ရှာဖွေမယ်
20 October, 2012
Facebook ရဲ့လုပ်ဆောင်ချက်များ
စာရေးသူ =စုကြည်ထွေး
အကြောင်းအရာ = လူမှုရေးကွန်ယက် တစ်ခုဖြစ်တဲ့ facebook ကိုကောင်းမွန်စွာအသုံးပြုတတ်စေ၇န်ရေးသားထားပါတယ်။
စာအုပ်ရယူလိုပါက ဒီမှာယူ ပါ
19 October, 2012
လူငယ်နှင့်တာဝန်ယူစိတ်
စာရေးဆရာ= လူထုစိန်ဝင်း
အကြောင်းအရာ= ကျွန်တော်တို့မြန်မာလူငယ်များ တာဝန်ခံလိုစိတ်တိုးပွားစေရန်ရေးသားထားပါသည်။
စာအုပ်ရယူလိုပါက ဒီမှာယူ ပါ။
တို့တိုင်းဌာနီ
စာရေးဆရာ= ခင်ဆွေဦး
အကြာင်းအရာ=မြန်မာသခင်လူငယ်များ လွတ်လပ်ရေးကြိုးစားချိန်တွင် သားနှစ်ယောက်၊သမီးတစ်ယောက်၊တူမတစ်ယောက်တို့ဖြင့်ပါဝင်လှုပ်ရှားခဲ့သူ၏ သရုပ်ကိုပေါ်လွင်အောင်ရေးသားထားပါသည်။
ဖတ်ရှုခြင်ပါက ဒီမှာဒေါင်း ပါ။
andriod app တွေကိုအခမဲ့ရယူနိုင်တဲ့ app နဲ့ အင်တာနက်ကနေ ph,message အခမဲ့ခေါ်/ပို့လို့ရတဲ့ app
ပြီး ဆရာကြီး မင်းပြောတာဟုတ်ကောဟုတ်ရဲ့လားလို့ တွေးကောင်းတွေးပါလိမ့်မယ်။ဟုတ်မဟုတ် လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
မြန်မာ mobile App Maket
တစ်ချို့ချို့ သောဆိုဒ်တွေမှာ အခကြေးငွေဖြင့် ၀ယ်ယူရသော andriod စနစ်သုံး application တွေကို sign upတောင်လုပ်စရာမလိုဘဲ အခမဲ့ အခမဲ့ free ရယူနိုင်အောင် ရည်ရွယ်ပြီး မြန်မာလူငယ်ပညာရှင်များ စုပေါင်းဖန်တီးထားတဲ့ မြန်မာ mobile app market ကိုဖြန့်ချီလိုက်ပါပြီ။
mm mobile app market မှာ Main menu, Application,Game ဆိုပြီး ကဏ္ဍကြီး(၃)ခုပါဝင်ပြီး main menu ကတော့လူကြိုက်များပြီး အသစ်ထွက် app များကို download ရယူနိုင်တဲ့ ကြေိာငြာကဏ္ဍဖြစ်ပြီး။ ကျန်တဲ့ကဏ္ဍနှစ်ခုအောင်မှာလဲ သူတို့နဲ့သက်ဆိုင်တဲ့ app အလန်းစားများစွာကို အခမဲ့ဝေငှပေးထားပါတယ်။ ဒီ mm mobile app market အပလီကေးရှင်းကိုအသုံးပြုခြင်တယ်ဆိုရင် ဒီမှာဒေါင်းပြီး သင့် andriod handset ထဲကို Install လုပ်လိုက်ပါ။သင့် andriod ဗားရှင်းက 2.1 နဲ့အထက်ရှိဖို့တော့လိုအပ်မယ်နော်။ကဲ Install လုပ်ပြီးပြီဆို၇င်တော့ internet မိတဲ့နေရာတိုင်းမှာသင်appအလန်းလေးတွေကို အခမဲ့ ရယူနိုင်ပါပြီ။

Aire Free Call
ခုတစ်လော အင်တာနက်ကနေတစ်ဆင့် ဖုန်းအခမဲ့ခေါ်လို့ရတဲ့ viber ကိုပိတ်လိုက်ပြီဆိုတဲ့သတင်းကြောင့်စိတ်ပျက်နေသူတွေအတွက်ဝမ်းသာစရာ သတင်းကျွတ်လက်ဆောင်လေးပါ။ ဒီ aire free call ကို
andriod စနစ်သုံး handset တွေမှာမက Ios တွေမှာလည်း ထည့်သွင်းနိုင်ပါတယ်။ aire free call ကို sign up account နှင့် facebook account နဲ့ပါအသုံးပြုနိုင်ပါတယ်။ကျွန်တော်မြန်မာပြည်မှာတော့ sign up account ကတော့အသုံးပြုရတာအဆင်မပြေပါဘူး။facebook account နဲ့တော့လွယ်ကူစွာအသုံးပြူနိုင်ပါတယ်။ အသုံးပြုကတော့ သင့်ရဲ့
facebook account နဲ့ aire free call အပလီကေးရှင်းထဲဝင်လိုက်ပြီးရင် သင့်ရဲ့ facebook friend list ထဲက ဖုန်းနဲ့အင်တာနက်သုံးပြီး aire free call အပလီကေးရှင်းရှိသူတိုင်းဆီကို ph ခေါ်ဆိုခြင်း၊ message ပို့ခြင်း ၊ video call ခေါ်ဆိုခြင်း၊ ဓာတ်ပုံးများ share ခြင်းများကို အခမဲ့ပြုလုပ်နီုင်ပါပြီ။ aire free call ကိုအသုံးပြုခြင်ရင်တော့ဒီမှာဒေါင်းလိုက်ပါ။
အဲနေရာမှာဒေါင်းရတာ အဆင်မပြေရင် အပေါ်ကကျွန်တော်တင်ပေးထားတဲ့ mm mobile app market ထဲမှာလဲရှာပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ။
(အားလုံး သီတင်းကျွတ်အခါသမယ မှာပျော်ရွှင်ကြပါစေ)
07 September, 2012
လူ နှင့် လောဘ
ဖြစ်ပုံက ဒီလိုဗျ ရုံးအုပ်ကြီးက ရုံးထဲကို အသံကျယ်ကျယ်နဲ့ "ကဲအားလု့းနားထောင် မနက်ဖြန် ရုံးပိတ်မှာ ကပွဲကြည့်ခြင်တဲ့သူတွေ လက်မှတ်လာယူကြ တစ်ယောက်ကိုတစ်စောင်နှုန်းရမယ်လို့"အော်ပြောလိုက်တော့ ဦးကပ်စေးက အရင်ဆုံး ရုံးအုပ်ကြီးဆီ ထသွားပြီး"ရုံးအုပ်ကြီးကျွန်တော်တို့လင်မယား(၂)ယောက်လုံးသွားကြည့်ခြင်လို့အဲဒါကျွန်တော်မိန်းမအတွက်ပါ
တစ်စောင်ပိုပေးလို့မရဘူးလား"လို့ပြောပါတယ်။ရုံးအုပ်ကြီးကလည် "ရပါတယ်။
လာမထုတ်တဲ့သူရှိရင်ကျွန်တော်လုပ်ပေးမယ်ဆိုပြီး"ပြန်ပြောပါတယ်။အဲဒီမှာ ဦးကပ်စေးကတစ်ဆင့်တက်ပြီး
"ဒါဆို ကျွန်တော့် သမီးအတွက်ပါတစ်စောင် ပေါင်း(၃)စောင်လောက်လုပ်ပေးပါလား"ဆိုပြီး အဆစ်ထပ်တောင်းပါတယ်။ရုံးအုပ်ကြီးကလည်း
စိတ်အချဉ်ပေါက်လာပြီး(နဂိုကတည်းကက်စေးနဲသူမို့ကြည့်မရပါ) "ခင်ဗျားတော်တော်လောဘကြီးတဲ့သူပဲ။အလကားရရင် နယူးကလီးယား ဗုံးတောင်မြိုမယ့် သူပဲ"ဟုပြောပြီး"တော်ပြီ ခင်ဗျားခွဲတမ်းတစ်စောင်ပဲရမယ်။ကြည့်ခြင်ကြည့်၊မကြည့်ခြင်နေ" ဆိုပြီးလက်မှတ်တစ်စောင်ပဲထုတ်ပေးလိုက်ပါတယ်။ကျွန်တော်လဲသူတို့ (၂)ယောက်ကိုကြည့်ပြီး"အော်..လောဘ.လောဘ"ဆိုပြီးစဉ်းစားမိပါတယ်။အဲလိုစဉ်းစားမိလို့ကျွန်တော့်ကို လောဘမရှိတဲ့လူလို့မထင်ပါနဲ့။
ကျွန်တော်လဲ ပညတ်ချက်တွေ ပြည့်နေတဲ့ လောကီနယ်သား တစ်ယောက်ပါ ကျွန်တော့်မှာလဲလောဘရှိပါတယ်။ဒါပေမယ့် အဆိုမိန့်တွေနဲ့ပတ်သတ်တဲ့ စာအုပ်တစ်အပ်ထဲက..
