲ့ လောကီနယ်သား တစ်ယောက်ပါ ကျွန်တော့်မှာလဲလောဘရှိပါတယ်။ဒါပေမယ့် အဆိုမိန့်တွေနဲ့ပတ်သတ်တဲ့ စာအုပ်တစ်အပ်ထဲက..
"As you want no more,you cann't finish your wishes"
"သင်လိုခြင်တက်မတ်မှုတွေရှိနေသရွေ့ ဘယ်တော့မှမပြည့်စုံနိုင်ဘူး"
"If you want no more, yoyr life will be perfect"
"သင်အဲဒီ လိုခြင်မှုတွေ နည်းလာခဲ့ရင် သင့်ဘ၀ပြည့်သွားပါလိမ့်မယ်"
ဆိုတဲ့စာသားကိုဖတ်မိပြီးချိန်ကစပြီးကျွန်တော့် လောဘတွေနည်းနည်းတော့ လျှော့သွားခဲ့ပါတယ်။
(မရှိဘူးလို့မပြောဘူနော်။ဒါပေမယ့်အရင်ကထက်စာရင်နည်းသွားတာပါ။)စောစောက စာသားကိုလည်း ကျွန်တော်ပြောတာမဟုတ်ပါဘူး။
ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင်မိန့်ကြားခဲ့တာပါ။မြတ်စွာ ဘုရားက english လိုမိန့်ကြားခဲ့တာမဟုတ်ပေမယ့်
အဲဒီစာအုပ်မှာ english လိုဘာသာပြန်ပေးထားတာပါ။အဲဒီစာသားတွေကို ဖတ်ပြီးကျွန်တော်ရဲ့လောဘတွေ လျှော့နည်းသွားခဲ့ရသလို
ကျွန်တော့်ရဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်ပြန်ဝေမျှဆွေးနွေးလိုက်တာပါ။ ကျွန်တော် အဲသလိုပြောလို့ တစ်ချို့သော မိတ်ဆွေတွေက "မင်းကဘာမို့ လို့ ငါတို့ကိုတ၇ားလာချနေရတာလဲ" လို့တွေးကောင်းတွေးပါလိမ့်မယ်။ဟုတ်ပါတယ် ကျွန်တော်က ဘာကောင်မှတော့မဟုတ်ပါဘူး။ပြီးတော့ကျွန်တော် တရားပြ နေတာလဲမဟုတ်ပါဘူး။ကျွန်တော်သိတာလေးကို တင်ပြနေတာပါ။
နောက်ပြီး တွေးတောဆင်ခြင်တယ်ဆိုတာကလဲ ပြောဆို ဆုံးမတဲ့သူနဲ့မဆိုင်ပါဘူး။ဘာလို့လဲဆိုရင် ဥပမာပြောရရင် မိတ်ဆွေတို့ အသောကဘုရင် ကိုအားလုံးသိကြမှာပါ။ အသောကဘုရင် ကြီးဟာ သာသနာပြုမင်းမဖြစ်က အလွန်ကြောက်ဖို့ကောင်းတဲ့ စစ်ဘုရင်ကြီးတပါး ပါ။
ဒါပေမယ့် အသောကဘုရင်မင်းကြီးကို အရူးမ တစ်ယောက်က "ဟဲ့.ဘုရင်ကောင်၊နင်ဒီလောက် လောဘဇောတွေတိုက်ပြီး တိုင်းပြည်တွေတစ်ပြည်ပြီးတစ်ပြည် လိုက်တိုက်ခိုက် သိမ်းပိုက်နေရအောင် နင်က ကုတင်ဘယ်နှစ်လုံးနဲ့ အိပ်နိုင်လို့လဲ၊ပြီးတော့ တစ်နေ့ထမင်း ဘယ်နှစ်နှပ်စားမှာမို့လို့လဲ" လို့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် သူ့ကိုယ်ကိုသူ ဆင်ခြင်မိပြီး သာသနာပြု မင်းဘ၀ကိုပြောင်းလဲခံယူခဲ့တာပါ။ကျွန်တော်ဆိုလိုတာက မိမိကိုယ်မိမိ ဆင်ဆင်နိုင်မှုဟာ တစ်ပါးသူနဲ့မဆိုင်ပါဘူး။မိမိရဲ့ကိုယ်ပိုင်အသိဥာဏ်နဲ့တာဆိုင်တယ်လို့ ကျွန်တော်ထင်တာကိုပြောခြင်တာပါ။
ကဲ.ကျွန်တော်ရဲ့တင်ပြချက်ကို ယခုလိုဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

(မိတ်ဆွေတို့အားလုံး လောဘ.ဒေါသ.မောဟ တရားတွေ ကင်းဝေးကြပါစေ)

05 September, 2012

gtalk ထဲမှာလူရှိန်အောင် location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင်

Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊ Uk မှာအလုပ်လုပ်နေတာ၊အော်ဇီ မှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊မမတွေကိုခြေရာခံလို့ရပါပြီ။နောက်ပြီးကိုယ်ပို့လိုက်တဲ့ မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။
(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)
အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။
အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။
အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။
အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။
အဆင့် ၅-number of notifications to receive နေရာမှာ 3 ဆိုပြီးရွေးလိုက်ပါ။
အဆင့် ၆- click to activate my spying ဆိုတာကို click လိုက်ပါ။
(၁ မိနစ်သာသာလောက်စောင့်လိုက်ပါ။ပုံလေးတစ်ပုံရရှိပါလိမ့်မယ်)

အဆင့် ၇-လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။
အဆင့် ၈-ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။
အဆင်၉-ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကို spy လုပ်ခြင်တဲ့သူဆီပို့လိုက်ပါ။

(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း
ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)

အဆင့် ၁၀-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။
အဆင့် ၁၁-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)
အဆင့်၁၂-Find location ကို click လိုက်ပါ။

(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )

ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။