ဝါသာန်အခါမိုးတွင်းရဲ့ ရန်ကုန်မြို့လမ်းမတစ်နေရာ အချိန်ကားနံနက်(၈)နာရီခွဲခန့်၊ ရန်ကုန်မိုးရဲ့ထုံးစံအတိုင်း မိုးရွာပြီးတော့ ကားလမ်းပေါ်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ရေကွက်တွေကလမ်းပေါ်မှာတင်ကျန်ရစ်နေခဲ့တယ်။ကျွန်တော်လည်း ပျင်းပျင်းနဲ့ ရပ်ကွက်ထဲက လဘက်ရည်ဆိုင်မှာထိုင်ပြီး ဟိုငေးဒီငေး လုပ်နေတုန်း ကျွန်တော့်မြင်ကွင်းထဲကိုရောက်လာတာကတော့ အသက်(၁၃)နှစ်အရွယ်ကောင်လေး တစ်ယောက် အစိမ်းရောင်ဘောင်းဘီတို အဖြူရောင်လို့တောင်ပြောရခက်တဲ့အကျီအဖြူနဲ့ ညစ်နွမ်းနေတဲ့လွယ်အိတ်ကိုလွယ်ပြီးလက်ကထမင်းဘူးအပြားလေးကိုကိုင်ပြီးလမ်းမကြီးဘေးအတိုင်းခပ်သုတ်သုတ်လေးလျှောက်လာတာကိုတွေ့လိုက်ရတယ်။ ဒုတိယတွေ့လိုက်ရတာကတော့ နောက်ဆုံးပေါ်ကားတစ်စီး ကားပေါ်မှာ မိသားစုတစ်စု ပြည့်ပြည့်စုံစုံပြောရရင် စောစောက ကောင်လေးနဲ့အသက်မတိမ်းမယိမ်း ကောင်မလေးတစ်ယောက်နဲ့ သူ့မိသားစု။ကောင်မလေးရဲ့ကိုယ်ပေါ်မှာတော့ သစ်လွင်တဲ့ကျောင်းဝတ်စုံနဲ့ ပေါ့(ထားလိုက်ပါတော့)၊ဒီလိုနဲ့ ကားကြီးက တဖြည်းဖြည်းနဲ့ကောင်လေးအနားကိုအရောက် လမ်းမပေါ်က ရေဗွတ်ကိုတက်အနင်း "ဗြန်း" ဆိုတဲ့အသံနဲ့ ကောင်းလေးကလည်း လန့်ပြီးခုန်အရှောင် ဂွမ်းဆိုတဲ့ထမင်းဘူးလွတ်ကျတဲ့အသံနဲ့အတူ အဖြစ်အပျက်က စက္ကန့်ပိုင်းလေး ဆိုပေမယ့် ကားကြီးကကျော်သွားတော့ ရေစိုရွှဲနေတဲ့ ကျောင်းဝတ်စုံလေးနဲ့ကောင်လေးက ထမင်းဘူးလေးကို နှမျောတမ်းတစွာ ငုံကြည့်နေမိတယ်။ဒါကို ကားပေါ်က မိသားစုက သိမည်မထင်။ ကျွန်တော်လည်း ကောင်လေးအနားလျှောက်သွားပြီး ကြည့်လိုက်တော့ ထမင်းဘူးထဲမှာ ဟင်းကမပါ ပါတဲ့ထမင်းကလည်းဖိတ်ကုန်ပြီ။ ဒါနဲ့ကျွန်တော်က "ညီလေးဘာဖြစ်သွားလဲလို့" မေးတော့ "ဘာမှမဖြစ်ဘူးအကို" လို့ပြန်ဖြေတယ်။ ကျွန်တော်က "ညီလေးကျောင်သွားမလို့လား၊အ၀တ်တွေရေစိုကုန်ပြီ၊အိမ်နဲ့နီးရင်ပြန်လဲလိုက်ပါလားလို့ပြောတော့" သူက "ရတယ်မလဲတော့ဘူး၊ကျောင်းနောက်ကျလိမ့်မယ်ဒီနေ့စာမေးပွဲရှိတယ်။အခုအမေ့ကိုဈေးထဲမှာကူလုပ်ပေးရဦးမယ်၊
အမေကဈေးထဲမှာပျံကျဈေးရောင်းတာလေ။ပြီးတော့ပြန်လဲရအောင်လည်း လဲမယ့်အ၀တ်အစားက မနေ့ကရေစိုလို့မခြောက်သေးဘူး" ဟုပြန်ဖြေတော့ ကျွန်တော်လည်း ဆွံအသွားပြီး "အေးအေး ပြီးရော" လို့သာပြန်ပြောလိုက်နိုင်တယ်။ကောင်လေးကို သူ့ထမင်းဘူးပြန်ကောက်ပြီးထွက်သွားမှ "ညီလေးရော့ခေါင်းလေးတော့သုတ်လိုက်" ဆိုပြီးဘောင်းဘီးအိတ်ထဲက လက်ကိုင်ပုဝါကို ကမ်းပေးလိုက်တော့ "ကျေးဇူးဆိုပြီး" ခေါင်းကိုခပ်သွက်သွက်သုတ်ပြီး ထွက်သွားတော့မှ ကျွန်တော်လဲအိမ်ကိုပြန်ခဲ့တယ်။ခေါင်းထဲမှာတော့ ဒီလိုကလေးမျိုးကျွန်တော် တို့နိုင်ငံမှာဘယ်လောက်တောင်ရှိမလဲ လို့တွေးမိလိုက်တယ်။ကျွန်တော်တကယ်စိတ်မကောင်းပါဘူး။ပြီးတော့ ဒီလိုကလေးတွေကို တတ်နိုင်သလောက်ကူညီပေးဖို့ ဆုံးဖတ်လိုက်တယ်(မိတ်ဆွေတို့လဲကူညီပေးကြပါ)။အိမ်ပြန်ရောက်တော့ ဆုတစ်ခုတောင်းမိတယ်
"ပွင့်သောပန်းတိုင်း လန်းပါစေ ဗျာ"