"As you want no more,you cann't finish your wishes"
"သင်လိုခြင်တက်မတ်မှုတွေရှိနေသရွေ့ ဘယ်တော့မှမပြည့်စုံနိုင်ဘူး"
"If you want no more, yoyr life will be perfect"
"သင်အဲဒီ လိုခြင်မှုတွေ နည်းလာခဲ့ရင် သင့်ဘ၀ပြည့်သွားပါလိမ့်မယ်"
ဆိုတဲ့စာသားကိုဖတ်မိပြီးချိန်ကစပြီးကျွန်တော့် လောဘတွေနည်းနည်းတော့ လျှော့သွားခဲ့ပါတယ်။
(မရှိဘူးလို့မပြောဘူနော်။ဒါပေမယ့်အရင်ကထက်စာရင်နည်းသွားတာပါ။)စောစောက စာသားကိုလည်း ကျွန်တော်ပြောတာမဟုတ်ပါဘူး။
ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင်မိန့်ကြားခဲ့တာပါ။မြတ်စွာ ဘုရားက english လိုမိန့်ကြားခဲ့တာမဟုတ်ပေမယ့်
အဲဒီစာအုပ်မှာ english လိုဘာသာပြန်ပေးထားတာပါ။အဲဒီစာသားတွေကို ဖတ်ပြီးကျွန်တော်ရဲ့လောဘတွေ လျှော့နည်းသွားခဲ့ရသလို
ကျွန်တော့်ရဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်ပြန်ဝေမျှဆွေးနွေးလိုက်တာပါ။ ကျွန်တော် အဲသလိုပြောလို့ တစ်ချို့သော မိတ်ဆွေတွေက "မင်းကဘာမို့ လို့ ငါတို့ကိုတ၇ားလာချနေရတာလဲ" လို့တွေးကောင်းတွေးပါလိမ့်မယ်။ဟုတ်ပါတယ် ကျွန်တော်က ဘာကောင်မှတော့မဟုတ်ပါဘူး။ပြီးတော့ကျွန်တော် တရားပြ နေတာလဲမဟုတ်ပါဘူး။ကျွန်တော်သိတာလေးကို တင်ပြနေတာပါ။
နောက်ပြီး တွေးတောဆင်ခြင်တယ်ဆိုတာကလဲ ပြောဆို ဆုံးမတဲ့သူနဲ့မဆိုင်ပါဘူး။ဘာလို့လဲဆိုရင် ဥပမာပြောရရင် မိတ်ဆွေတို့ အသောကဘုရင် ကိုအားလုံးသိကြမှာပါ။ အသောကဘုရင် ကြီးဟာ သာသနာပြုမင်းမဖြစ်က အလွန်ကြောက်ဖို့ကောင်းတဲ့ စစ်ဘုရင်ကြီးတပါး ပါ။
ဒါပေမယ့် အသောကဘုရင်မင်းကြီးကို အရူးမ တစ်ယောက်က "ဟဲ့.ဘုရင်ကောင်၊နင်ဒီလောက် လောဘဇောတွေတိုက်ပြီး တိုင်းပြည်တွေတစ်ပြည်ပြီးတစ်ပြည် လိုက်တိုက်ခိုက် သိမ်းပိုက်နေရအောင် နင်က ကုတင်ဘယ်နှစ်လုံးနဲ့ အိပ်နိုင်လို့လဲ၊ပြီးတော့ တစ်နေ့ထမင်း ဘယ်နှစ်နှပ်စားမှာမို့လို့လဲ" လို့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် သူ့ကိုယ်ကိုသူ ဆင်ခြင်မိပြီး သာသနာပြု မင်းဘ၀ကိုပြောင်းလဲခံယူခဲ့တာပါ။ကျွန်တော်ဆိုလိုတာက မိမိကိုယ်မိမိ ဆင်ဆင်နိုင်မှုဟာ တစ်ပါးသူနဲ့မဆိုင်ပါဘူး။မိမိရဲ့ကိုယ်ပိုင်အသိဥာဏ်နဲ့တာဆိုင်တယ်လို့ ကျွန်တော်ထင်တာကိုပြောခြင်တာပါ။
ကဲ.ကျွန်တော်ရဲ့တင်ပြချက်ကို ယခုလိုဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

(မိတ်ဆွေတို့အားလုံး လောဘ.ဒေါသ.မောဟ တရားတွေ ကင်းဝေးကြပါစေ)
05 September, 2012
gtalk ထဲမှာလူရှိန်အောင် location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင်

(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)
အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။
အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။
အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။
အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။
အဆင့် ၅-number of notifications to receive နေရာမှာ 3 ဆိုပြီးရွေးလိုက်ပါ။
အဆင့် ၆- click to activate my spying ဆိုတာကို click လိုက်ပါ။
(၁ မိနစ်သာသာလောက်စောင့်လိုက်ပါ။ပုံလေးတစ်ပုံရရှိပါလိမ့်မယ်)
အဆင့် ၇-လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။
အဆင့် ၈-ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။
အဆင်၉-ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကို spy လုပ်ခြင်တဲ့သူဆီပို့လိုက်ပါ။
(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း
ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)
အဆင့် ၁၀-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။
အဆင့် ၁၁-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)
အဆင့်၁၂-Find location ကို click လိုက်ပါ။
(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )
ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။
gtalk ထဲမှာလူစု group ဖွဲ့ပြီး အမုန်း chat ကြရအောင်
gtalk နဲ့ပတ်သတ်ပြီး ကျွန်တော်သိထားတဲ့ ဗဟုသုတ တွေကိုပြန်ဝေငှပေးလိုက်ပါတယ်။ မိတ်ဆွေတို့ gtalk ထဲမှာ one by one ပြောရတာများလို့ပျင်းသွားပြီဆိုရင် လူတွေစုပြီး ပိုပြီးပျော်စရာကောင်းတဲ့ group chat လေးတစ်ခုဖန်တီးပြီးပွားကြည့်လိုက်ပါနော်။
group chat လုပ်နည်းအများကြီးရှိပါတယ်။အဲဒီအထဲမှာမှ ကျွန်တော်သိထားတဲ့နည်းလေးကိုတင်ပြလိုက်ပါတယ်။
အဆင့် ၁-group chat ထဲမှာဝင်ပြောမယ့်သူတွေအားလုံး service@gtalk2voip.com ကိုအပ်လိုက်ပါ။
အဆင့် ၂-adamin လုပ်မယ့်သူက gtalk friend list ထဲက service@gtalk2voip.com ကို ထုံးစံအတိုင်း click နိုပ်ပြီး conf လို့ ရိုက်ထည်ပြီး enter ခေါက်လိုက်ပါ။
အဆင့် ၃-gtalk service ကနေ adamin ဆီ miss call တစ်ခုဝင်လာပါလိမ့်မယ်။ answer လုပ်လိုက်ပါ။ခဏစောင့်ပါ gtalk service ကနေ adamin ဆီကို cookies code တစ်ခုထပ်ပို့ပေးပါလိမ့်မယ်။
အဆင့် ၄-အဲဒီ code တွေရဲ့ ရှေ့မှာ join/ ဆိုတာထပ်ထည့်ပြီး chat box မှာဝင်ပြောမယ့်သူတွေအားလုံးကိုပို့ပေးလိုက်ပါ။
(ဥပမာ- gtalk service ကနေ cookies code အဖြင့် ABCD1511 ကို adamin ဆီကိုပို့ပေးလိုက်တယ်ဆိုပါစို့။ adamin က join/ ပြန်ဖြည့်ပြီး chat box မှာပါတဲ့သူတွေဆီကို join/ ABCD1511 ဆိုပြီးပို့ပေးရမှာပါ။ )
(အဲဒီမှာသတိထားရမယ့်အချက်ကတော့ join/ နဲ့ cookies code အကြား space တစ်ချက်ခြားပေးရပါမယ်။မခြားရင်မရပါဘူး။)
အဆင့် ၆-chat boxထဲမှာဝင်ပြောမယ့်သူတွေက adamin ပို့ပေးတဲ့ join/ + cookies code တွေကို copy ကူးပြီး service@gtalk2voip.com ကို click ပြီး စောစောက adamin ပို့လိုက်တဲ့
join/ + cookies ကို paste လုပ်ပြီးထည့်လိုက်ပါ။ပြီးရင် enter ခေါက်လိုက်ပါ။
အဆင့် ၇-group chat ဖန်တီးခြင်းပြီးဆုံးပါပြီ။စပွားလို့ရပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။ group chat ထဲမှာ ပျော်ရွှင်စွာ chat နိုင်ကြပါစေ....................
gtalk ထဲမှာဘာသာစကားမတူတဲ့သူတွေနဲ့ chat ခြင်သူတွေအတွက် စကားပြန် လေးတွေ..
အဲဒါတွေကိုဖြေဖျောက်ဖို့ သင့်ရဲ့ gtalk ထဲမှာ guide တွေခေါ်ထည့်ထားလို့ရပါပြီ။
သူ့ရဲ့အသုံးပြုက သင့်ရဲ့ gtalk ထဲကို guide လုပ်ပေးမယ့် bots တွေကိုအပ်လိုက်ပါ။
အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။ပြီးရင်သင်ပြောခြင်တဲ့သူနဲ့ပြောလို့ရပါပြီ။
(ဥပမာ-သင်က ဂျာမန်လူမျိုးနဲ့ပြောခြင်တယ်ဆိုပါစို့။ english to german ပြောင်းပေးတဲ့ en2de.org ကို click လိုက်ပါ။ပြီးရင်သင်ပြောခြင်တဲ့စကားကိုရိုက်ထည့်လိုက်ပါ။အဲအချိန်မှာ bots ကသင်
ရိုက်ထည့်တဲ့စကားကိုဂျာမန်လိုပြန်ပြီးပြောပေးပါမယ်။အဲဒါကို copy ကူးပြီး သင်ပြောခြင်တဲ့ ဂျာမန်ရဲ့chat box ထဲကို paste လုပ်ပြီးပြောလိုက်ပါ။ထိုနည်း လည်းကောင်းပဲ သင်နဲ့ပြောနေတဲ့ဂျာမန်က ဂျာမန်လိုပြန်ရိုက်လာတာကို copy ကူးပြီး german to english ပြောင်းပေးတဲ့ de2en.org ထဲကို paste လုပ်ရင် english လိုပြန်ပြောပေးပါမယ်။ဒါပေမယ့် သင့်အတွက်
english ကလဲအခက်ခဲဖြစ်နေရင်လည်းကိစ္စမရှိပါဘူး။ myanmar to english , english to myanmar ကိုအထက်ပါနည်းအတိုင်းနောက်ထပ်တစ်ဆင့်ထပ်သုံးရင်အဆင်ပြေသွားပါလိမ့်မယ်။)
သင့်ကိုဘာသာပြန်ပေးမယ့် guide (သို့) bots တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ဘာသာတစ်ခုမှာ အပြန်အလှန်အတွက် bots (၂)ခုစီရှိပါတယ်။ အဲဒီမှာ en ဆိုတာကတော့ english ပါ။
English-Myanmar = en2mm@mmgeeks.org
English-Myanmar = en2mm8@mmgeeks.org
Arabic – English = ar2en@bot.talk.google.com
en2ar@bot.talk.google.com
Croatian – English = hr2en@bot.talk.google.com
en2hr@bot.talk.google.com
Russian – English = ru2en@bot.talk.google.com
en2ru@bot.talk.google.com
Swedish – English = sv2en@bot.talk.google.com
en2sv@bot.talk.google.com
Czech – English = cs2en@bot.talk.google.com
en2cs@bot.talk.google.com
Danish – English = da2en@bot.talk.google.com
en2da@bot.talk.google.com
German – French = de2fr@bot.talk.google.com
fr2de@bot.talk.google.com
Spanish – English = es2en@bot.talk.google.com
en2es@bot.talk.google.com
Greek – English = el2en@bot.talk.google.com
en2el@bot.talk.google.com
Korean – English = ko2en@bot.talk.google.com
en2ko@bot.talk.google.com
Dutch – English = nl2en@bot.talk.google.com
en2nl@bot.talk.google.com
Italian – English = it2en@bot.talk.google.com
en2it@bot.talk.google.com
Finnish – English = fi2en@bot.talk.google.com
en2fi@bot.talk.google.com
French – English = fr2en@bot.talk.google.com
en2fr@bot.talk.google.com
Hindi – English = hi2en@bot.talk.google.com
en2hi@bot.talk.google.com
Japanese – English = ja2en@bot.talk.google.com
en2ja@bot.talk.google.com
Norwegian – English = no2en@bot.talk.google.com
en2no@bot.talk.google.com
Polish – English = pl2en@bot.talk.google.com
en2pl@bot.talk.google.com
Portuguese – English = pt2en@bot.talk.google.com
en2pt@bot.talk.google.com
Romanian – English = ro2en@bot.talk.google.com
en2ro@bot.talk.google.com
Chinese – English = zh2en@bot.talk.google.com
en2zh@bot.talk.google.com
Traditional Chinese-English = hant2en@bot.talk.google.com
en2zh-hant@bot.talk.google.com
Traditional Chinese -Chinese = hant2zh@bot.talk.google.com
zh2zh-hant@bot.talk.google.com
Bulgarian – English = bg2en@bot.talk.google.com
en2bg@bot.talk.google.com
German – English = de2en@bot.talk.google.com
en2de@bot.talk.google.com
အထက်မှာကျွန်တော်ဖော်ပြပေးထားတဲ့အထဲမှာသင်လိုခြင်တဲ့ ဘာသာစကားမပါသေးဘူးဆိုရင် သင်ဘာသာပြန်စေလိုတဲ့ ဘာသာ(၂)ခုရဲ့ အတိုကောက်စကားလုံး (၂)လုံးကို ကြားကနေ 2 ခံပေးပြီး
နောက်ကနေ @bot.talk.google.com ပိတ်ပေးပြီး gtalk မှာအပ်လို့ရပါတယ်။ ဒါပေမယ့် အတိုကောက်စကားလုံး(၂)လုံးမှန်ကန်ဖို့လိုပါတယ်။
ဘာသာခြားတွေနဲ့ အောင်မြင်၊ပျော်ရွှင်စွာ chat နိုင်ကြပါစေ......................
အတူတူမအိပ်သင့်တဲ့အရာ(၅)မျိုး
၁။ နာရီဝတ်ပြီးမအိပ်ပါနဲ
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။
၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္)၀တ်ပြီးမအိပ်ပါနဲ့
အမေရိကန်မှ သုတေသနပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများဟာ (၁၂)နာရီထက်ကျော်လွန်ပြီး အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ဒါကြောင့်သက်တောင့်သက်သာနဲ့လဲအိပ်ရ၊ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ်အိပ်ပါ။
၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီးအိပ်ခြင်ဟာလဲမကောင်းပါဘူး။တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာထားတတ်ပါတယ်။ အဲဒီလိုအသုံးပြူခြင်တယဆိုရင်လဲ မိမိအခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြပါတယ်။အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကိုထိခိုက်စေပါတယ်။ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။
၎။မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့ မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။မိပ်ကပ်လိမ်းပြီးအိပ်ခြင်းအားဖြင့် မိပ်ကပ်တွေဟာအရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီး မှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင်သစ်ပြီးမှအိပ်ပါ။မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး(တောင်နံကြီး၊ရှင်မတောင်) ကိုခပ်ပါးပါးလေးသွေးလိမ်းနိုင်ပါတယ်။
၅။ သူတစ်ပါးရဲ့ယောင်္ကျား(သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့ နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသောလင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။အဲလိုအိပ်မိလျှင် သင့်အတွက် သေလောက်အောင်အရှက်ရစေနိုင်ပါတယ်။လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံး သွားရပါလိမ့်မယ်။ အဲလိုတစ်ခါအိပ်မိယုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာဖြစ်ပြီးဘယ်တော့မှပြန်လည်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပါ။ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။
အားလုံးကိုကျေးဇူးတင်ပါတယ်။အသက်ရှည်၊ကျန်းမာပြီးအိမ်မက်လှလှတွေနှင့်အတူနှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ..................
03 September, 2012
မိတ်ဆွေတို့အတွက် ဂဏန်းဗေဒင်
ဥပမာ...မွေးရက် ၂၅ ရက်
မွေးလ + ၀၉ လ
---------
ပေါင်းခြင်း ၃ ၎
(အဆိုပါပေါင်းခြင်း ဂဏန်းနှစ်လုံးကိုပြန်ပေါင်းပါ)
ဥပမာ.. ၃+၄=၇
ဒါဆို (၇) ဂဏန်းသမားပေါ့။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ပြည့်ဂဏန်း ဥပမာ ၂+၈=၁၀ ဆိုရင်(၀ ဂဏန်းသမားပေါ့)။
ပေါင်းခြင်းနှစ်လုံးပေါင်းလို့မှ ဆယ်ကျော်ဂဏန်း ဥပမာ ၂+၉=၁၁ ဆိုရင် အဲဒီ (၁၁) ဆိုတဲ့ဂဏန်းနှစ်လုံးကိုထပ်ပေါင်းပါ။ဥပမာ ၁+၁=၂ (၂ ဂဏန်းသမားပါ)
ကဲ အဲလိုပေါင်းပြီး သင့်ရဲ့ဂဏန်းကိုမှတ်ထားပြီး သင့်ဂဏန်းရဲ့ ဂုဏ်သတ္တိကိုအောက်မှာကြည့်လိုက်ရအောင်။
(၁)ဂဏန်းသမား
သင်သည်ထူးခြားသောဖြစ်၏ ။သို့သော အင်္ဂါဂြိုလ်ထဲရောက်နေသဖြင့် သင့်တွင် အတိုက်ခံကပေါများ၏။ယုတ်စွအဆုံး လေးဘေးက ဆိုက်ကားဆရာပင် သင့်ကိုဆိုက်ကားနဲ့
တိုက်ခြင်နေပါတယ်။(ဆိုက်ကားအကြွေးစီးလို့နေမှာ။)
ထို့သို့သော အင်္ဂါဂြိုလ် ထဲကလွတ်မြောက်ဖို့အတွက် ယတြာ- ဇင်ဘာဘွေ နိုင်ငံက ဇူးလူး လူမျိုးတွေမွေးထားတဲ့ ဇီးကွက် ရဲ့ ဇက်ပိုးကို ခပ် ဇက်ဇက်လေး လက်ဝါးဇောင်းနဲ့ ခုပ်းပေးလိုက်ပါ။အတိုက်အခံတွေပျောက်သွားပါလိမ့်မယ်။
(၂) ဂဏန်းသမား
သင်သည် အစွဲလမ်းကြီးသောသူဖြစ်၏။သင်အစွဲလမ်းကြီးသောလည်း သင့်ချစ်သူက သင့်ကိုသိပ်ဂရုစိုက်လိမ့်မည်မဟုတ်။သင့်ကိုတွေ့လျှင် ချွှဲနွဲ့ပြီး မတွေ့ရတော့ရင် ဒိုတာခုတ်ရင်း(သို့)ဘောလုံးပွဲ
ကြည့်ရင်း(သို့)မုန့်တွေအသားကုန်စား၇င်း(သို့)shopping ထွက်ရင်း(သို့) အလှပြင်ဆိုင်မှာဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် နဲ့ပျော်နေပါလိမ့်မည်။သင့်ကိုသတိရမည်မဟုတ်။
ယတြာ - ဒီတစ်ခါ သူနဲ့တွေ့ရင် သင်စီးထားတဲ့ဖိနပ်ကိုတယ်လီဖန်းလိုပါးမှာကပ်ပြီး"ဟေ့ဒီမှာ နင်ဘာတွေလုပ်နေတာလဲဆိုတာငါအကုန်သိတယ်နော်။ငါ့ကိုဘာမှတ်နေလဲ။နင့်လောက်တော့သနားတယ်" လို့ ပြောပြီး ဖိနပ်ကို kiss တစ်ချက်ပေးလိုက်ပါ။ပြီးရင် သင့်ချစ်သူရင်ခွင်ထဲတိုးဝင်ပြီး "ကြားလား" လို့မေးပြီး သူ့ကို kiss တစ်ချက်ပေးလိုက်ပါ။
ဒါဆို သင်တို့ဒီထက်မကအဆင်ပြေသွားပါလိမ့်မယ်။
(၃)ဂဏန်းသမား
သင်သည်(၃)ဆိုသည့်အတိုင်းတစ်ခါတစ်လေတွင် လည်မလိုလိုနဲ့ တော်တော် တုံး တတ်ပါ၏။၊ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်ပါတယ်။(ကိုးရီးယားထဲကလိုတော့မဟုတ်ပါ)။
သင်ချေးထားတာတွေကိုပြန်မဆပ်လို့ သင်ရယ် သင်ပိုက်ဆံချေးထားတဲ့သူရယ် သင်မိဘတွေရယ် လှပတဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ - အလွန်ထက်တဲ့ဓားမ တစ်လက်ကိုလက်ကကိုင်ပြီး သုံးဘီးကား(သို့)ဆိုက်တွဲ တစ်စီးကိုတားပြီး သုံးဘီးဆ၇ာကို ဓားသွေးကျောက်တစ်တုံး လက်ဆောက်ပေးလိုက်ပါ။သင့်ရဲ့အညံ့တွေ
ပိန်းကြာရွတ်ပေါ်ရေမတင်သလို ပျောက်ကင်းသွားပါလိမ့်မယ်။
(၄) ဂဏန်းသမား
သင်သည်ပေါခြာခြာကြောင်တောင်တောင်လူဖြစ်လတ္တံ။ သင့်၏ ပေါခြာခြာ ပုံစံကြောင့် သင့်ကိုမည်သူမျှလေးစားလိမ့်မည်မဟုတ်။ယုတ်စွအဆုံး ရက်ကွက်ထဲက အမှိုက်ကောက်တဲ့ ကလေးတောင်လေးစားလိမ့်မည်မဟုတ်။
ယတြာ- ထမင်းစားလျှင် ခပ်ပေါ့ပေါ့ဟင်းကိုမစားဘဲ ခပ်လေးလေးစားပါ။ဥပမာ ဆားတစ်ထုတ်ကို (၃)ရက်နှုန်းနဲ့ (၁)လလောက်ခပ်လေးလေးစားပေးပါ။လမ်းထွက်ရင်လဲ ကျောပိုးအိတ်(သို့)လက်ကိုင်အိတ် ထဲကိုခပ်လေးလေး အုတ်နီခဲ လေးလုံးထည့်ပြီးမှထွက်ပါ။လူတွေအားလုံးသင့်ကို လေးစားသွားကြပါလိမ့်မယ်။
(၅) ဂဏန်းသမား
သင်သည်အလွန်ကြိုးစားတတ်သောသူဖြစ်၏။သို့သော်သင်ကြိုးစာလိုက်တိုင်းမှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေတတ်ပါလိမ့်မယ်။သင်ဘယ်လောက်ကြိုးစား ကြိုးစား နောက်ဆုံးတော့
ငါးဆယ် ရာခိုင်နှုန်းနဲ့အမြဲကျေနပ်နေရပါလိမ့်မယ်။
ယတြာ- ငါးသလောက်ပေါင်းစားပြီးငါးထပ်တိုက်ရဲ့ ၀ါရံတာကနေ "အောင်ပြီ" လို့ ငါးကြိမ်အော်လိုက်ပါ။အရာရာမှာပိုပြီးအောင်မြင်သွားပါလိမ့်မယ်။
(၆) ဂဏန်းသမား
သင်သည်ခြောက်သွေ့စွာအထီးကျန်နေသောသူဖြစ်၏။တစ်ယောက်ထဲနေရတာများလို့ စိတ်ခြောက်ခြားပြီး ကိုယ့်အရိပ်ကိုတောင်ပြန်ကြောက်နေတတ်ပါတယ်။
ယတြာ- ခြောက်မိုင် မှာနေတဲ့အခြောက်မကို ပန်းပွင့်ခြောက် ခြောက်ပွင့် နဲ့အတူ ခြိမ်းခြောက်စာတစ်စောင်ပို့လိုက်ပါ။သင်အားအင်တွေအလိုလိုရရှိလာပါလိမ့်မယ်။
(၇) ဂဏန်းသမား
သင်သည် အနှစ်မရှိဘဲ အခွံသာရှိသောသူဖြစ်၏။။ အခွန်မဆောင်နိုင်ဘဲ ဖွန်လဲကြောင်တတ်ပါသည်။
အရာရာတွင်လူတွေကသင့်ကိုပြီးပြည့်သူဟုထင်ထားသော်လည်းသင့်မှာ ဘာမှမရှိ ဗလာနတ္ထိ အခွံပဲရှိတတ်ပါတယ်။
အရာရာမှာပြည့်စုံသွားအောင်...ယတြာ- (၇)ရက်နေ့မနက်စောစော(၇)နာရီမှာ မြွေ(၇)ကောင်ရဲ့ အရေခွံ ကို လည်ပင်းမှာပတ်ပြီး (၇)လမ်းထိပ်မှာ Big Bag ရဲ့ ၇နာရီထိုးပြီးပြီ ဆိုတဲ့သီချင်းကိုအစအဆုံး(၇)ခေါက်အော်ဆိုလိုက်ပါ။အားလုံးပြည့်စုံသွားပါလိမ့်မယ်။
(၈) ဂဏန်းသမား
သင်သည်အလွန်ရှက်တတ်သောသူဖြစ်၏။သင်၏ပြင်းထန်သောရှက်ရွှံတတ်မှုကြောင့်လူတွေကြားထဲမှာပွဲမတိုးဘဲဖြစ်နေတတ်ပါတယ်။အဲဒီရှက်ရွှံတတ်မှုကြောင့်လဲသင်ဟာဘာမှမလုပ်ရဲဘဲအမြဲတမ်း
အခန်းထဲမှာအောင်းနေရတတ်ပါတယ်။
ရှက်ရွှံမှုနည်းပါးစေရန် ယတြာ-(၈)ပါးသီလစောင့်ပြီးနောက်တစ်နေ့မှာ ရှဉ့်(၈)ကောင်ဖမ်းပြီး သူတို့ခေါင်းကို ဥသျှစ်သီးနဲ့ သာသာလေးထုပြီး "shut up"လို့(၈)ကြိမ်ပြောလိုက်ပါ။အရှက်တရားနည်းပါးသွားပါလိမ့်မယ်။
(၉) ဂဏန်းသမား
အကောင်းဆုံးသောဂဏန်းပိုင်ရှင်ဖြစ်၏။သင်သည် ကိုယ့်အားကိုယ် ကိုး တတသောသူဖြစ်၏။သို့သော် ဒိထက်ပိုမိုကောင်မွန်စေရန်ယတြာခြေလိုက်ပါ။
ယတြာ- ည(၉)နာရီတိတိမှာအိပ်ပြီး နံနက်(၉)နာရီတိတိမှာ ကုန်းရုန်းထပြီး "ကုန်းက ကုန်းက" ဆိုပြီးစိတ်ပါလက်ပါဟစ်ကြွေးလိုက်ပါ။
(၀)ဂဏန်း
သင်သည်အရာရာတွင်ဘူကျနေတတ်ပြီး လာဘ်လာဘဲ ကင်းဝေးနေတတ်ပါတယ်။သင်ကိုလူအများကလဲ ဘူကောင်လို့သတ်မှတ်ထားပြီး သင်နှင့်မည်သည့်လုပ်ငန်းမှတွဲမလုပ်ခြင်ကြပါ။
သင့်ရဲ့ဘူကျမှုတွေ ပျောက်ဆုံး စေပြီး လူအများသင့်ကိုလက်တွဲစေရန် ယတြာ- ဘဲဥ ဆယ်လုံးကို ဆယ်မိနစ်အတွင်းကုန်အောင်စားပြီး ဆယ်ကြီးမြောက်မြို့ပတ်ရထားတွဲ ပေါ်လိုက်စီးပြီး ရထားဥသြ ဆွဲတိုင် သင်က "ဘူ" ဆိုပြီး ခပ်ကျယ်ကျယ်လေး လေလည်ပေးလိုက်ပါ။အားလုံး ok သွားပါလိမ့်မယ်။
(အားလုံးလိုအင်ဆန္ဒပြည့်ဝကြပါစေ)
စကားချပ်။ ။သင်တို့ရဲ့ ဂဏန်းတွေကိုမကောင်းတာတွေဟောမိလို့စိတ်တိုနေတယ်ဆိုရင် ဒီကောင်လေး ဆရာကြီး ဗေဒင်ကမှန်လိုက်တာလို့စိတ်ထဲတွေးပြီး ကျွန်တော့်ကို
ခွင့်လွှတ်ပေးကြပါလို့ ဆန္ဒပြုရင်း.................
နိုင်ငံကျော်ဆရာကြီးဇရက်နီရဲ့တပည့်
ဝေသာလီ ဆရာကြီး
ဗုဒ္ဓဘာသာ(၅)မျိုး

ဘာသာရေးစာအုပ်တစ်အုပ်မှာကျွန်တော်ဖတ်ဖူးတာလေးပါ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာကိုးကွယ်ယုံကြည်မှု ပုံစံအလိုက်အမျိုးအစားကွဲပြားခြားနားပါတယ်။ ထေရ၀ါဒ နဲ့ မဟာယာန ဆိုပြီးကွဲတာမျိုးမဟုတ်ပါဘူး။ကွဲပြားရတဲ့အကြောင်းရင်းနဲ့အမျိုးအစားတွေကဒီလိုပါ........
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။မိဘတွေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက အခြားဘာသာဝင်ဆို သူလဲအခြားဘာသာဝင်ပဲ။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မျိုးရိုးကြောင့် ဗုဒ္ဓဘာသာဖြစ်လာရပြီး ဘုရားတရား လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါခြင်းကို ကုလ လို့ခေါ်ပါတယ်။တော်တော်များများက ကုလ ဗုဒ္ဓဘာသာ ပါ။နောင်မှဆင်ခြင်ပါများပြီးသဘောပေါက်လာကြတာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တာကို
ဆိုလိုတာပါ။စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာတောင် အောင် နဲ့စတဲ့ဘုရားတွေကိုရွေးပြီးကိုးကွယ်တယ်။။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ အရုပ်တွေကို စင်အပြည့် တင်ပြီး ဘုရာ့းု့တော်နဲ့ ဆင်းတုတော်လေးက ဥာဏ်တော်တစ်မိုက်သာသာလောက်သာထားပြီး ကိုးကွယ်တဲ့သူတွေကို လာဘဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ ဘေးကင်းကွာပြီးအနာမဲ့စေဖို့ဆုတောင်းပြီး ကြောက်ကြောက်လန့်လန့် နဲ့ ဘုရားကို ကြောက်စရာ တစ်ခုဖွယ်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။
(အထက်မှာဖော်ပြခဲ့တဲ့ မိရိုးဖလာအရ ကိုးကွယ်တဲ့ ကုလ ဗုဒ္ဓဘသာ၊ လာဘ်လိုခြင်လို့ကိုးကွယ်တဲ့ လာဘ ဗုဒ္ဓဘာသာ၊ ကြောက်လို့ကိုးကွယ်တဲ့ ဘယဗုဒ္ဓဘာသာ၊ထို(၃)မျိုးကတော့ အနိမ့်စား ဗုဒ္ဓဘာသာတွေဖြစ်ပြီး။အောက်တွင်ဖော်ပြသော ဗုဒ္ဓဘာသာ(၂)မျိုးမှာ အထက်တန်း ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်ပြီး လေးနက်စွာ ပူဇော်ဆည်းကပ်တဲ့သူကို သဒ္ဒါဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
ဗုဒ္ဓံ ပူဇေမိ
ဓမ္မံ ပူဇေမိ
သံဃံ ပူဇေမိ ဆိုပြီး ဘုရား၊တရား၊သံဃာ တို့ကိုယုံကြည်မြတ်နိုးစွာပူဇော်ဖြင်းကိုခေါ်တာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားလေးပါးကို သေချာသိတဲ့ ဗုဒ္ဓဘာသာဝင်ကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
သစ္စာတစ်ရားလေးပါးကို သိမြင်ပြီး ဘုရားဟောကြားတော်မူခဲ့သော တရားဒေတနာ တော်များနှင့်အညီကျင့်ကြံနေထိုင်ပြီး သူတစ်ပါးတိုက်တွန်းချက်မပါဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဒ္ဒါတရား သုံးပါးပြည့်စုံ စွာဖြင့် စိတ်အားထက်သန်စွာလှုဒါန်း ပေးကမ်းသောသူကို ပညာဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
သတ္တ၀ါအားလုံးကျန်းမာ၊ချမ်းသာကြပါစေ။
သင့်ရဲ့အရေးကြီး folder ကို software မလိုဘဲ lock ချကြ၇အောင်

မင်္ဂလာပါ မိတ်ဆွေတို့.....
သင်တို့ရဲ့ အရေးကြီးတဲ့ data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေခြင်ဘဲဝှက်ထားခြင်ပေမယ့်
software မရှိလို့အခက်တွေ့နေပါသလား? ဘာ software မှ မလိုဘဲ သင့်ရဲ့ personal data file ကို lock ချလို့ရပါပြီ။(သိပြီးသောဆရာ့ ဆရာကြီးများမပါ)။
ကျွန်တော်အတတ်နိုင်ဆုံး ရှင်းအောင်းရေးသားပေးပါ့မယ်။အဆင်မပြေပါက ပြန်လည်မေးမြန်းနိုင်ပါတယ်။
အဆင့် ၁- desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် folder အသစ်တစ်ခုဆောက်ပါ။
အဆင့် ၂-ဆောက်ထားတဲ့ floder ကိုဖွင့်ပါ။ပြီးရင် အဲ folder အထဲမှာ notepad (တနည်းအားဖြင့်)text document တစ်ခုအသစ်ဆောက်ပါ။အဲဒီ note pad ထဲကို အောက်မှာပေးထားတဲ့ code တွေကိုကူးထည့်ပါ။
lock ချခြင်းအပိုင်း
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End
အဆင့် ၃- ကူးထည့်ထားတဲ့ code တွေရဲ့ ၂၃ ကြောင်းမြောက်မှာ အနီရောင်နဲ့ကျွန်တော်ပြထားတဲ့ your password ဆိုတဲ့နေရာမှာ သင့်ပေးခြင်တဲ့ password ကိုအစားထိုးပါ။
အဆင့် ၄-ပြီးရင် mystore.bat ဆိုပြီး save ပါ။(mystore ဆိုတဲ့နေရာမှာသင်ပေးခြင်တဲ့အမည်ပေးလို့ရပါတယ်။ နောက်က .bat ဖြစ်ဖို့သာအရေးကြီးပါတယ် )။
အဆင့် ၅- အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ mystore ဆိုတဲ့ file တစ်ခုကိုတွေ့ရပါမယ်။အဲဖိုင်ကို double click ခေါက်လိုက်ပါ။
အဆင့် ၆-အဲအချိန်မှာ သင့်ရဲ့ folder ထဲမှာ Private ဆိုတဲ့ file နောက်တစ်ခုပေါ်လာပါမယ်။ အဲဒီ Private ဆိုတဲ့ file ထဲကို သင်ဝှက်ထားခြင်တဲ့ file ကိုထည့်လိုက်ပါ။ပြီးရင် အဲဒီ Privare file ကို ပြန်ပိတ်လိုက်ပါ။
အဆင့် ၇-ပြီးရင် စောစောက mystore ဆိုတဲ့ file ကို double click ပြန်ခေါက်လိုက်ပါ။
အဆင့် ၈-အဲအချိန်မှာ cmd command box လေးနဲ့ Are You sure want To Lock Folder<Y/N> ဆိုပြီး ပေါ်လာပါမယ်။ lock ချမှာသေချာတယ်ဆိုရင် Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။မသေချာသေးဘူးဆိုရင် N ကိုရိုက်ပြီး enter ခေါက်ပေါ့။(ခုတော့ Y ကိုရိုက်ပြီး enter ခေါက်လိုက်ပါပြီ)။အဲအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ်။
အဆင့် ၉-သင့်ရဲ့ folder ကိုအောင်မြင်စွာ lock ချပြီးပါပြီ။
ပြန်ဖွင့်ခြင်းအပိုင်း
အဆင့် ၁-သင်သိမ်းထားတဲ့ folder ကိုဖွင့်ပြီး အထဲမှာရှိတဲ့ mystore ဆိုတဲ့ file ကို double click ခေါက်လိုက်ပါ။
အဆင့် ၂- cmd command box လေးနဲ့ enter password to unlock folder ဆိုပြီး တက်လာပါမယ်။ သင်ပေးထားတဲ့ password ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ သင့်ရဲ့ Private ဆိုတဲ့ folder ပြန်ပေါ်လာပါမယ်။
စကားချက်။ ။ဒီနည်းက လုံခြုံမှုရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ်။သင့်အတွက်အရေးကြီးတဲ့ data တွေသိမ်းမယ်ဆိုရင်တော့ဒီထက်ပိုလုံခြုံ တဲ့software တွေသုံးတာပိုကောင်းပါတယ်။ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီးသိမ်းတာအကောင်းဆုံးနည်းလမ်းပါပဲ။ အားလုံးပဲ data ပျောက်ဆုံးခြင်းမှကင်းဝေးကြပါစေ။
30 August, 2012
အချစ် ကွမ်းယာ
မင်းကတန်ဖိုးမထားခဲ့..
ငါပြောတဲ့ခံစားချက်ကို
korea ကားလောက်မင်းစိတ် မ၀င်စား...
ငါဆိုပြတဲ့အချစ်သီချင်းတစ်ပုဒ်က
Hip Hop တစ်ကြောင်းလောက် ရသမမြောက်ခဲ့...
ငါ့အပေါ်ထားတဲ့ မင်းသံယောဇဉ်
Tissue တစ်ရွက်လောက်မနူးညံ့ဘူး..
ဒါတွေကြောင့်လည်း ငါ့အပေါ်ထားတဲ့
မင်းရဲ့ချစ်စိတ် ကိုမုတ်ဆိတ် ရဲ့
နှပ်ဆေး တစ်ယာလောက်တောင်
ငါ့ကို မယစ်မူးစေပါဘူးကွာ...................
computer ပြူတင်းပေါက်ကိုခိုးဝင်နိုင်တဲ့ mr.kon boot ရဲ့အကြောင်း
Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ ကျွန်တော်ကသူများcomputerကိုခိုးဝင်နိုင်ဖို့နည်းပေးတာမဟုတ်ပါဘူးနော်။ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို မိတ်ဆွေတို့ကိုသိစေချင်တာပါ။သိပြီးသားဆိုရင်တော့မိတ်ဆွေရဲ့အချိန်ကုန်ခံပြီးဆက်မဖတ်ပါနဲ့တော့ပေါ့နော်။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။
Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password မတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။
အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။
Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။
Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7
ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်
Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97
ဘယ်လိုကာကွယ်မလဲ
သိထားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါ။
စကားချပ်
kon boot ဘယ်လိုသုံးလဲသိခြင်သလား?
ဘယ်လိုအလုပ်လုပ်လဲသိခြင်သလား?
ဘယ်မှာရနိုင်မလဲသိခြင်သလား?
လိုတိုင်းတရနိုင်တဲ့ google ကြီးထဲကို kon boot လို့ရိုက်လိုက်ရင်မိတ်ဆွေသိခြင်တဲ့ mr.kon boot အကြောင်းဖြေပေးမယ့်siteတွေ
အလုအယက်တတ်လာပါလိမ့်မယ်။
ရှာရမယ်ပျင်းတယ်ဆိုရင်တော့အောက်က link ကိုသာ click လိုက်
ငါအရမ်းပျင်းနေတယ်
ဒီနေရာကတော့kon bootကို mediafire မှာကျွန်တော်တင်ထားတဲ့နေရာပါ။အဲကနေလည်းယူနိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ။
17 August, 2012
ပွင့်သောပန်းတိုင်းလန်းပါစေ
တိုင်းရင်းသားတို့ရိုးရာဓလေ့နှင့်ဖြစ်ပေါ်လာသောစီးပွားရေးအခြအနေ
ဝေးလံခေါင်ဖျားတဲ့ဒေသမှာနေထိုင်တဲ့ ချင်းလူမျိုးစုဝင်တစ်ချို့ဟာ နိုင်ငံကြီးဘာဖြစ်နေတယ်ဆိုတာမသိကြပါဘူး။သူတို့ရဲ့ အိမ်ခြေစုကျေးရွာလေးကသူတို့တိုင်းပြည်၊ဆယ်ဂဏန်းလောက်ရှိတဲ့အိမ်ခြေလေးနဲ့ဖွဲ့စည်းထားတဲ့သူတို့ကျေးရွာစုကိုသူတို့ကမ္ဘာဆိုပြီးမှတ်
ယူနေကြတယ်လို့ စာအုပ်တစ်အုပ်မှာဖတ်ဖူးပါတယ်။ဟုတ်ပါတယ် ရှေးယခင် ရှင်ဘုရင်တွေလက်ထက် ချင်းအမျိုးသမီးတွေဟာ ရှင်ဘုရင်တွေ တော်ကောက်မှာကြောက်လို့ အရွယ်ရောက်လာရင် ပါးမှာပါးမဲ(Tatto)ထိုးလာကြတာ ယနေ့အချိန်ထိပါပဲ။ဒါဟာ ရီုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတာ မှန်ပေမယ့် အကြီး ကြီးပြောရရင်လူ့အခွင့်ရေးတစ်ရပ် ဆုံးရှုံးနေရတာလို့ကျွန်တော်မြင်ပါတယ်။
လုံရူးပွဲတော် ဆိုတာ နွာနောက်တွေ သတ်ပြီး နတ်ကောင်းနတ်မြတ်တွေပူဇော်တဲ့ပွဲပါ။
အဲဒီပွဲတော်မှာ ကောက်ပဲသီးနှံတွေအထွက်ကောင်းအောင်ဆုတောင်းပြီး နတ်ကောင်းနတ်မြတ်တွေဆီက မျိုးစေ့တွေတောင်းခံတဲ့ပွဲပါ။
လုံရူးပွဲတော် ကိုယခင်က(၇)ရက်တိုင်တိုင် ကျင်းပခဲ့ပေမယ့်ယခုတော့(၃)ရက်သာကျင်းပနိုင်ကြပါတယ်။လုံရူး ပွဲတော်မှာ နွားနောက်တွေကို အနည်းဆုံး(၃-၄)ကောင်ကနေယခုဆို ဂုဏ်ပြိုင်ပြီး(၆-၉)အထိ သတ်ပြီးကျင်းပလာကြပါတယ်။အဲလိုအများကြီး သတ်နိုင်လေ သူတို့လူမျိုးတွေအကြား ပိုပြီးဂုဏ်ရှိလေဆိုပြီးယူဆထားကြပါတယ်။
အဲလို လုံရူးပွဲတော် ကျင်းပတဲ့သူဟာ ပွဲတော်ပြီးရင် မိမိရဲ့ အိမ်ခြံဝင်းထဲမှာ ခေါင်တိုင်(ကျွန်းတိုင်ကိုဆေးအမဲသုတ်ပြီး)ကိုစိုက်ထူခွင့်ရပါတယ်။တစ်ခါကျင်းပရင် တစ်တိုင်စိုက်ထူခွင့်ရပါတယ်။ပြီးတော့ပွဲတော် မှာသတ်ခဲ့တဲ့နွားနောက်ခေါင်းတွေကိုလည်း အိမ်ရှေ့ခန်း(ဧည့်ခန်း)ထဲမှာလဲ ကျက်သရေဆောင်ပစ္စည်းအဖြစ် ဂုဏ်ယူစွာချိတ်ဆွဲထားကြပါ။
ဧည့်ခံခြင်းကိုခံရပါတယ်။အဲလို ခေါင်ပွဲ တွေကိုကျင်းပထားတဲ့သူဟာ ဘာသာရေးပွဲ၊သာရေး၊နာရေး ပွဲတော်တွေကျင်းပတော့မယ်ဆိုရင်လည်း သူနဲ့ နီးစပ်တဲ့ဆွေမျိုးသားချင်း တွေကသူ့ကို နွားနောက်တွေ ကူပြီးပေးရပါတယ်။ချင်းလူမျိုးတွေရဲ့ပွဲတော်တွေ မှာ နွားနောက်တွေကမပါမဖြစ်ပါ။တစ်ချို့ ချင်းလူမျိုးတွေဟာ ကိုယ်တိုင်ပွဲတော် တွေမကျင်းပနိုင်တဲ့ အပြင် နီးစပ်ရာဆွေမျိုးသားချင်းတွေရဲ့ ပွဲတော်တွေမှာ အကူ(နွားနောက်)တွေပေးရင်းချာချာလည်
အောင်ဆင်းရဲလာကြပါတယ်။မရှိလဲ ဓလေ့ထုံးစံ အရ ရှာဖွေချေးငှားပြီး ပေးရပါတယ်။နောက်ပြီး သယံဇာတနည်းပါးပြီး၊စိုက်ပျိုးရေးတစ်ခုထဲကိုသာ အားထားနေရတဲ့ ချင်းလူမျိုးတွေဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ထင်သလောက် စီးပွားမဖြစ်ထွန်းကြပါဘူး။အိမ်ခြံဝင်းထဲမှာ အဖိုးလက်ထက်က(၆)တိုင် အဖေလက်ထက်(၉)တိုင် စိုက်ထူခဲ့တဲ့ခေါင်တိုင်တွေကို ကြည့်ပြီး ခေတ်ပညာတတ် ချင်းလူမျိုးကျေင်းဆရာတစ်ယောက်က "ဒီလိုတိုင်တွေအများကြီးစိုက်ထူနိုင်တဲ့
အိမ်တွေဒီဒေသမှာ အများကြီးမရှိပါဘူး။(၃)အိမ်ပဲရှိပါတယ်။
ကျွန်တော်ကတော့ ဒီတိုင်တွေကိုကြည့်ပြီးဂုဏ်မယူနိုင်တဲ့အမြင်တောင်က်သေးတယ်။အဲဒီတိုင်တွေကြောင့်ကျွန်တော်တို့စီးပွားရေးတွေကျဆင်းခဲ့ကြတယ်။
အဖိုးတို့၊အဖေတို့ ဟာ တစ်နှစ်ပတ်လုံးကုန်းရုံးလုပ်ပြီးရှာထားသမျှ အဲဒီတိုင်တွေစိုက်ဖို့ပွဲတော်ပေးတာနဲ့ ကုန်တာပဲလို့"ပြောခဲ့တာကိုကျွန်တော်သတင်းတစ်ပုဒ်မှာဖတ်ဖူးပါတယ်။ဟုတ်ပါတယ် တိုင်းရင်းသားတွေဟာ ရိုးရာပွဲတော်ကို ကျင်းပနိုင်ဖို့ တစ်နှစ်ပတ်လုံးကြိုးစားကြရပါတယ်။တစ်နှစ်နဲ့မရရင် (၂-၃)နှစ်ကြိုးစားစုကြရပါတယ်။အဲဒီလို စီးပွားရေးက အဆင်မပြေတဲ့
အကြား လူမျိုးစုတွေ အကြားဂုဏ်မငယ်အောင် ရိုးရာဓလေ့ပွဲတော် တွေကျင်းပ၇င်းနဲ့ တိုင်းရင်းသားတွေ ဟာ စီးပွားရေးကျဆင်းမှန်းမသိ
ကျဆင်းလာပြီး ဆင်းရဲမှုတွေကိုပိုမိုကြုံတွေ့လာရပါတယ်။တိုင်းရင်းသား ရိုးရာဓလေ့တွေကို ထိမ်းသိမ်းတာဟာ ကောင်းတဲ့အစဉ်အလာဖြစ် ပေမယ့် တစ်ဦးနဲ့တစ်ဦးဂုဏ်ပြိုင်ကျင်းပလာရင်တော့ မကောင်းတော့ပါဘူး။ဂုဏ်ပြိုင်မှုတွေမပါဘဲ ကိုယ့်တတ်နိုင်တဲ့ အချိန်မှာကျင်းပကြရင်တော့ အဖြေကတစ်မျိုးပြောင်းလဲသွားမယ်လို့ထင်ပါတယ်။
ကျွန်တော်ကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံတွေအဓွန့်ရှည်တည်တန့်ပြီးတိုင်းရင်းသား တို့ရဲ့ စီးပွားရေးအခြေအနေတွေလည်း ခေတ်နဲ့အညီတိုးတက်ကောင်းမွန်ပါစေလို့ ဆုတောင်းရင်.........
12 August, 2012
မော်ဒန် သင်ပုန်းကြီး
က လုန်းအကြောက်ဆုံး (အတုဆိုဘာမှမကောင်း)
ခ လုတ်တိုက်သတိငိုက်(အရာရာတိုင်းကိုသတိထားပါ)
ဂ ဏန်းစွေကန်းကန်း(ဘုကလန့်လူနဲ့တူတယ်)
င ထွေးရူးထန်းရည်မူး(ပုခံခေတ်ကသူရဲကောင်းပေါ့)
စ ပုရိန်လိန်တိန်တိန်(ရှုံ့ချည်၊ဆန့်ချည်နဲ့အပြောင်းအလဲလွယ်တဲ့သူ)
ဆ လံပြရပြန်(လောကကြီးရဲ့ဓမ္မတာအရ မပြုမဖြစ်အချက်)
ဇ လုံကြီးအ၀တီး(အလွန်စားလို့ကောင်းတဲ့ထမင်းဆိုင်)
ည ကမှောင်မှောင်ခွေးတွေဟောင်(သမီးရှင်များသတိထားရမည့်အချိန်) တ ယောအိုအသံချို(လိုခြင်တာရှိလို့ချစ်သူကောင်လေးကိုပူဆာတဲ့ကောင်မလေးအသံ)
ထ ဘီရှားလေပြီ(ထဘီအစား စကပ်တိုများနေရာဝင်ယူလာသောအခါ) ဓ နုပြည်အလွန်စည်(သွားလည်ကြည့်ပါ) န နွင်းအရောင်ဝါကြောင်ကြောင်(သင့်မိန်းမကိုယ်ဆောင်ရင်ဆောင်ထားသင့်တဲ့အရာ)
ပ လုံ ပိုက်ဆံကုန်(၂/၃ လုံးထီသမားတွေလက်သုံးစကား)
ဖ ရိန်စောင်းကြည့်မကောင်း(အံဝင်ခွင်ကျမဟုတ်ရင်ဘယ်အရာမှမကောင်း)
ဗ လီတက်သံအလွန်ညံ(မြေနီကုန်းကသူတွေအသိဆုံးပါ)
ဘ ရာဇီယာဆိုဒ်စုံလာ(ကောင်မလေးတွေအသိဆုံးပါ)
မ မုန်းနဲ့ဦးအချစ်ဆုံး(ရီးစားနဲ့ရန်ဖြစ်ရင်အရင်ဆုံးပြောရမယ့်စကား)
ယ မင်းလှပခြင်း(ကောင်မလေးချောချော)
ရ လေလိုလေအိုစ္ဆေ(လောဘရဲ့သဘော)
လ မင်းပုံရိပ်အေးချမ်းနိမိတ်(ငြိမ်းချမ်းခြင်းသင်္ကေတ)
ဝ တုတ်ကြီးအဲလက်(ပ်)ညဉ်း (အဲလက်(ပ်)ရဲ့သီချင်းတစ်ပုဒ်)
သ ဇင်ပန်းတော်ဝင်နန်း(တော်ဝင်သဇင်ပန်း)
ဟ တဲ့နေရာပြန်စေ့ပါ(တစ်လွဲမတွေးပါနှင့်)
အ မွေရပျော်သဟ(သင်ရလျှင်သိမယ်)
အားလုံးကိုကျေးဇူးတင်ပါတယ်။
19 May, 2012
IT ခေတ်ရဲ့စေတန်(သို့)VIRUS HISTORY
သိပြီးဖြစ်မှာပါ။ယခု IT ခေတ်ကြီးထဲတော့လူတွေတင်မကဘူးဒုတိယလူသားမျိုးဆက်ဖြစ်တဲ့ computer တွေကိုစိတ်ဒုက္ခသာမက
အမျိုးမျိုးနှောက်ယှက်နေတာကတော့အားလုံးသိတဲ့ virus အမျိုးမျိုးပါဘဲ။ဒါကြောင့်ဒီသူတောင်းစား virus တွေကို IT ခေတ်ရဲ့စေတန်
လို့အမည်နာမသမုတ်မိမယ်ဆိုရင်ကျွန်တော်မှားသွားလား?
ဟုတ်တယ်လေဒီကောင်တွေကပျော်ရွှင်စေဖို့ဖန်တီးထားကြတဲ့ talker voice ကစလို့ wed aera တွေကိုဝါးမျိုးနိုင်ကြတဲ့ကောင်တွေ
အထိအားလုံးကကျွန်တော်တို့ကိုဒုက္ခရောက်စောကတာမဟုတ်လား။ကဲ ကဲဒီကောင်လေး ဆရာကြီးလေရှည်တယ်ပြောကုန်ကြတော့မယ်။
တော်ပါပြီ။လေမရှည်တော့ပါဘူး။ဒီတော့ကျွန်တော်လေ့လာ၊ဖတ်သားဖူးတာလေးကိုပြန်ဝေမျှလိုက်ပါတယ်။
ဒီထက်ပိုသိခြင်တယ်ဆိုရင်ပေးထားတဲ့ link တွေကနေလေ့လာနိုင်ပါတယ်။
ယခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးနော်။
၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့.
၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..
၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)
၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...
၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :Dအချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D
၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...
ကျောင်းသားပုံပြင်
15 May, 2012
ဘ၀အတွက်မှတ်သားစရာလောကီပညာ
တစ်နေ့သောအခါ ကျွန်ုပ် သည် ပန်းခြံထဲတွင်အတွဲချောင်းရန်အဆင်မပြေသဖြင့် ဘူနေရာမှစိတ်ညစ်ညစ်ဖြင့်အိမ်သို့ ဘတ်စ်ကားစီးပြီးပြန်လာခဲ့ပါတယ်။စိတ်ညစ်ညစ်ဖြင့် ဘတ်စ်ကားပေါ်တွင် အာဘောင်အာရင်း သန်သန် ဖြင့်အော်ရောင်းနေသော ဘ၀တစ်သက်တာမှတ်သားစရာလောကီပညာအဖြာဖြာ ဆိုတော့စာအုပ်ကို ၁၀၀ကျပ် ပေးပြီးဝယ်ဖတ်မိပါသည်။အနှီ ၁၀၀ တန်စာအုပ်ကို ကျွန်ုပ် ဖတ်မိပြီးသကာလ တတ်သည့်ပညာမနေတာဆိုသလို ယခုလိုဝေမျှပေးလိုက်ရခြင်းဖြစ်ပါသည်။ဆရာကြီးတစ်ယောက် လိုင်းပြောင်းသွားပြီလားဆိုပြီး မဝေဖန်ကြပါနဲ့နော်။ဆရာကြီးက အခု ဂမ္ဘီရဆရာကြီးဖစ်တွားပီ(ဟီဟိ ငါကွ)။အနှီ ၁၀၀ တန်စာအုပ်တွင် အကြောင်းအရာများစွာပါသည့်အနက်မှအချို့အကြောင်းအရာတွေကိုရေးသားလိုက်ရပါသည်။
မပေါင်းသင့်သောလူ(၆)မျိုး
၁။ ဂဏန်း=ပေကပ်ကပ်နှင့်လောကကြီးကိုအရွဲ့တိုက်တတ်သောသူ။
၂။ပုတ်သင်=အယုံလွယ်ပြီးပြောတိုင်းခေါင်းညိတ်တတ်သောသူ။
၃။ဝါးပင်=ဟိုဘက်ဒီဘက်ယိမ်းပြီးနှစ်ဖက်ချွန်လိုလူ။
၎။လိပ်မျိုး=ကိုယ့်ဘက်ကိုယပ်တဲ့သူ။
၅။နွားသိုး=ဂမူးရူးသိုးနဲ့ရန်လိုတတ်တဲ့သူ။
၆။ခွေးအ=အကျင့်မကောင်းတဲ့သူ။
အိမ်မှာမမွေးသင့်သောသတ္တ၀ါ(၉)မျိုး
၁။ခွေးအကြောင်
၂။ကြောင်အနက်
၃။ကြက်ပြာ
၎။ကြက်ညို
၅။ခိုအပြာ
၇။နွားနှမ်း(ရူးနေသာနွား)
၈။ဟိုင်းဆင်
၉။ကျွဲအဖြူ
ဒီသတ္တ၀ါတွေမွေးရင်ခိုက်တတ်တယ်တဲ့။ဘယ်လိုခိုက်လဲ အနော်လဲမသိဘူး။
ဒါလေးကတော့ လောကီပညာလက်နှိပ်ကျမ်း ထဲကပါ
ခဏခဏ ညောင်းတတ်တဲ့သူတွေ၊မိမိရဲ့ ကြင်ယာဖက်ကိုပြုစုခြင်တဲ့သူတွေ၊မာဆက်ခဏခဏတွားနေတဲ့ ကိုကိုတွေလဲပိုက်ဆံကုန်သက်သာစေဖို့အလို့င်္ငာ စေတနာဖြင့်.......
ခေါင်းကိုက်၊ဇက်ကြောတက်သော်
၁။လက်ဝဲဒူးဖျားအထက် လက်လေးလုံးခန့်နေရာကို တံတောင်ဖြင့်ထောင့်မွေပြီးနှိပ်ပါ။
၂။နားရွက်နှစ်ဖက်နောက်နှင့်မေးရိုး၊နားထင်၊မျက်မှောက်ရိုး၊လက်ပြင်အညွန့်အဖုနောက်ရှိအကြောများကိုလည်းကောင်း လက်ညိုးကိုအသာဖေးပြီးလက်မဖြင့် ဖြည်းဖြည်းခြင်းဖိနှိပ်ပါ။
တမိုင်မိုင်မူးဝေသော်
နောက်စေ့ ဂုတ်စောင်းနှစ်ဖက်ကိုလည်းကောင်း၊မျက်ခုံရိုး မျက်မှောင်ကြားနှစ်ဖက်ကို လက်ညိုး၊လက်မဖြင့် ညှပ်ပြီးဖြည်းဖြည်းခြင်းနှိပ်ပါ။
လေပူထိုး၊လေပူထပြီးရင်ကျပ်သော်
နား၊နောက်ရိုးကို လက်မဖြင့်ထောက်ပေးပါ။
တကျည်းအောက်လေရောက်သောနေရာကို လက်ဝါးစောင်းဖြင့်ဖိနှိပ်ပါ။
ရင်ဝဘ၀င်ကိုလက်ဖြင့်ဖိလျှက် အပိုပျှံ့နှံ့စေပြီးလျှင်ကျောကတဖန် လက်ဖနောင့်ဖြင့်ဖိကာ လက်ပြင်ကိုလက်မနှင့်ဖိနှ်ပ်ပေးပါ။
ရင်ဆို့ရင်ကျပ်သော်
လက်ဝဲ၊လက်ယာ လက်မောင်းဆက်နှစ်ဖက်အတွင်း၊သားမြတ်အတွင်း၊ရင်သားနုကိုလက်မဖြင့်အသာနှိပ်ပေးပါ။
နံဘေးမှလည်းကောင်း ကျောမှလည်းကောင်း လက်ဖနောင့်ဖြင့်ဖိကာဖိကာနှိပ်ပေးပါ။
လက်သေ၊လက်ကပ်သော်
ရင်သားအထက်လက်လေးလုံးခန့်နေရာကို လည်းကောင်း၊ရင်ဝအောက် မောင်းကွေးကြားတွင် လည်းကောင်း လက်ဖြင့်ထောက်ကာထောက်ကာနှိပ်ပေးပါ။လက်မောင်းရင်းမှစပြီးလက်ဖျားတိုင်ေ၇နွေးပူကပ်ပေးပါ။
လက်ဝါးဖြင့်ဆုပ်နယ်ပေးပါ။
ရင်အောင့်၊နံကြားအောင့်သော်
ဘေးတစ်ဖက်တစ်ချက်ကို၊လက်ဖနောင့်ဖြင့် ဖိကာဖိကာ နှိပ်၊ချက်အောက် လက်သုံးခန့်ဆီးချိုင့်အထက်ကိုလက်ဝါးနှင့်အုပ်ပြီးနိုပ်၊လက်ရုံး၊ပခွုးနှစ်ဖက်ရှေ့ ရင်ဘက်စွန်းကနေ ရင်အုံအထိ တပြင်လုံးနိုပ်နယ်ပေးပါ။
ခြေလက်မသယ်နိုင်အောင်ညောင်းသော်
ဒူးများကို တတောင်ဖြင့်နာနာထောင်းပြီ၊လက်မောင်းရှေ့နှစ်ဖက်ကိုခပ်ဆပ်ဆပ် နိုပ်ပေးပါ။
ညောင်းပြီးအိပ်မပျော်သော်
ပေါင်ခြံမှသည်ဒူးအောက်အထိ အကြောကိုဖိနယ်ပေးပါ။ခြေဖနောင့်ကိုသာယာစွာဖိလျှက်နားရင်းကိုလက်ဝါးစောင်းဖြင့်ခုပ်ပေးပါ။
ခါးနာခါးကိုက်သော်
ခြေဖမိုးကနေဒူးဆစ်အထိ ရှေ့ညို့သကျည်းတစ်ဖက်တစ်ချက်အတွင်းလက်မဖြင်တြောက်ကာထောက်ခါနီုပ်ပေး။
တင်ပါးခွက်အတွင်းတံတောင်ဖြင့်နာနာတေ၊နာနာထောင်းမွှေပါ၊
ခါးနောက်ရိုး၊နောက်ကျောရိုးကို လက်ညိုး လက်မဖြင့်အကြောများသွေးပူလာအောင်နိုပ်ပေးပါ။
အထက်ပါလက်နိုပ်နယ်နည်းကိုရှေးမြန်မာမင်းများလက်ထက်က အနိုပ်ဆရာများကျင်သြုံးသောနည်းဖြစ်ပါသည်။အနည်းငယ်ရိုင်းစိုင်းသောစကားလုံးများပါလျှင်သီးခံပေးပါ။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ပုံ/ ဆရာကြီး
05 May, 2012
တိုတက်လာသောမြန်မာ့ယဉ်ကျေးမှု

ရှာဖွေခဲ့ကြပြီး အသားတွေကိုမီးနဲ့ကင်ပြီးစားလို့ရတာ၊လက်နက်တွေသုံးလို့ရတာစတာတွေကိုရှာဖွေတွေ့ရှိပြီးအသိဥာဏ်တွေလည်းပိုမို
ရှိလာကြပါတယ်။အသိဥာဏ်ရင့်လာသည်နှင့်အမျှလူတွေကရှက်တတ်လာကြတယ်။ဒါကြောင့်မိမိရဲ့အရှက်တရားအတွက်အ၀တ်တွေဝတ်
ဆင်လာကြတယ်။အဲဒီခေတ်ကချည်မျှင်တွေမရှိသေးလို့ သားကောင်တွေရဲ့အရေခွံတွေကိုအ၀တ်အထည်အဖြစ်ဝတ်ဆင်ခဲ့ကြပါတယ်။
အဲလိုခေတ်တွေပြောင်းလာပြီးချည်ထည်၊ပိုးထည်၊နိုင်လွန်၊သိုးမွှေးစတဲ့ချည်မျှင်တွေပေါ်ပေါက်လာပြီးယဉ်ကျေးမှုတွေထွန်းကားလာခဲ့ပါတယ်
ကျွန်တော်မြန်မာ့ပြည်ဟာဆိုရင်လည်းယဉ်ကျေးမှုတွေတစ်ခေတ်ပြီးတစ်ခေတ်ထွန်းကားခဲ့ပါတယ်။ထိုင်မသိမ်း၊ရင်ဖုံး၊တောင်ရှည်ပုဆိုး၊
မောင့်ကျက်သရေခေါင်းပေါင်းတွေဝတ်ဆင်ရာမှ ခေတ်တွေပြောင်းလာပြီးရာသီဥတုနှင့်နေ့စဉ်လှုပ်ရှားသွားလာမှုအတွက်ဝတ်စားဆင်ယင်ပုံ
တွေပြောင်းလဲခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာမှာမြန်မဟေ့ လို့ကြွေးကျော်နိုင်အောင်ယဉ်ကျေးမှုထွန်းကားခဲ့ပါတယ်။


မ၀တ် အင်္ကျီတွေလိုလို ကျားဝတ်လိုလိုတွေဝတ်ပြီး ယောက်ျားတို့ဖုန်းလက်ရုံးနဲ့ မိန်းမတို့ဖုန်းဆံထုံး ကိုမှာပြီးဆံပင်အရှည်တွေနှင့်ဖုန်းကံ
ကြီးသယောင်ပြုဆောင်နေကြပါတယ်။အမျိုးသမီးတွေဆိုရင်လည်း ရှေးမြန်မာအမျိုးသမီးတွေဟာခြေမျက်စိပေါ်မှာတောင်
ကြောက်ကြပါတယ်။ယခုအချိန်အခါမှာတော့မပေါ်မှာစိုးလို့အတင်းကာရောဝတ်ပြီးဖော်နေကြပါတယ်။အဲဒါမှလည်းခေတ်မှီတယ်လို့ထင်နေကြပါတယ်။


ဟုတ်ပါတယ် အဲလိုဝတ်တော့လည်းကျွန်တော်ကထိုင်ကြည့်နေယုံပါပဲ။ဒါပေမယ့် ကျွန်တော်တစ်ခုလောက်မေးကြည့်ခြင်ပါတယ်။
အဲဒါဘာယဉ်ကျေးမှုလဲလို့။မိတ်ဆွေက ဘာယဉ်ကျေးမှုဖြစ်ဖြစ်မင်းနဲ့ဆိုင်လားလို့ပြန်ပြောမယ်။မှန်ပါတယ် ဒါပေမယ့် ကျွန်တော်ကြားဖူးတယ် "မြေမြိုပြီးလူမျိုးမပျောက်လူမျိုးပျက်မှလူမျိုးပျောက်မည်" ကျွန်တော်တို့ကမြန်မာပြည်မှာနေတဲ့မြန်မာလူမျိုး
တွေပါ။မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် လူမျိုးလို့ပြောလိုက်ရင်အားလုံးနဲ့ဆိုင်လာပါပြ